.

|မူလစာမျက်နှာ | သတင်း | ဆောင်းပါး | Ebook | သီချင်း | ဗွီဒီယို | ကဗျာ | အထွေထွေ | ထုတ်ပြန်ကြေငြာချက် | ဆက်သွယ်ရန် |

Friday, December 13, 2013

Monday, September 30, 2013

မရေရာတဲ့လမ်း

မီးလောင်နေတဲ့ ပင်လယ်ပြင်ရယ်...
စပါးပင်တွေ ပေါက်နေတဲ့ မိုးကောင်းကင်ရယ်...
ဘောလ်ပင်မရှိတဲ့ ကျောင်းသားလေးရယ်...

ပြီးတော့...
သူတို့အပေါ်က နေမင်းကြီးကို
နွားကျောင်းသားလေးက
ကျည်ဆံမဲ့ လေးဂွနဲ့ တအားပစ်လို့...
ပြင်းလိုက်တဲ့ လက်သံ
နာရီလက်တံတွေတောင်
ဝင်္ကပါထဲမယ် မျက်စိလည်တယ်...။

သူတို့မမြင်ရတဲ့ နှင်းစက်လေးတွေက
မြေပြင်ပေါ် ၀ုန်းကနဲ ခုန်ချရင်း
တမိုးကြီးချုပ်လို့ အတွေးတစ်ထုပ်နဲ့
မျက်စိလည်နေတဲ့ ကျုပ်ကို သတိပေးသွားသေး...။

"တွေဝေမနေနဲ့ ဟေ့လူ''
ခင်ဗျားလျှောက်ရမဲ့လမ်းက မနည်းဘူးနော်တဲ့"

ကျုပ်လဲ...
ရေကြည်တခွက်ရဖို့အတွက်
အတွေးကမ္ဘာထဲကနေ လန့်နိုးသွားတယ်။


လင်းထင်
၃၀။ ၉။ ၂၀၁၃

Wednesday, September 18, 2013

လူမှုဆက်သွယ်ရေးကွန်ရက်၏ သက်ရောက်မှု

18 September 2013 at 16:36
ယနေ့ကမ္ဘာသည် မယုံနှိုင်လောက်အောင်ပင် ဆက်သွယ်မှု နည်းပညာဆိုင်ရာတိုးတက်ပြောင်းလဲမှုများ တဟုန်ထိုးပြောင်းလဲလို့နေပေတယ်။ ဆက်သွယ်မှုနည်းလမ်းတွေဆိုရာမယ် ပုံစံတွေလည်းများပြားပါပေတယ်။ မျက်နှာချင်းဆိုင်ထိုင်ပြီး စကားပြောတာ၊ စာရေးတာ၊ ကတ်ပို့ဆက်သွယ်တာ၊ ဖုန်းနဲ့စာကားပြောတာ၊ အီးမေးလ်ပို့တာ၊ ဖုန်းထဲကနေ (Text message) ပို့တာ၊ (Instant message) လို့ခေါ်တဲ့ အင်တာနက်ကတဆင့် စာဖြင့် အပြန်အလှန်ပြောတာ၊ အင်တာနက် ဗီဒီယိုသုံးပြီး အပြန်အလှန်စကားပြောတာ (Video chat) နှင့် ယနေ့ခေါတ်အစားဆုံးဖြစ်တဲ့ အင်တာနက်လူမှုကွန်ယက် (Social network) ဖြင့်ဆက်သွယ်တာတွေဖြစ်တယ်။

တယောက်နဲ့တယောက် အဆက်အသွယ်ရဖို့ ဒီလောက်များတဲ့နည်းလမ်းတွေ တခါမှမရှိခဲ့ဖူးဘူး။ အဲဒီနည်းလမ်းတွေထဲမှာ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်း ရှိလို့နေပါတယ်။ ခု အဲဒီအားနည်းချက်တွေနဲ့ အားသာချက်တွေကို သုံးသပ်ကြည့်ကြရအောင်။

