|မူလစာမျက်နှာ | သတင်း | ဆောင်းပါး | Ebook | သီချင်း | ဗွီဒီယို | ကဗျာ | အထွေထွေ | ထုတ်ပြန်ကြေငြာချက် | ဆက်သွယ်ရန် |

Saturday, April 9, 2011

ရခိုင်တော်လှန်ရေး မအောင်မြင်ရရေ အကြောင်းတရားတိ

အဖိနှိပ်ခံအာဏာရှင် နိုင်ငံအများစုမှာ တော်လှန်ရေးတရပ်ကို ဆင်နွဲဖို့လို့ စိုင်းစားဆုံးဖြတ်လိုက်ကေ အယင်ဆုံး လုပ်ကတ်စွာက လေ့လာရေး ပုံစံကနိန်စပြီးကေ လုပ်ကတ်စွာကို တွီ့ရရေ။ လေ့လာရေးအုပ်စု (study group) အဆင့်ကနိန် မြေအောက်ပါတီ၊ ပုံမှန်ပါတီဆိုပြီးကေ တဖြည်းဖြည်းနဲ့ အဆင့်မြင့်လာတတ်တယ်။ အကျွန်ရို့ ရခိုင်ပါတီတိ၊ ဗမာပြည်က အခြားပါတီတိကို လေ့လာကြည့်လိုက်ကေ ပါတီထောင်ဖို့၊ အဖွဲ့ထောင်ဖို့ သူငယ်ချင်း၊ ရင်းနှီးမိတ်ဆွေတိကို "မင်းပါဖို့လား…လာ အစည်းအဝေး တက်ဖို့ လားမယ်" ပုံစံ ဆွဲခေါ်ပြီးကေ စုဖွဲ့ တတ်ကတ်တယ်။ နိုင်ငံရေး၊ တော်လှန်ရေး အတွေးအခေါ်ကို ထည့်သွင်း မစိုင်းစားဘဲ ရင်းနှီးမှုကို အခြေပြုထားပြီးကေ ပါတီ၊ အဖွဲ့အစည်းတိ ထောင်ကတ်စွာကများရေ။ ယင်းပုံစံကို ရင်းနှီးမှုကို အခြေခံရေနိုင်ငံရေး (Friendship-based politics) လို့ သုံးသပ်ချင်ရေ။ ဖဲသာရှိလူ ဘဏ္ဍာရေးမှူးတာဝန်၊ နည်းနည်း အသက်ကြီးလူ ဥက္ကဌ၊ အပြောအဟောကောင်းရေလူ စည်းရုံးရေးမှူး ဆိုပြီးကေ လက်တန်း တာဝန်တိကို ခွဲဝီကတ်စွာကိုလဲ တွီ့ရရေ။ ယင်းပိုင်ပုံစံတိစွာ ရပ်ရွာ သာရေးနာရေးအဖွဲ့တိအတွက် ပြဿနာအကြီးအကျယ် မရှိကေလေ့ တမျိုးသားလုံးကို ဦးဆောင်ပနာ တိုက်ပွဲဝင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းကတ်တေ တော်လှန်ရေး၊ နိုင်ငံရေးပါတီအတွက် အများကြီး စိုင်းစားဖို့လိုလာရေ။

ပပွင့်လလင်း ဝေဖန်ရဖို့ဆိုကေ လက်ဟိ ရခိုင့်တော်လှန်ရေး လမ်းကြောင်းမှာ အားရစရာတိတော့ ကောင်းမတွီ့ရ။ ယကလေ့ တခုအားကောင်းလာစွာက နိုင်ငံရေး၊ တော်လှန်ရေးကို လူငယ်တိ၊ ကျောင်းသားတိ အယင်ခါထက် စိတ်ဝင်စားမှု ပြလာစွာကို တွီ့ရစွာ ဖြစ်တယ်။ ကိုယ်တိုင်ကိုယ်ကျပါဝင် မလုပ်ဆောင်နိုင်ကေတောင် နိုင်ငံရေး၊ တော်လှန်ရေးစွာ လေ့လာစရာ တခုအဖြစ် သဘောထား လာကတ်စွာကို မြင်တွီ့လာရရေ။ ယင်းချင့်က ကောင်းရေအချက်တခု ဖြစ်တယ်။ နောက်တခုက သတင်းနည်းပညာ အကျိုးကျေးဇူး ကြောင့် ဖြစ်တယ်။ လူငယ်တိစွာ အယင်ခါထက် တယောက်နဲ့တယောက် ရင်းနှီးဆက်စပ်မှု ဖြစ်လာစွာ ဖြစ်တယ်။ နိုင်ငံရေးနဲ့ဆိုင်ရေ သတင်းအချက်အလက်တိကို ပုံမှန်ဖတ်နိုင်၊ ဖလှယ်နိန်ကတ်စွာကိုလေ့ တွီ့ရရေ။ တချို့ကလေ့ နည်းပညာကို လွဲမှားရေ နည်းနဲ့ တယောက်နဲ့တယောက် အပြန်အလှန်တိုက်ခိုက်ဖို့ အတွက်လောက်ရာ သုံးနိန်ကတ်သိရေ။ ယကလေ့ ကောင်းမကြာခင် အချိန်အတွင်းမှာ ယင်းမျိုးအပြုအမူတိပျောက်ကွယ်လားဖို့လို့ ယုံကြည်ရေ။ ပစ္စည်းအသစ်တခု၊ နည်းပညာ အသစ်တခုနဲ့စပြီးကေ ထိတွီ့ဆက်ဆံရေအခါ အကျွမ်းတ၀င်မရှိသိလို့ အသုံးကျမှုကို နားလည်သဘောမပေါက်သိလို့ရာ ဖြစ်တယ်။

