မီးလောင်နေတဲ့ ပင်လယ်ပြင်ရယ်...
စပါးပင်တွေ ပေါက်နေတဲ့ မိုးကောင်းကင်ရယ်...
ဘောလ်ပင်မရှိတဲ့ ကျောင်းသားလေးရယ်...
ပြီးတော့...
သူတို့အပေါ်က နေမင်းကြီးကို
နွားကျောင်းသားလေးက
ကျည်ဆံမဲ့ လေးဂွနဲ့ တအားပစ်လို့...
ပြင်းလိုက်တဲ့ လက်သံ
နာရီလက်တံတွေတောင်
ဝင်္ကပါထဲမယ် မျက်စိလည်တယ်...။
သူတို့မမြင်ရတဲ့ နှင်းစက်လေးတွေက
မြေပြင်ပေါ် ၀ုန်းကနဲ ခုန်ချရင်း
တမိုးကြီးချုပ်လို့ အတွေးတစ်ထုပ်နဲ့
မျက်စိလည်နေတဲ့ ကျုပ်ကို သတိပေးသွားသေး...။
"တွေဝေမနေနဲ့ ဟေ့လူ''
ခင်ဗျားလျှောက်ရမဲ့လမ်းက မနည်းဘူးနော်တဲ့"
ကျုပ်လဲ...
ရေကြည်တခွက်ရဖို့အတွက်
အတွေးကမ္ဘာထဲကနေ လန့်နိုးသွားတယ်။
လင်းထင်
၃၀။ ၉။ ၂၀၁၃
စပါးပင်တွေ ပေါက်နေတဲ့ မိုးကောင်းကင်ရယ်...
ဘောလ်ပင်မရှိတဲ့ ကျောင်းသားလေးရယ်...
ပြီးတော့...
သူတို့အပေါ်က နေမင်းကြီးကို
နွားကျောင်းသားလေးက
ကျည်ဆံမဲ့ လေးဂွနဲ့ တအားပစ်လို့...
ပြင်းလိုက်တဲ့ လက်သံ
နာရီလက်တံတွေတောင်
ဝင်္ကပါထဲမယ် မျက်စိလည်တယ်...။
သူတို့မမြင်ရတဲ့ နှင်းစက်လေးတွေက
မြေပြင်ပေါ် ၀ုန်းကနဲ ခုန်ချရင်း
တမိုးကြီးချုပ်လို့ အတွေးတစ်ထုပ်နဲ့
မျက်စိလည်နေတဲ့ ကျုပ်ကို သတိပေးသွားသေး...။
"တွေဝေမနေနဲ့ ဟေ့လူ''
ခင်ဗျားလျှောက်ရမဲ့လမ်းက မနည်းဘူးနော်တဲ့"
ကျုပ်လဲ...
ရေကြည်တခွက်ရဖို့အတွက်
အတွေးကမ္ဘာထဲကနေ လန့်နိုးသွားတယ်။
လင်းထင်
၃၀။ ၉။ ၂၀၁၃