မျက်နှာချင်းဆိုင်ထိုင်ပြီး (Communication) လုပ်တာဟာ မျက်နှာအမူအယာ၊ အသံအနိမ့်အမြင့်နဲ့ ကိုယ်နေဟန်ထားတွေကို တွေ့မြင်နိုင်သလို၊ တဖက်မှာလည်း နှစ်ယောက်စလုံးတွေ့ဆုံဖို့ဆိုတာ အချိန်ပေးဖို့လိုတယ်။ ထို့နည်းတူ စာရေးတာ၊ ကတ်ပို့တာဆိုတာလည်း ကိုယ့်ကိုဂရုစိုက်တယ်ဆိုတဲ့ ခံစားချက်ကိုပေါ်စေတယ်။ စာရေးဖို့နဲ့ စာရောက်ဖို့ကျတော့ အချိန်လိုတယ်။ အီးမေးလ်ပို့တာကျပြန်တော့ မြန်မြန်ရေးပြီး မြန်မြန်ပို့လို့ရတယ်ဆိုပေမဲ့၊ တဖက်မှာလည်း ခံစားချက်မပါဖြစ်တတ်တယ်။ အလွယ်တကူနားလည်မှုလွဲနိုင်တယ်။

ဒီဆက်သွယ်မှုနည်းလမ်းတွေထဲမယ်.. လူမှုဆက်သွယ်ရေးကွန်ယက်ကတော့ အကောင်းဆုံးနဲ့ အတွင်ကျယ်ဆုံးဖြစ်တယ်လို့ လူတွေ လက်ခံလာနေကြတယ်။ လူမှုဆက်သွယ်ရေးကွန်ယက်တွေ ရာနဲ့ချီရှိနေတဲ့ထဲမှာမှ ယနေ့ ကျွန်တော်တို့ အသုံးများနေကြတဲ့ (Facebook) ကတော့ ရေပန်းအစားဆုံးပါပဲ၊ အဖွဲ့ဝင် သန်း (၁၀၀၀) လောက်ရှိနေပြီ။ အဲကြောင့်လည်း "ဖေ့စ်ဘုတ်က တိုင်းပြည်တခုဖြစ်မယ်ဆိုရင် တရုတ်၊ အိန္ဒိယပြီးရင် တတိယလူဦးရေအများဆုံးနိုင်ငံဖြစ်မယ်" ဆိုပြီး နာမည်ကြီး မဂ္ဂဇင်းတစောင်မှာ ဖေါ်ပြထားတယ်။

ကဲ..ဒါဆို လူမှုဆက်သွယ်ရေးကွန်ယက်ဆိုတာ ဘာလဲ၊ ဘာကြောင့် ဒီလောက် ရေပန်းစားနေရတာလဲ။
လူမှုဆက်သွယ်ရေးကွန်ယက်ဆိုတာ သိတဲ့အတိုင်းပါပဲ ..အင်တာနက်ဝက်ဘ်ဆိုက်တခုဖြစ်တယ်။ ရွေးချယ်ထားတဲ့မိတ်ဆွေတွေကို အချက်အလက်တွေ ဝေမျှနိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နိုင်တဲ့ သိပ်ကိုကောင်းတဲ့နည်းပါပဲ။ ခရီးသွားဓာတ်ပုံတွေ၊ အမှတ်တရဓာတ်ပုံတွေ၊ ထူးခြားပုံတွေ ဖေါ်ပြလို့လည်း အဆင်ပြေတယ်။

လူတွေဟာအချင်းချင်း ဘာကြောင့်များ စာရေးဆက်သွယ်မှု သိပ်မလုပ်ကြတော့တာလဲ။ အရမ်းအချိန်စားတယ်လို့ပဲ ဖြေရမှာပါပဲ။ ဓာတ်ပုံကူးပေးရတယ်ဆိုရင်လည်း ငွေကုန်ကြေးကျများမယ်။ ဖုန်းဆက်ပြန်တော့လည်း ကိုယ်ခေါ်တဲ့အချိန်မှာ တဖက်က လက်ခံဖြေနိုင်တဲ့အနေအထား ရှိချင်မှရှိမှာ။ အီးမေးလ်ကျတော့ရော.. တဖက်က မေးလ်ပြန်လာမလာ၊ ဘယ်အချိန်ဆိုတာ မသိနိုင်ဘူး။