ရခိုင်တော်လှန်ရေး မအောင်မြင်ရရေ အကြောင်းတရားတိ လို့ ဆိုထားရေအတွက် ခေါင်းစဉ်ကို မြင်ကတည်းကပင် အဆိုးအမြင် အတွေးအခေါ်တိကို ဖြန့်ဝေဖို့လို့ မယူဆစီချင်။ ဇာအတွက်လဲမိန်းကေ မအောင်မြင်ရရေ အကြောင်းတရားကို ဖြေရှင်းနိုင်မှရာ အောင်မြင်နိုင်ရေ လမ်းကြောင်းကို ရာတွီ့ဖို့ဆိုရေ ရည်ရွယ်ချက်နဲ့ သုံးသပ်ထားစွာ ဖြစ်လို့။ တချို့အသုံးအနှုန်းတိစွာ ဒေါသသံ သင့်ချင်ကေလေ့ သင့်ဖို့။ ယကလေ့ ဆိုလိုရင်းကိုရောက်အောင် မသုံးမဖြစ်သုံးရစွာဖြစ်လို့ စာဖတ်လူတိ နားလည်ခွင့်လွတ်နိုင်ဖို့လို့ ယုံကြည်ရေ။

အေနိန့်လက်ဟိ ရခိုင်ပြည် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးလမ်းကြောင်းတိစွာ ဦးတည်ချက်မဟိ၊ ရည်ရွယ်ချက်မဟိ၊ ဗျူဟာမဟိ စိတ်ရူးပေါက် ထလုပ်နိန်ကတ်စွာကို တွီ့နိန်ရရေ။ ဗဟိုချက်မ မဟိရေ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဆင်တူရေ။ ဗဟိုချက်မ မဟိဆိုစွာ ဦးဆောင်ပါတီ (တပ်ဦးပါတီ)၊ ဦးဆောင်ပုဂ္ဂိုလ် မဟိလို့ ဆိုလိုချင်စွာမဟုတ်။ ဇာအပေါ်မှာ အခြေပြုပြီးကေ လှုပ်ရှားနိန်လဲဆိုစွာ ဗဟိုချက်မတန်ဖိုး (core value) ပျောက်ဆုံးနိန်စွာ ဖြစ်တယ်။

အဂုတင်ပြဖို့အကြောင်းအရာတိမှာ မိတ်ဆက်သဘောအနိန်နဲ့ ရခိုင်ပြည်လက်နက်ကိုင်တော်လှန်ရေး၊ ပါတီတိလှုပ်ရှား လည်ပတ် နိန်ရေ ပုံစံတိကို အဓိကဦးစားပီး သုံးသပ်တင်ပြထားရေ။ အခြားအကြောင်းအရာတိကို နောက်ရီးရေ ဆောင်းပါးတိမှာ သုံးသပ် တင်ပြဖို့ အစဉ်အစိုင်ဟိရေ။ ရခိုင်ပြည်တော်လှန်ရေး သမိုင်းတလျှောက်မှာ ပါတီအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးအမျိုး၊ ခေါင်းဆောင် အမျိုးအမျိုး ပေါ်ပေါက်ဖူးခဗျာလ်။ အသက်၊ သွီး၊ ချွေးတိလေ့ မနည်းမနော ပီးဆပ်ခကတ်ဗျာလ်။ ယကလေ့ အဂုအချိန်ထိလေ့ အောင်မြင်မှု မရဟိသိ၊ အောင်မြင်မှု မရရုံတောင်မက အောင်မြင်ဖို့ လမ်းစကိုလေ့ ရာမတွီ့ ဖြစ်နိန်သိရေ။ ယင်းအတွက်နဲ့ တော်လှန်ရေးမအောင်မြင်ရရေ အကြောင်းအရင်းတိကို သုံးသပ်ကြည့်မိရေရေ။

