'မွေးမေထံ အပြန်'
အလွမ်းအဆွေး အမျှော်တွေ ဆန့်ထုတ်ရင်တောင်
ကမ္ဘာတသန့် ရှည်ဦးထင်ပါရဲ့။
ကမ္ဘာ့အစွန်း အဝေးတနေရာရဲ့ အဝေးတဖက်မှာ
ဝေးရတာကြာတော့လည်း ပြက္ခဒိန်တွေ လိမ်ညာနေမိတယ် အထိ
အချိန်တွေ ထွက်ကျစေချင်မိတယ်။
အမေအိုရဲ့ မျက်ညိုကွင်း ချိုင့်ချိုင့်ထဲ
သားအလာမျော်လင့်ချက် ရီဝေေ၀မျက်ဝန်းအိမ်
မြင်ယောင်ရင်း မနက်တွေ ခဏခဏ လင်းစေချင်တယ် အမေ။
လင်းထင်အလွမ်းအဆွေး အမျှော်တွေ ဆန့်ထုတ်ရင်တောင်
ကမ္ဘာတသန့် ရှည်ဦးထင်ပါရဲ့။
ကမ္ဘာ့အစွန်း အဝေးတနေရာရဲ့ အဝေးတဖက်မှာ
ဝေးရတာကြာတော့လည်း ပြက္ခဒိန်တွေ လိမ်ညာနေမိတယ် အထိ
အချိန်တွေ ထွက်ကျစေချင်မိတယ်။
အမေအိုရဲ့ မျက်ညိုကွင်း ချိုင့်ချိုင့်ထဲ
သားအလာမျော်လင့်ချက် ရီဝေေ၀မျက်ဝန်းအိမ်
မြင်ယောင်ရင်း မနက်တွေ ခဏခဏ လင်းစေချင်တယ် အမေ။