ဒီလူမှုဆက်သွယ်ရေးကွန်ယက်ရဲ့ အားသာချက်ကျတော့ ကိုယ်ဘာလုပ်နေတယ်ဆိုတာ ရေးလိုက်ရုံပဲ။ ကိုယ်က ဖွင့်လိုက်တယ်ဆိုတာနဲ့ မိတ်ဆွေတွေရဲ့ နောက်ဆုံးအချက်အလက်တွေကိုလည်း ချက်ချင်းသိရတယ်။ ပြီးတော့ လူမှုကွန်ယက်မှာ တင်ထားတာတွေက ရောက်တတ်ရာရာ စကားတွေလောက်ပဲ မဟုတ်ဘူး။ ဂျပန်မှာဆူနာမီဖြစ်ပြီးနောက် ဖုန်းလိုင်းတွေပျက်နေတယ်။ အီးမေးလ်ပို့လို့လည်း အဆင်မပြေတဲ့အချိန်။ ဆူနာမီကြုံနေရတဲ့လူတွေဟာ ဆဲလ်ဖုန်းကနေ အင်တာနက်ဖွင့်ပြီး လူမှုကွန်ယက်ကတဆင့် ဖြစ်ပျက်နေတာတွေကို တင်ပေးလို့ စက္ကန့်ပိုင်းမှာပဲ ကမ္ဘာ့နေရာအနှံ့ကလူတွေသိရတယ်။ နောက်ဆုံးအခြေအနေကို စက္ကန့်ပိုင်းမှာပဲ သိနိုင်တယ်။ ဒီလူမှုဆက်သွယ်ရေးကွန်ယက်ဟာ အားသာချက်တွေရှိနေတယ်ဆိုတာ ရှင်းနေပါပြီ။ ဒီတော့ တဖက်မှာ အားနည်းချက်တွေ၊ အန္တရာယ်တွေကော ရှိသလား။ ရှိတယ်ဆိုရင် ဘာတွေလဲ၊ ဘယ်လိုရှောင်ကြရမှာလဲ။ စဉ်းစားကြည့်ကြရအောင်။

ဒီလူမှုဆက်သွယ်ရေးကွန်ယက်ဟာ သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ ဆိုတာကို အရင် စဉ်းစားကြရအောင်။ သင်ဂရုမပြုဘူးဆိုရင် ဒီကွန်ယက်ကတဆင့် သင်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ဓာတ်ပုံတွေ၊ နောက်ဆုံးအချက်အလက်တွေ၊ သင့်သူငယ်ချင်းတွေနဲ့ ဆက်သွယ် ပြောဆိုထားတဲ့ သတင်းအချက်အလက်တွေ၊ နောက်ဆုံး သင်အိမ်မှာရှိ(မရှိဘူး)၊ ဘယ်မှာ ကျောင်းတက်တယ်၊ ဘယ်မှာအလုပ်လုပ်တယ်ကအစ သင့်ကို မကောင်းကြံနိုင်တဲ့လူတွေက သိသွားနိုင်တယ်။ သင့်လှုပ်ရှားမှုတွေကို မကောင်းကြံလိုတဲ့လူတွေ သိသွားရင် သင့်အတွက် သတိမမူရင် အန္တရာယ်ဖြစ်နိုင်တယ်။ ကိုယ့်ရဲ့ ကွန်ယက်စာမျက်နှာကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတာ ကောင်းကောင်းသိဖို့ လိုအပ်တယ်။ ကိုယ့်ရဲ့စာမျက်နှာကို လူတကာမ၀င်နိုင်အောင် ကန့်သတ်တဲ့ ဆက်တင်(Setting) တွေကို ကောင်းမွန်စွာနားလည်ဖို့လိုတယ်။ သင့်ရဲ့အချက်အလက်တွေ၊ ဓာတ်ပုံတွေကို သင်သိတဲ့သူ၊ သင်စိတ်ချရတဲ့သူသာ ကြည့်နိုင်ဖို့ ကန့်သတ်ထားမယ်ဆိုရင်၊ ကိုယ့်လုပ်ရပ်ကိုဂရုစိုက်မယ်ဆိုရင်တော့ လူမှုရေးကွန်ယက်မှာ အတိုင်းအတာတခုထိတော့ လုံခြုံမှုရှိနိုင်ပါမယ်။