(၁) တန်လာ မတန်လာ
အဂုရခိုင်ပြည် လက်နက်ကိုင်တော်လှန်ရေးတိစွာ လူစုရေ၊ ရန်သူနဲ့ ၀ီးရေ တောတနိန်ရာမှာ စခန်းချရေ၊ ကိုယ်ကာယတနား လေ့ကျင့်ရေ၊ ထမင်းချက်စားရေ ယင်းချင့်စွာ ပုံမှန်ဖြစ်နိန်ရေ။ တခါတခါ ရန်သူနဲ့ ဆုံကေ "ဘောင်း ဘောင်း" လေး၊ ငါး၊ ဆယ်ခေါက်ပစ်ပြီးကေ ထွက်ပြီးကတ်တယ်။ တနှစ်မှာ နှစ်ခါ သုံးခါ တိုက်ပွဲချေတိကို ပြည်သူလူထု ယုံကြည်မှုရဖို့၊ ဖဲသာ ငွေကြေးကောက်ခံလို့ရဖို့အတွက် ဆင်နွဲစွာတိကို ကြားသိရရေ။ ကိုယ့်ဘက်က ရဲဘော်တယောက် နှစ်ယောက် ကျဆုံးရေ၊ ရန်သူ့ ဘက်က လေး၊ ငါးယောက် ကျဆုံးရေ။ ယလောက်လို့ရာ မြင်တွီ့ရရေ။ ကိုယ့်ဘက်က ရဲဘော် တယောက်၊ နှစ် ယောက်ကျစွာနဲ့ ရန်သူ့ဘက်က လေး၊ ငါးယောက် ကျစွာနဲ့ တန်လာ မတန်လာ စိုင်းစားကြည့်မိရေ။ အဂုအချိန်မှာ တော်လှန်ရေး လုပ်ဖို့လူ ကကောင်း ရှားလားဗျာလ်။ တော်လှန်ရေးမျိုးဆက်ပြတ်တယ်လို့ ပြောရဖို့လား၊ လူငယ်တိရေစီးကြောင်းပြောင်းစွာလို့ ဆိုရဖို့လား။ အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးကို စိတ်ဝင်စားပြီးကေ ကိုယ်တိုင်ကိုယ်ကျပါဝင်လုပ်ဖို့လူရှားရေ။ ရခိုင်သား တထောင် မှာ တယောက်မရှိ။ ယင်းအတွက်နဲ့ တောတွင်းပြောက်ကျားစစ်ကို အကျွန့်အနေနဲ့ ပီးဆပ်ရစွာမတန်လို့ ယူဆလာရေ။ ယင်းချင့် ထက် မြို့တွင်းပြောက်ကျားစစ်ကို ဖော်ဆောင်နိုင်ကေ ပိုလို့အမြတ်မရနိုင်လာဆိုရေ အတွေးတိကို ဖြစ်လာစီရေ။ အဂုမှ မဟုတ်၊ လွန်ခရေ အနှစ် (၂၀) ကျော်လောက်က မာနယ်ပလောကို ကြီးစိုးထားရေအချိန်ကပင် စိုင်းစားမိရေ။ ယကလေ့ တဖွဲ့ကလေ့ အလေးအနက် မစိုင်းစားခ။ ယင်းအတွက်နဲ့ လက်ကိုင်တော်လှန်ရေးကို စိတ်ဝင်စားလူတိအနေနဲ့ တောတွင်းကပင် မြို့တွင်း ပြောက်ကျားစစ်ကို ကူးပြောင်းဖို့စွာကို အဂုအချိန်မှာ အလေးအနက်စိုင်းစားဖို့လိုအပ်တယ်။ အဂုအချိန်မှာ ပိုလို့ဖြစ်သင့်ရေလို့ ယူဆရေ။ ယကလေ့ လက်ဟိအခြေအနေထိ တခုအဖွဲ့အစည်းကလေ့ တောတွင်းကပင် မြို့တွင်းကို ပြောင်းလဲနိုင်ဖို့ အလား အလာမဟိသိ။ ရခိုင်အဖွဲ့အစည်းတခုတည်းကို ဆိုလိုစွာမဟုတ်။ တခြားလူမျိုးစု အဖွဲ့အစည်းအားလုံးမှာလေ့ ယင်းအတိုင်းသိ။ တိုးတက်ပြောင်းလဲနိန်ရေ စစ်ရေးအတွေးအခေါ်တိကို လက်ခံမကျင့်သုံးနိုင်ကတ်သိ။ တချို့နိုင်ငံတိက တော်လှန်ရေးအဖွဲ့အစည်း တိ ပြောင်းလဲလားစွာ ကြာဗျာလ်။ တောတွင်းကပင် မြို့တွင်းပြောက်ကျားစစ် ကူးပြောင်းဖို့စွာ လွယ်စွာတော့မဟုတ်။ အဂု လက်ဟိ နိုင်ငံတကာ အခင်းအကျင်းနဲ့ မီဒီယာ အာရုံစိုက်မှုတိစွာ မြို့နဲ့တော အများကြီးကွာလားစွာကို တွီ့ရရေ။ ယင်းချင့်ကို ဗျူဟာမြောက်စိုင်းစားရေ နေရာမှာ ထည့်သွင်းစိုင်းစားသုံးသပ်ဖို့လိုရေ။ တော်လှန်ရေးရေရှိန်ကို အများကြီးအပြောင်းအလဲ ဖြစ်စီ နိုင်ရေ။ မြို့မှာရန်သူ့လူတယောက် သီစွာနဲ့ တောမှာ ရန်သူတယောက်သီစွာ စကားအများကြီး ပြောလာရေ။ အဂုလက်ဟိ ရခိုင် လက်နက်ကိုင်တော်လှန်ရေးနဲ့ ဆက်စပ်ပြီးကေ ပြောရဖို့ဆိုကေ ရခိုင်လက်နက်ကိုင် တော်လှန်ရေတပ်ဆိုစွာကို နယ်မြေချဲ့ထွင် ရေးအတွက် ရည်ရွယ်ပြီးကေ တည်ဆောက်ထားရေ တပ်လို့လဲ မမြင်မိ။ နယ်စပ်မှ အခြေစိုက်ပြီးကေ ပြည်သူတိဘက်က ဖဲသာ ကောက်ဖို့ တည်ဆောက်ထားရေ ခေါင်းဆောင်တိခပိုက်ဆောင်တပ်တိနဲ့ တူနိန်ရေ။ အေချင့်က ပကတိဖြစ်ပျက်နိန်ရေ အခြေ အနေအရ ပြောရစွာဖြစ်တယ်။ တချို့ရို့ ကြိုက်ချင်မှ ကြိုက်ကတ်ဖို့။ တန်လာမတန်လာဆိုစွာမှာ အေအချက်လေ့ အချက် တချက်အနေနဲ့ပါရေ။ ရခိုင်အမျိုးသားရေးအတွက် အမိအဖကို ပစ်၊ ညီအစ်ကိုမောင်နှမကို ပစ်၊ သား မယား၊ ဘ၀ကို ပစ်လာပြီးမှ တောထဲမှာ နှစ်ပေါင်းအကြာကြီး အကုန်ခံနိန်ရစွာ တန်လာ မတန်လာ စိုင်းစားဖို့လိုလာရေ။

(၂)  ပါတီလေ့လာရေး
ပါတီတခုမှာ ပါတီလေ့လာရေးဆိုစွာကို ဘောင်ခတ်ထားလို့မရနိုင်။ ပါတီရဲဘော်တိခေါင်းထဲကို ပြင်ပက အတွေးအခေါ်တခု (နိုင်ငံရေးအတွေးအခေါ်၊ ရန်သူဘက်က လာရေ အတွေးအခေါ်လေ့ ဖြစ်နိုင်ပါရေ) ၀င်လားကေ ပါတီပြိုကွဲလားဖို့ဆိုရေ အတွေးနဲ့ ပါတီခေါင်းဆောင်တိစွာ ရဲဘော်တိ စာပီလေ့လာရေး၊ မီဒီယာတိနဲ့ အဆက်အစပ်တိကို ပိတ်ပင်ထားလို့မရ။ ခိုင်မာရေအတွေး အခေါ်တခုကို ကိုင်စွဲထားကေ ဇာအတွေးအခေါ်ကိုမဆို ချေဖျက်နိုင်ရေ၊ ကြံ့ကြံ့ခံနိုင်ရေ။ ခိုင်မာရေ၊ အစမ်းသပ်ခံနိုင်ရေ အတွေး အခေါ်ကို မတည်ဆောက်နိုင်ဘဲ ပါတီကို လူအရေအတွက်များဖို့ တခုတည်းနဲ့ တည်ဆောက်ကေ တပ်တွင်းပုန်ကန်မှုတိထိ ဖြစ်လားနိုင်ရေဆိုစွာကို သတိချပ်ဖို့သင့်ရေ။ ခွဲထွက်ရေ၊ ပါတီ နှစ်ခြမ်းကွဲရေ အဆင့်ထိ ဖြစ်လားနိုင်ရေ။ အေချင့်ကို မဖတ်ရ ထိုချင့်မလေ့လာရ တားမြစ်ထားလို့ မရနိုင်။ ပါတီတွင်းမှာ ပန်းပေါင်းတရာ ပွင့်ဖို့လိုရေ၊ အတွေးအခေါ်ပေါင်းစုံ ဖွံ့ဖြိုးနိန်ဖို့ လိုအပ်တယ်။ အတွေးအခေါ်ပေါင်းစုံအပြိုင်အဆိုင် ဆွေးနွေးနိန်ဖို့ လိုအပ်တယ်။ ယေမှရာ အကောင်းဆုံးအတွေးအခေါ်ကို ရွေးချယ် လို့ရနိုင်ဖို့။ ရခိုင်သားတိအားလုံး လက်ခံနိုင်ရေ တော်လှန်ရေ၊ အကောင်းဆုံးအတွေးအခေါ်တခု ပေါ်ထွက်လာနိုင်ဖို့။ ကြားရ သလောက် တောထဲမှာနိန်ရေ ရဲဘော်တိမှာ နယ်စပ်ကဗမာအဖွဲ့အစည်းတိ ထုတ်တေစာအုပ်၊ စာစောင်တိကို တမျှော်မျှော် စောင့်နိန်ရရေလို့ သိရရေ။ ယင်းသတင်းကို ကြားရလို့ စိတ်မကောင်းဖြစ်မိရေ။ နိုင်ငံရေး၊ တော်လှန်ရေးနဲ့ ပတ်သက်တေ တချို့ စာအုပ်တိကို လူကြုံနဲ့တတ်နိုင်သလောက် တောထဲက ရဲဘော်ချေတိအတွက် ပို့ဖြစ်တယ်။ အေချင့်စွာ ရဲဘော်တိ တောထဲမှာနိန်ပြီးကေ အတွေးအခေါ်သီ၊ စိတ်ဓါတ်သီ၊ ဘ၀ပါသီလားနိုင်ရေ အခြေအနေဖြစ်တယ်။ ပါတီမှာ ခေါင်းဆောင် တာဝန်ကိုယူထားရေပုဂ္ဂိုလ်တိ အနေနဲ့လဲ ကိုယ့်ရဲဘော်တိကို ကိုယ့် သား၊ သမီးပိုင် ကိုယ်ချင်း စာတတ်ဖို့လိုရေ။ ပြည်တွင်း ပြည်ပက နိုင်ငံရေး၊ တော်လှန်ရေး ဗဟုသုတရနိုင်ရစီရေ စာအုပ်၊ ဆောင်းပါးတိ၊ စာတမ်းတိကို လေ့လာရေးအတွက် ဖြည့်ပီးဖို့လိုအပ်တယ်။ တခုစိုင်းစားမိစွာက ရဲဘော်တယောက်ကို ရေဒီယိုတလုံးကျ ထောက်ပံ့ပီးနိုင်ကေ အများကြီးအကျိုးဟိနိုင် ရေ။ ပါတီအတွေးအခေါ်ကို ခိုင်မခိုင် စမ်းသပ်နိုင်ဖို့နဲ့ ပါတီနိုင်ငံရေးဖွံ့ဖြိုးတိုးတက်လာဖို့အတွက် တခုတည်းရှိရေနည်းလမ်းရေ ပါတီလေ့လာရေးရာ ဖြစ်တယ်ဆိုစွာကို ပါတီတိုင်း ဆုတ်ကိုင်ထားသင့်ရေ။ ယင်းချင့်ကို တစိုက်မတ်မတ် အကောင်အထည်ဖော် လုပ်ဆောင်ပီးဖို့လဲလိုအပ်တယ်။