လူမှုဆက်သွယ်ရေးကွန်ယက် သုံးတဲ့နေရာမယ်၊ သင့်ရဲ့ကိုယ်ပိုင်အချိန်တွေကိုလည်း သက်ရောက်မှုရှိလို့နေတယ်။ သင့်ရဲ့အရေးကြီးတဲ့ တခြားအလုပ်တွေကနေ သင့်ကို အာရုံလွဲသွားစေနိုင်တယ်။ များများသုံးလေ၊ အချိန်များများကုန်လေ၊ ပိုပိုစွဲလာလေပါပဲ။ မကြိုက်တော့ဘူးဆိုပြီး ရပ်ထားလိုက်ဖို့က တော်တော်ခက်တယ်။ ကွန်ယက်ပေါ်မှာ လုပ်စရာတွေက စုံလို့။ သူငယ်ချင်းတွေရဲ့စာမျက်နှာတွေထဲ ၀င်ကြည့်ဖို့ခဏထားလိုက်။ ဂိမ်းတွေ၊ ဉာဏ်စမ်းတွေ၊ တေးသီချင်း စာမျက်နှာတွေကလည်း အများကြီးပဲ။ သုံးရင်းသုံးရင်း အချိန်တွေဘယ်လိုကုန်မှန်းတောင်မသိလိုက်ဘူး။ ကိုယ်ကတင်ထားတာတွေကို ဘယ်သူတွေတုံ့ပြန်မလဲဆိုတာကို သိချင်လို့ စောင့်ဆိုင်းနေရတာကလည်း ကိုယ့်ကိုယ်ကိုယ် သတိပြုစရာတခုပါပဲ။

သင့်မှာ ဖြုန်းချင်သလောက်ဖြုန်းနိုင်တဲ့အထိ အချိန်တွေမရှိနေနိုင်ပါဘူး။ ဒါကြောင့် ငွေကို ဘယ်လိုသုံးစွဲမလဲဆိုတာ ဘတ်ဂျက်ဆွဲသလိုမျိုး၊ အချိန်ကို ဘယ်လိုသုံးစွဲမလဲဆိုတာကိုလည်း ဘတ်ဂျက်ဆွဲထားဖို့လိုတယ်။ အင်တာနက်ကွန်ယက်တွေ အသုံးပြုမှုတွေကြောင့် သင့်မိသားစုဝင်တွေကြားမှာရှိတဲ့၊ မိတ်ဆွေတွေကြားမှာရှိပြီးဖြစ်နေတဲ့ ရင်းနှီးမှု မပျက်ပြားအောင်လည်း သတိထားရပါမယ်။ "အင်တာနက်ရဲ့ ကပြောင်းကပြန်ဖြစ်စေတဲ့အရာတခုက မိသားစုဝင်တွေ ဝေးနေတဲ့အချိန်မှာ အဆက်အသွယ်ရစေပြီး၊ အတူတူရှိနေချိန်မှာတော့ ဝေးကွာနေစေတယ်" လို့ လူမှုရေးသပ္ပံပညာရှင်တစ်ဦးရဲ့ စာအုပ်တအုပ်မှာ ဖေါ်ပြထားတာ ဖတ်ဖူးတယ်။

အရင်ဆုံး အင်တာနက်မှာ ဘယ်လောက်ပဲ အချိန်သုံးသင့်တယ်ဆိုတာကို သတ်မှတ်ထားဖို့လိုပါတယ်။ သင့်ရဲ့ လူဝင်ဆန့်မှုကို၊ အင်တာနက်ပေါ်မှာ သူငယ်ချင်းတွေနဲ့ ဘယ်လောက်ဆက်သွယ်နိုင်သလဲဆိုတာနဲ့ တိုင်းတာမှု မပြုမိဖို့လည်းလိုပါတယ်။ လူမှုဆက်သွယ်ရေးကွန်ယက်ဟာ သုံးတတ်ရင် တကယ်အကျိုးပြုစေပြီး နည်းလမ်းကောင်းတခုပါပဲ။ မသုံးတတ်ရင်တော့ အကျိုးယုတ်စေတတ်ပါတယ်။ တခြားအရာတွေလိုပါပဲ ဒီကွန်ယက်အသုံးပြုတာကို ဘယ်အချိန်မှာ ရပ်တန့်ရမလဲ၊ ဘယ်လိုသုံးမလဲဆိုတာကိုတော့ သိဖို့တော့လိုအပ်လို့နေတယ်။