(၃) အပြောင်းလဲကို လိုလားရေ စိတ်
နောက်တခုက ပါတီတခုမှာပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းတခုမှာပဲဖြစ်ဖြစ် ပုံမှန်အခြေအနေကို မကြိုက် မနှစ်သက်လို့ လမ်းကြောင်း သစ် ဖောက်ချင်လူတိအများကြီးရှိရေ။ ယင်းချင့်ကို လမ်းကြောင်းသစ် ဖောက်ချင်ရေလူတိလို့ ဆိုကတ်တယ်။ စွန့်ဦးထွက်တီထွင် ရှင်လို့လဲ သုံးနှုန်းကတ်တယ်။ ယင်းလူတိအတွေးအခေါ်စွာ သာမန်လမ်းရိုးဟောင်းက အတွေးအခေါ်တိနဲ့ တူနိုင်ဖို့မဟုတ်။ ယင်းစိတ်ဓါတ်မျိုးရှိရေ လူသစ်တိကို တချို့လမ်းဟောင်းက လူတိက အမြင်မကြည်မှုတိနဲ့ နိမ်ချကေ ဆက်ဆံချင်စွာတိလေ့ တချို့ ပါတီတိမှာ တွီ့ရရေ။ လမ်းကြေင်းသစ်တိ၊ အတွေးအခေါ်သစ်တိ၊ လုပ်နည်းလုပ်ဟန်အသစ်တိစွာ ယင်းပိုင် ဖောက်ထွက်ချင်ရေ လူတိဘက်က ထွက်လာတတ်တယ်။ အနီးစပ်ဆုံးဥပမာပီးရဖို့ဆိုကေ ရခိုင်တော်လှန်ရေးထဲက ဗိုလ်ရာဇာရို့ပိုင် လူမျိုးတိ ဖြစ်တယ်။ ဗိုလ်ရာဇာစော် နှစ်ပေါင်းအကြာကြီး တိုးတက်မှုလေ့မဟိ ပျက်စီးမှုလဲမဟိ အသက်တိကြီးရင့်လာပြီးကေ အေအတိုင်း တောထဲမှာ ၀ါးတုတ်ချိုး၊ ကင်းစောင့်ဘ၀နဲ့အခြေအနေကို ပြောင်းလဲဖို့အတွက် ဖဲသာ၊ လက်နက်စွာ အဓိကကျရေလို့ တွေးခေါ် ခရေ။ ယေခါ အတွေးအခေါ်ဟောင်းနဲ့ အတွေးအခေါ်သစ် ပဋိပက္ခစွာ ပေါ်လာရေ။ ယင်းချင့်က တော်လှန်ရေးတခု၊ သမိုင်းတခုမှာ ဖြစ်ရိုးဖြစ်စဉ် တခုရာဖြစ်တယ်။ နောက်ဆုံး သူ့ပါတီထဲမှာ အပြောင်းအလဲ လုပ်လို့ မရ၊ အဂုလူတိနဲ့ ရှေ့တိုးလို့ မရဆိုရေစိတ်နဲ့ သီးခြား Arakan Army ဖြစ်လားခရရေ။ ရခိုင်တော်လှန်ရေး ခေတ်သစ်စာမျက်နှာတခုကို လူမျိုးတိုင်း အထင်ကြီးလေးစား လောက်အောင် စွမ်းဆောင်ပီးနိုင်ခရေ။ ယကလေ့ "ဘုန်းကြီးလို့ အသက်မရှည်"ဆိုပိုင် အသက်ငငယ်ရရွယ်နဲ့ ကျဆုံးလား ခရစွာ ၀မ်းနည်းဖို့ကောင်းရေ။ ကရင်မှာဆိုကေ ဗိုလ်ချုပ်မြကို ညွှန်းရဖို့။ KNU အတွင်းမှာ တဗိုလ်တမင်းနဲ့ ဆုံးဖြတ်ချက်တခု ချက်လို့မရ နိုင်လောက်အောင် ခရီးမရောက်ဖြစ်နိန်စွာကို ဗိုလ်ချုပ်မြက အဖွဲ့အစည်းတွင်း အာဏာသိမ်းပြီးကေ ကရင်တော်လှန်ရေးကို ဦးဆောင်ခရရေ။ ဗိုလ်ချုပ်မြဦးဆောင်ရေ ကရင်တော်လှန်ရေးစွာ ရန်သူကပါ၊ ကမ္ဘာကပါ အသိအမှတ်ပြုရရေ အဆင့်ဖြစ်ခရရေ။ ဗိုလ်ရာဇာရို့ပိုင်၊ ဗိုလ်ချုပ်မြရို့ပိုင် လူတိက (one in a million) လို့ ဆိုရဖို့။ အပြောင်းအလဲကို လိုလားစိတ်၊ ကိုယ့်လူမျိုးကို လူနဲ့ သူနဲ့ တူအောင် ဆက်ဆံခံရဖို့ဆိုရေ စိတ်ဓါတ်နဲ့ တိုက်ပွဲဝင်ခရေ မျိုးချစ်ပုဂ္ဂိုလ်တိလို့ ဆိုရဖို့။ ယင်းအတွက်နဲ့ ပါတီအဖွဲ့အစည်း တခုစွာ ပိုကောင်းရေအပြောင်းအလဲတိကို ဖန်တီးယူဖို့အတွက် လမ်းဖွင့်ပီးထားဖို့လိုအပ်တယ်။ အတွေးအခေါ်သစ်၊ လုပ်နည်း လုပ်ဟန် အသစ်တိကို နေရာပီးဆက်ဆံတ်ဖို့ လိုအပ်တယ်။ မဟုတ်ကေ "အသက်ကြီးလို့ ဘုန်းမကြီး" ဆိုပိုင် တဖြည်းဖြည်း လုံးပါး ပါးပြီးကေ ပျောက်ကွယ်လားနိုင်ရေ။

(၄) နိုင်ငံရေးရေရှိန်
နောက်တခုက နိုင်ငံရေးရေရှိန်ဖြစ်တယ်။ ပါတီတခုမှာ တော်လှန်ရေး၊ နိုင်ငံရေးရေရှိန် တယောက်နဲ့ တယောက် တူနိုင်ဖို့မဟုတ်။ နောက်ပြီးကေ တယောက်နဲ့ တယောက် ဗီဇဥာဏ်လေ့ တူနိုင်ဖို့မဟုတ်။ ဆိုင်ရာဆိုင်ရာ လူတန်းစားအလိုက်၊ ဖြတ်သန်းလာရေ လူမှုအသိုင်းအ၀ိုင်းအလိုက် နိုင်ငံရေးရေရှိန်၊ ဗီဇ၊ အကျင့် တခုလေ့ တူဖို့ မဟုတ်။ ယင်းပိုင် မတူစွာကို တူအောင်ညှိုမယ်ဆိုပြီးကေ အတင်းအဓမ္မ လုပ်လို့မရနိုင်။ ယင်းပိုင်အတင်းအဓမ္မညှိုယူလို့ တချို့ရခိုင်အဖွဲ့အစည်းတိမှာ စွမ်းရည်ရှိရေ၊ အမြင် ထက်မြက်ရေ နိုင်ငံရေးသမားတိ မဟိသလောက် အားနည်းနိန်စွာကို တွီ့ရရေ။ ယင်းအတွက်နဲ့ လက်ဟိမြင်နိန်ရရေ ရခိုင်နိုင်ငံရေးသမား အများစုဆိုစွာ "ငါရို့ ရခိုင်ပြည်ကို ဗမာတိ ၁၇၈၄ မှာ သိမ်းခရေ၊ အဂုလေ့ ရခိုင်တိကို ဗမာတိနိုင်စားနိန်ရေ၊ ငါရို့ တော်လှန်ရဖို့၊ ကုလားတိလေ့ ရခိုင်ပြည်ကိုအရှင်ခံနိန်ရေ၊ ငါရို့ဆုံးရှုံးလားစွာ လွတ်လပ်ရေး၊ ယင်းအတွက်နဲ့ လွတ်လပ်ရေး ရအောင် လုပ်ရဖို့"ဆိုရေ စကားထက် အပို မပြောနိုင်။ "ငါ့ရို့ ယင်းအတွက်နဲ့ စည်းရုံးဖို့လိုရေ၊ စည်းရုံးဖို့ ငါရို့ ပါတီကို ထောက်ခံ၊ ငွေကြေးထောက်ပံ့" ဆိုရုံလောက်ရာဟိရေ။ အမှန်တကယ် နိုင်ငံရေး အရည်အချင်းရှိရေလူဆိုစွာ သမိုင်းကို အလွတ်ကျပြီးကေ ပြောပြ နိန်ရုံလောက်နဲ့မရ။ ဖဲသာတခုတည်းအတွက် လူပြိန်းကြိုက်နိုင်ငံရေးတိကို အတုံးလိုက်အခဲလိုက် ချပြ စည်းရုံးနိန်စွာကို တွီ့နိန်ရရေ။ ယချင့်ကို စေတနာရှိရေ ပြည်သူ့နိုင်ငံရေးသမားတိလို့ မခေါ်နိုင်။ ဖဲသာရလိုမှုတခုတည်းနဲ့  နိုင်ငံရေးအသိဥာဏ် မဖွံ့ဖြိုးသိရေလူတိအကြိုက် လိုက်လုပ်နိန်ကတ်စွာလို့ရာ ပြောရဖို့။ အမှန်တကယ် ဖြစ်သင့်စွာကား လူတိုင်း နိုင်ငံရေးဗဟုသုတ၊ အသိဥာဏ်၊ နိုင်ငံရေးရေရှိန်မြင့်တက်အောင် ဆောင်ရွက်ပီးသင့်ရေ။ ယင်းအတွက်နဲ့ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားလို့ ခံယူလူတိကိုယ်တိုင် နိုင်ငံရေးရေရှိန် ကောင်းနိမ့်ကျနိန်စွာကို တွီ့ရရေ။ ကိုယ့်စွာကို ပြင်ဆင်မှု၊ လေ့လာမှုလေ့မရှိကတ်။ "ဟိက နွားက ကောက်လို့လားကေ၊ နောက်ကနွားကလေ့ ကောက်လို့လားဖို့" ဆိုစွာကို သတိပြုသင့်ရေ။ ယင်းပိုင် လူပြိန်းကြိုက် နိုင်ငံ ရေးသမားတိ ဦးဆောင်နိန်ရေ ဇာပါတီ၊ အဖွဲ့အစည်းတိကိုမဆို နိုင်ငံရေး၊ တော်လှန်ရေး ဗဟုသုတရှိရေ၊ လေ့လာလိုက်စားရေ လူတိက လက်ခံအသိအမှတ် မပြုနိုင်စွာ သေချာရေ။ ယင်းချင့်စွာ အမျိုးမချစ်လို့လဲမဟုတ်။ လုံးဝလွတ်လပ်ရေး၊ ဖယ်ဒရယ် - လုံးလာ၊ ပြားလားမသိစွာကို ကြိုက်စွာရွေး ဆိုလို့ပြောလို့မရ။ အနစ်သာရပြည့်ရေ ရွေးချယ်မှုဆိုစွာ အသိဥာဏ်ကလာစွာ ဖြစ် တယ်၊ ခံစားချက်က လာစွာမဟုတ်။ သူငယ်တန်းအချေကို ဆရာဝန်လုပ်ချင်လာ၊ အင်ဂျင်နီယာလုပ်ချင်လာ လားမိန်းစွာနဲ့ တူနိန် ရေ။ ယင်းအတွက်နဲ့ နိုင်ငံရေးရေရှိန် တိုးတက်လာဖို့စွာ ကောင်းအရေးကြီးရေ။ ရခိုင်တမျိုးသားလုံး နိုင်ငံရေးရေရှိန် မမြှင့်သရွေ့ ရခိုင်ပြည်တော်လှန်ရေး အားကောင်းဖို့ အလားအလာမဟိနိုင်။ ယင်းအတွက်နဲ့ နိုင်ငံရေးရေရှိန်မြင့်မားလာဖို့ကို တမျိုးသားလုံး တာဝန်တရပ်အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သင့်ရေ။