တဖန် လူမှုကွန်ယက်အသုံးပြုခြင်းက သင့်နာမည်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတဲ့ အချက်ကိုလည်း စဉ်းစားရမှာဖြစ်တယ်။ လူမှုကွန်ယက်အပေါ် သင်တင်လိုက်တဲ့အရာတွေက သင့်အတွက် ဖျက်ရခက်တဲ့နာမည် တွင်ရစ်စေနိုင်တယ်။ လူမှုကွန်ယက်အပေါ်ရောက်တဲ့အခါ လူတွေဟာ ဆင်ခြင်ဉာဏ် မဲ့သွားသလိုဖြစ်တတ်ကြတယ်။ သာမန်အားဖြင့် ပြောမှာမဟုတ်တဲ့အရာတွေကိုလည်း ပြောလာတတ်ကြတယ်။ ရဲတင်းလာတတ်ကြတယ်။ မသင့်တော် မလျှော်ကန်တဲ့ ပြောဆိုပြုမူမှုအတွက် နောင်တရစရာတွေ၊ နာမည်ကောင်းပျက်သွားနိုင်တယ်ဆိုတာကိုလည်း သတိမူဖို့လိုအပ်တယ်။ သင့်ရဲ့ရေရှည်အကျိုးကို ထိခိုက်နိုင်သည်ထိ သက်ရောနိုင်တယ်ဆိုရင် ငြင်းဖွယ်ရှိမည်မထင်။

လူမှုကွန်ယက်အပေါ်က သင့်စာမျက်နှာကို၊ တခြားလူတွေမြင်သလိုမြင်ဖို့ ကြိုးစားပါ။ တယောက်ယောက်က သင်တင်ထားတာတွေကိုကြည့်ပြီးတော့ သင့်ရဲ့စရိုက်ကိုအကဲဖြတ်မယ်ဆိုရင် အဲဒီလူစိတ်ထဲ ဘာပေါ်လာမလဲပေါ့။ မျက်နှာများသူအဖြစ်လား၊ မြူဆွယ်တတ်သူအဖြစ်လား၊ အထိန်းအကွပ်မဲ့သူတယောက်အဖြစ်မြင်လေမလား အယင်တွေးပြီးပြုမူသင့်ပါတယ်။ ကိုယ်အလုပ်လျှောက်တဲ့အခါ ကိုယ့်ရဲ့အလုပ်ရှင်သစ်က ကိုယ့်ကို အထိန်းအကွပ်မဲ့ ဗရမ်းဗတာလူမျိုးဆိုပြီး မြင်စေချင်တာလား တွေးပါ။ ကိုယ်လက်ခံထားတဲ့ စံနှုန်းတွေကို၊ ကိုယ့်လုပ်ရပ်တွေ၊ ပြုမူပုံတွေက တကယ်ပဲ ကိုယ်စားပြုသလားဆိုတာ သတိမလွတ်ဖို့လိုအပ်ပါတယ်။ သင်ဟာ လူငယ်တယောက်ဖြစ်မယ်ဆိုရင် သင့်မိဖ၊ ဆရာ ဒါမှမဟုတ် သင်လေးစားရတဲ့ လူတယောက်ယောက်က သင့်စာမျက်နှာကို ကြည့်ရင်၊ မတော်တာတွေကို သူတို့တွေ့ရင်၊ ဖတ်မိရင် သူတို့စိတ်ထဲမှာ ဘယ်လိုဖြစ်သွားနိုင်မှာလဲဆိုတာ သတိရှိဖို့လိုတယ်။ ကိုယ့်ရဲ့ကျင့်ဝတ်သိက္ခာဆိုတာ ကိုယ့်ရဲ့တန်ဖိုးပါပဲ။ အချိန်ခါ၊ နေရာဒေသ ရွေးနေစရာမလိုပါဘူး။