(၅) ဖဲသာ
နောက်ဆုံးတချက်အနေနဲ့ အမှန်တကယ် တော်လှန်ရေးသမား၊ နိုင်ငံရေးသမားဆိုရေလူတိစွာ အချောင်သမားတိ၊ ကိုယ့်အတ္တမှာ အခြေပြုပြီးကေ လှုပ်ရှားနိန်ရေ လူတိဘက်မှာ ဖဲသာနဲ့ ဈေးဖြတ်ခံနိန်ရရေ ကိစ္စဖြစ်တယ်။ ယင်းချင့်စွာ တော်လှန်ရေးသမား၊ နိုင်ငံရေးသမားကို အပြင်က နိုင်ငံရေး၊ တော်လှန်ရေးကို နားမလည်ရေလူတိက ဈေးဖြတ်တယ်ဆိုကေ လက်ခံနိုင်ရေ။ အဂုက ယပိုင်မဟုတ်။ ပါတီအတွင်းမှာ ဈေးဖြတ်ခံနိန်ကတ်ရစွာဖြစ်တယ်။ ပါတီထဲက နိုင်ငံရေး၊ တော်လှန်ရေး ရေရည်အမြင်ရှိလူ၊ တွေးခေါ်စိုင်းစားနိုင်ရေလူတိစွာ ဖဲသာရှာဖို့ တတ်ချင်မှ တတ်ကတ်ဖို့။ ယင်းချင့်စွာ အစွမ်းအစမဟိလို့လို့ ပြောလို့မရ။ ဖဲသာရှာဖို့ စွာကို စိတ်မ၀င်စားဘဲ နိုင်ငံရေး၊ တော်လှန်ရေးထဲမှာ သူ့အတွေးကို နှစ်မြုပ်ထားစွာ ဖြစ်နိုင်ရေ။ ယင်းပိုင် သက်တမ်းရင့်၊ နိုင်ငံရေး နဲ့ဆိုင်ရေ အရည်အချင်း ပြည့်မှီရေ နိုင်ငံရေး၊ တော်လှန်ရေးသမားတိစွာ ပါတီမှာ သြဇာအာဏာ မဟိစွာကို တွီ့နိန်ရရေ။ အကြောင်းအရာက ဖဲသာမရှာပီးနိုင်ဆိုရေ အကြောင်းအရင်းဖြစ်တယ်။ ယင်းအတွက်နဲ့ အတွေးအခေါ် ထက်မြက်တေလူတိ၊ နိုင်ငံရေး၊ တော်လှန်ရေးကို တစိုက်မမတ် လေ့လာနိန်ရေပုဂ္ဂိုလ်တိ တင်ပြအကြံပြုရေ အတွေးအခေါ် ကောင်းတိစွာလေ့ ဂျောင်ထိုး ခံရစွာတိဟိနိန်ရေ။ ယင်းအတွက် ပါတီစွာ သက်တမ်းရာကြာလာရေ နိုင်ငံရေးအရ၊ စည်းရုံးရေးအရပါ တ၀ဲလည်လည် ဖြစ်နိန် ကတ်ရရေ။ ဖဲသာရှာပီးနိုင်ရေ လူတိကား ပါတီမှာလေ့ သြဇာဟိ၊ ထမင်းရှင်ပိုင်လေ့ အထင်ခံရ၊ ရဲဘော်တိကိုလေ့ တပည့်ပိုင်၊ အခိုင်းအစေတိပိုင် ခိုင်း၊ ကိုယ့်လေ့ တော်လှန်ရေးဘူဇွာ ဖြစ်ပြီးကေ သာယာနိန်ကတ်စွာတိကို တွီ့ရ။ သူရို့စွာ လက်ဟိ အခြေအနေကို ပျက်လားဖို့စွာကို ကြောက်တယ်။ ပါတီကိုပြုပြင်ပြောင်းလဲရေးလုပ်ကေ အဂုရဟိထားရေ သူရို့အနေအထား ပျောက်လားဖို့စွာကို ကြောက်တတ်တယ်။ ယင်းအတွက်နဲ့ အေအတိုင်း (status quo) ကို ထိန်းထားကတ်စွာကိုလေ့ တွီ့ရရေ။ ဖဲသာ မရှာပီး နိုင်ရေ နိုင်ငံရေး၊ တော်လှန်ရေး အမြော်အမြင်ရှိရေလူတိ တင်ပြရေ လက်ဟိ ကမ္ဘာ့အခြေအနေ၊ ဗမာပြည်နိုင်ငံရေး အခြေအနေ၊ ရခိုင်ပြည်နိုင်ငံရေးအတွက် ဖြစ်သင့်ရေပေါ်လစီတိစွာ ဘေးရောက်လားရတတ်တယ်။ ယင်းပိုင် ပေါ်လစီအဟောင်း တိ၊ အတွေးအခေါ်အဟောင်းတိ၊ လက်ဟိအခြေအနေနဲ့မကိုက်ညီရေ နိုင်ငံရေးလုပ်ငန်းစိုင်တိ နောက်ကွယ်က အကြောင်းအရင်း နောက်ခံတိကို နိုင်ငံရေး၊ တော်လှန်ရေးကို စာအုပ်စာပေဖတ်ပြီးကေ စိတ်ဝင်စားလာရေလူငယ်တိ ရိပ်မိဖို့မလွယ်။ အေချင့်က လူတယောက်၊ အဖွဲ့အစည်းတခု နှစ်ပေါင်းများစွာ အခြေတည်လာပြီးမှ ဖြစ်လာရေအကြောင်းအရာတိ ဖြစ်နိန်ရေ။ ပါတီတွင်းက တချို့ရို့ ရိပ်မိကတ်တယ်။ ယကလေ့ သူရို့လေ့ ဖဲသာရှာပီးနိုင်ရေ လူတိမွီးစပ်ခံရလို့၊ ဝေစုခွဲလို့ ကျေနပ်နိန်ကတ်တယ်အတွက် အပြောင်းအလဲလုပ်သင့်စွာကို သိကေလေ့ တခုအသံလေ့မထွက်ဘဲ ငြိမ်နိန်ကတ်တယ်။ ယင်းပိုင်အကြောင်းအရာတိကို တချို့ နိုင်ငံရေး၊ တော်လှန်ရေးမှာ ထထဲ၀၀င်ပါဝင်ဖူးရေလူတိက တစုံတရာ နားလည်သဘောပေါက်ကတ်တယ်။ ယင်းပိုင် တော်လှန်ရေး ဘူဇွာ ပေါက်စတိစွာ အများကြိုက် (populism) ကို ဆုတ်ကိုင်ပြီးကေ နိုင်ငံရေးအရ မရင့်ကျက်ရေလူတိ ဖြစ်တတ်တေ စိတ်ခံစားမှု နိုင်ငံရေး (Emotional Politics) မှာ အခြေပြုပြီးကေ အမြတ် ထုတ်နိန်ကတ်တယ်။