ပီးတော့ ဒီလူမှုကွန်ယက်က ဘယ်လိုသက်ရောက်မှု ထပ်ရှိနိုင်သေးသလဲဆိုတာ ခဏဆက်ကြည့်ကြရအောင်။ သင့်ရဲ့တွေးခေါ်ပြုမူမှုအပေါ်၊ သင့်မိဆွေတွေက သြဇာညောင်းတတ်တယ်ဆိုတဲ့အတိုင်း၊ သင့်မိတ်ဆွေတွေမှာ၊ တချို့လူတွေရဲ့အပြုအမူ၊ အပြောအဆိုတွေဟာ သိပ်ကို စည်းဘောင်လွတ်တာတွေတွေ့ရနိုင်မယ်။ လူချင်း အရှင်လတ်လတ်မတွေ့ရတိုင်း၊ မသင့်တော်တဲ့ ပုံတွေ၊ ဖိုင်လ်တွေကို လျှောက်ရှယ်တာတို့၊ ကြမ်းတမ်းယုတ်ညံ့စွာ ပြောဆိုတာတို့၊ လူ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်နေတာမျိုး ပြုမူပြောဆိုနေတဲ့ မိတ်ဆွေမျိုးရှိနိုင်မှာပါပဲ။ ဒီလိုမိတ်ဆွေမျိုးနဲ့ ဆက်သွယ်မှု ဆက်လုပ်သင့်(မသင့်) ဆိုတာ၊ သင်ကိုယ်တိုင် ဆုံးဖြတ်ရမဲ့ကိစ္စပါပဲ။ အထက်မှာဖေါ်ပြပြီးတဲ့အတိုင်းပါပဲ အင်တာနက်ကွန်ယက်သုံးပြုမှုဟာ၊ သင့်အတွက်၊ သင့်ရဲ့ဝန်းကျင်အတွက် ကောင်းကျိုးသက်ရောက်မှုမျိုးဖြစ်အောင် သင့်ရဲ့ကျင့်ဝတ်၊ ဆင်ခြင်တုံတရားနဲ့ အသုံးပြုဖို့ လိုအပ်ကြောင်း မြင်မိပါတယ်။


လင်းထင်
(၁၈။၀၉။၂၀၁၃)

Wednesday, August 28, 2013

Monday, July 8, 2013

“မြန်မာနိုင်ငံ’’

နေခြည်ရဲ့အနမ်းကို တောင့်တနေရှာတဲ့ ပန်းပွင့်တွေနှင့်
ညကြီးသန်းခေါင် မိခင်နဲ့ ကွဲကွာသွားတဲ့ ငှက်ကလေးတွေ ပြည့်နှက်တဲ့နိုင်ငံ။

လေညှင်းနဲ့အတူ အလည်လာမယ့် ဧည့်သည်ရဲ့ခြေသံကို ရင်တလှပ်လှပ်ခုန်ပြီး
ညလုံးပေါက် ထိုင်စောင့်နေကြတဲ့ အိမ်ရှင်တွေများတဲ့နိုင်ငံ။

မျိုးဆက်တွေ လမ်းလျှောက်ထွက်ချင်ပေမဲ့ နည်းပညာကြောင့် ထော့ကျိုးထော့ကျိုး ဖြစ်ရတဲ့နိုင်ငံ။

အရုဏ်ကို ကိုယ်ဝန်ဆောင်ထားပြီး မမွေးဖွားနိုင်ပဲ လက်သည်ကို မျော်နေရတဲ့ နိုင်ငံ။
ဗီတာမင်ဒီနဲ့ စကားစမြည်ပြောဖို့ စောင့်နေကြတဲ့ အိပ်ယာဖျာအောက်က ကဗျာတွေပြည့်နှက်နေတဲ့ နိုင်ငံ။

ဘူမိဗေဒပညာရှင်တွေ မြေပုံအတွက် အာရုံနောက်ရတဲ့နိုင်ငံ။

တမိုးကြီးချုပ်လို့ နွားတအုပ်နဲ့ မျက်စိလည်နေကြတဲ့ နွားကျောင်းသားတွေ ပေါများတဲ့နိုင်ငံ။

ပွဲတော်ညံသံ၊ ကျဉ်ဆံခြွေသံ၊ ငိုကြွေးသံများ၊ ရောထွေးနေတဲ့နိုင်ငံ။

လူချမ်းသာနဲ့ မော်တော်ကားလှလှ၊
အူဟောင်းလောင်းနဲ့ ထောင်းထောင်းကြည် စိတ်ဒါဏ်ရာနဲ့ ခန္ဓာကိုယ်များ ရောထွေးနေတဲ့နိုင်ငံ။

စစ်အသုံးစရိတ်အတွက် ၇၀-ရာခိုင်နှုန်း သုံးပြီး၊
ထင်းမီးဖိုနဲ့ စာကြည့်နေကြရရှာတဲ့ ခလေးငယ်တွေ ပေါများတဲ့နိုင်ငံ။

အဝေးရောက်သားဆိုးတွေ များပြီး အနီးကျန်သားကောင်းတွေ တဖြည်းဖြည်း နည်းနည်းလာတဲ့နိုင်ငံ။

ဒီနိုင်ငံ ဘလိုပဲဖြစ်ပါစေ.. ဒီနိုင်ငံဟာ ငါတို့ရဲ့အသဲထဲရင်ထဲကနေ မြတ်မြတ်နိုးနိုးချစ်ရတဲ့ ငါတို့ရဲ့တခုတည်းသောနိုင်ငံ..
ခု ဒီနိုင်ငံဟာ မျော်လင့်ချက် ရောင်ခြည်တွေနှင့် လမ်းစလျှောက်နေပါပြီ..။

ကျုပ်အကြောင်း

"ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း.. ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ်။

ငါအခါတစ်သိန်း သေခဲ့ရင်တောင်၊ အခါတစ်သန်း မြန်မာပြည်မှာပဲ လူပြန်ဖြစ်ရပါစေလို၏။"

နယ်ချဲ့ဘုရင်ခံချုပ်ကို မြန်မာပြည်က ထွက်သွားဖို့ ပထမဆုံးရဲရဲတောက် စိမ်ခေါ်ပြောဆိုသူဟာ ဆရာတော် ဦးဥတ္တမပဲဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း
(ဦးဥတ္တမအတ္ထုပ္ပတ္တိ)

ဆရာတော်ဦးဥတ္တမသည် မြန်မာတမျိုးသားလုံး၏ ကျေးဇူးရှင်ကြီးဟုလည်းကောင်း၊ ကိုလိုနီဆန့်ကျင်ရေးတပ်ဦး၏ အကြီးအမှူး စစ်သူကြီးဟုလည်းကောင်း၊ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်ဟုလည်းကောင်း၊ မျိုးချစ်အာဇာနည် မြန်မာ့သားကောင်းသားမြတ် တဦးအဖြစ်လည်းကောင်း၊ ထည့်သွင်းအသိအမှတ်ပြု မော်ကွန်းရေးထိုးခဲ့ပါသည်။

သခင်လွင်
(ဦးဥတ္တမလက်ရွေးစင်)

မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုကို တိုက်ရည်ခိုက်ရည် သွင်းပေးလိုက်တဲ့ ပုဂ္ဂိုလ်မှာ ဆရာတော်ဦးဥတ္တမပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်
(ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး)
ဗမာ့ရေးရာ

National Coalition Government of the Union of Burma
National Council of the Union of Burma
Global Action for Burma (GAB)
Free Burma Federation
Democratic Party for a New Society
All Burma Students’ Democratic Front
All Burma Federation of Student Unions
Assistance Association for Political Prisoners (Burma)
Driving for Burma
Ethnic Nationalities Council
FORUM FOR DEMOCRACY IN BURMA
Women's League of Burma
Association of United Nationalities in Japan
Shan Human Right Group
Burma Lawyers' Council
The Best Manure
Students and Youth Congress of Burma
National League for Democracy/Liberated Area
International Burmese Monks Organization
Canadian Friends of Burma
သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ
ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီ
University Students Union
ဓနုအမျိုးသားကောင်စီ
ရှမ်းပြည်လူငယ်ဒီမိုကရက်တစ်အင်အားစုများ
See Burma
Generation-Wave
ဗမာ့ရေးရာအင်အားစု


ကိုထိုက်
ကိုဈာန်
ကိုမော်
ကိုမောင်ရင်
ကိုလူလှ
ကိုရုပ်ဆိုး
ကိုဖိုးဇေ
ကောင်းကင်ကို
ကဒေါင်းညင်သာ
ကေသွယ်
ခင်မင်းဇော်
ခွာညို
ဂျစ်တူး
ဂင်ကြီး
ငြိမ်းဝေ
ငြိမ်ချမ်းအောင်
စိုးဝှက်
စိုင်းဝဏ္ဏ
ဆောင်းယွန်းလ
ဇာဂနာ
ညိမ်းညို
ညိုကြီး
ဒေါက်တာလွဏ်းဆွေ
ဒေါင်းမာန်ဟုန်
ဒီရေ
သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ
ရွှေဝါရောင်တော်လှန်ရေး
ရှမ်းပြည်လူ့အခွင့်အရေးအဖွဲ့
ရန်အောင်
ရွက်မွန်
ရဲရင့်ငယ်
ရွှေဥသြ
ရနံ့မပြယ်မယ့် အဆုံးမဲ့ကမ္ဘာ
သစ်ခက်သံလွင်
သစ်ကောင်းအိမ်
ပြည်ထောင်စု လူ့အခွင့်အရေးကောင်စီ
ပထီးပကော်
ဖိုးတရုတ်
မာယာ
မဇ္ဈိမ
မိုးမခ
မိုးချိုသင်း
မိုးသီးဇွန်
မေငြိမ်း
မသဒ္ဒါ
မေဓာဝီ
မောင်လှ
မျိုးမြင့်အောင်
မာန်လှိုင်းငယ်
ထားဝယ်သား
နစ်နေမန်း
နှင်းခါးမိုး
ယောဟန်အောင်
လင်းလက်ကြယ်စင်
လူဆိုးစာရင်း...
သမိုင်းထဲကရက်စွဲများ
ဟင်းလင်းပြင်
ဓမ္မနဲ့ အဓမ္မ
နယ်ခြားမဲ့ မြန်မာဘလော့ဂါများ
မြန်မာစစ်အုပ်စုအား စောင့်ကြည့်သူများအဖွဲ့ 
အာဏာရှင်ကို တော်လှန်ခြင်း
အောင်သာငယ်
အောင်စေရာပြည်
အရှင်မေတ္တာစာရ
အိမ်ချမ်းမြေ့
အိပ်မက်အိမ်
အောင်မိုးဝင်း
အန်ဒါမန်ဟီးရိုး


ဘီဘီစီ
ဗွီအိုအေ
လွတ်လပ်သည့် အာရှအသံ
ဒီမိုကရက်တစ် မြန်မာ့အသံ
မိုးမခ
မြန်မာ့လူမျိုးစု မြန်မာ့အသံ
ပြည်ထောင်စုအသံ


ဟံသာဝတီ
ခေတ်ပြိုင်
ဧရာဝတီ
မဇ္ဈိမ
ဒီမိုကရက်တစ် မြန်မာ့အသံ
ဗွီအိုအေ
ရိုးမ ၃
မိုးမခ
ယနေ့မြန်မာ
နေ့သစ်
အမ်အိတ်ခ်ျကေ (NHK)
ခါကာဘိုရာဇီ (မိုးကြိုး သတင်းစာ)
ဟစ်တိုင်
နေရဉ္ဖရာ
အာဟာရစာစောင် (ဂျပန်)
မိုးသောက်ကြယ် (ဂျပန်)
သံလွင်အိပ်မက်
ငုရင်ပြင်
နိုင်ငံတကာ မြန်မာသတင်း စာမျက်နှာများ
AP
AFP
Emergency Burma Relief


www.chanmyay.org
www.prayforburma.org
www.myanmarchristian.net
www.myittawardiparahita.com
www.burmesebible.com/hymn
www.dhammadana.org
www.myanmarbible.net
www.myanmarbible.com


www.burmacampaign.org.uk
www.uscampaignforburma.org
www.cfob.org
www.burmafund.org
www.burma.no
www.gabforburma.info


www.encburma.org
www.kwekalu.net
www.knla.meabs.com
www.kachinland.org
www.kachinnews.com
www.monnews-imna.com
www.rakhapura.com
www.shanland.org
www.chinland.org
www.ndf-burma.org
www.sycb.info


www.prospectburma.org
www.soros.org
www.studentscenter.info
www.ex-rit.org/rit.asp
www.acu.edu.au
www.abfsu.net
www.nationmaster.com
www.ibiblio.org
www.ejcanadacollege.com
www.encburma.org


www.mhyawlintchin.blogspot.com
www.myanmarhealthcare.com
www.myanmarmedicine.com
www.drwinthein.co.cc www.health.ngoinmyanmar.org


www.myanmarmp3.net
www.mm-fg.net
www.pansagar.com
www.nyakabyar.com
www.myanmarmusic.homeip.net
www.shwedream.com
www.freemyanmarvcd.com
www.burmeseclassic.com
www.khayanpyareinmet.com
www.myanmarworld.com
www.apytz.com


Collections
Faxtoon
Myanmar Massacre

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
counter