နိဂုံးချုပ်ပြောချင်စွာက အထက်မှာပြောခရေ အကြောင်းအရင်း (၅) ချက်စွာ ရခိုင်သမိုင်းကြောင်းတလျှောက်မှာ လက်ဟိ အခြေအနေထိ  ဖြစ်နိန်ရေ အကြောင်းအရာတိလို့ သုံးသပ်မိရေ။ အေအခြေအနေတိကို ကျော်လွှားနိုင်မှရာ ရခိုင်တော်လှန်ရေးကို စပြီးကေ အုတ်မြစ်ချတည်ဆောက်လို့ ရနိုင်ဖို့လို့ယုံကြည်ရေ။ ယင်းပိုင်အကြောင်းအရာတိကို မပြုပြင်ဘဲ စည်းရုံးရဖို့ ညီညွတ်ရဖို့ ဆိုရေ အပေါ်အယံအကြောင်းအရာတိကိုရာ ပြဿနာအရင်းအမြစ်လို့ ထင်မှတ်နိန်ကတ်ကေ အေအတိုင်း တ၀ဲလည်လည် ဟိနိန် ဖို့သိ။ ခေတ်တိ၊ နှစ်တိ၊ အချိန်တိရာ ပြောင်းလီဖို့ အေအတွေးခေါ်ဆိုး၊ ဥာဏ်ဆိုးတိ ဟိနိန်သရွေ့ တော်လှန်ရေးအရှိန်အဟုန် တခုစွာ ပပီပပြင်ဖြစ်လာနိုင်ဖို့မလွယ်။ အေချင့်က နှစ်ပေါင်းအကြာကြီး ရခိုင့်တော်လှန်ရေးမှာ အခြေကျနိန်ရေ လုပ်နည်းလုပ်ဟန် တိဖြစ်တေပိုင် အေချင့်တိကို အယင်တော်လှန်ပြောင်းလဲနိုင်ဖို့အတွက် အရည်အချင်းဟိရေ၊ အမြင်အမြော်ဟိရေ၊ ပီးဆပ်စွန့်လွှတ် လူတိ ရခိုင်သားထဲမှာ အများကြီးလိုအပ်တယ်။ ရခိုင်တော်လှန်ရေးကို ပြည်သူတိ ဇာအတွက်စိတ်မ၀င်စားကတ်လဲ အဖြေတိစွာ လေ့ အထက်မှာတင်ပြခရေ အချက် (၅) ချက်ထဲမှာ တစိတ်တပိုင်းအနေနဲ့ ပါဖို့ထင်ရေ။ နိုင်ငံရေးဖြစ်စဉ်တခု၊ အဖြစ် အပျက်တခု၊ ပဋိပက္ခတခုကို ချဉ်းကပ်တေနေရာမှာ ဆန္ဒစွဲကင်းနိုင်ဖို့ လိုရေပိုင် ငါ့ပါတီ၊ ငါ့အဖွဲ့အစည်း၊ ငါ့လူမျိုး ဆိုစွာတိကို ခ၀ါချပြီးကေ ရှုမြင်တတ်ဖို့လဲ လိုရေ။ အကြောင်းအရာတခုကို ကိုယ်က ဇာအမြင်က ကြည့်လေဆိုစွာ ကောင်းအရေးကြီးရေ။ အမြင်မတူကေ ရပ်တည်ချက် မတူနိုင်၊ ရပ်တည်ချက် မတူကေ နည်းနာလေ့ မတူနိုင်။ ယင်းအတွက်နဲ့ အမြင်၊ ရပ်တည်ချက်၊ နည်းနာ မှန်ကန်အောင် အနုလုံပဋိလုံ တွေးခေါ်စိုင်းစားနိုင်ဖို့ အားထုတ်ရဖို့လိုရေ။ ယေမှရာ ဇာကြောင့် ဇာဖြစ်တယ်ဆိုစွာကို အစွဲကကင်းနဲ့ ရှုမြင်နိုင်ဖို့၊ ယင်းပိုင်ရှုမြင်နိုင်မှလေ့ ရခိုင့်တော်လှန်ရေးတိုးတက်ကြီးပွားရေးအတွက် ကိုယ်လေ့ အုတ်တချပ် သဲတပွင့် ပါဝင်လုပ်ဆောင်ပီးလို့ရဖို့။ နောက်လေ့ ရခိုင်ပြည်နိုင်ငံရေး၊ တော်လှန်ရေးနဲ့ဆက်စပ်တေ အကြောင်းအရာတိကို ဆက် ရီးနိုင်ဖို့ ကြိုးစားလားမယ်။

ရခိုင်သူ၊ ရခိုင်သားတိုင်း ဘ၀မှာ တိုးတက်အောင်မြင်မှုတိ ရနိုင်ကတ်ပါစီလို့ ဆုတောင်းမိရေ။

ဦးမောင်ကျော်ခိုင်
(၃ - ၃ - ၂၀၁၁)

(ရခိုင်တော်လှန်ရေးအတွက် အကျိုးဟိဖို့လို့ ယူဆကေ စိတ်ကြိုက်ကူးယူဖော်ပြ ဖြန့်ဝီနိုင်ရေ။)

ကျုပ်အကြောင်း

"ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း.. ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ်။

ငါအခါတစ်သိန်း သေခဲ့ရင်တောင်၊ အခါတစ်သန်း မြန်မာပြည်မှာပဲ လူပြန်ဖြစ်ရပါစေလို၏။"

နယ်ချဲ့ဘုရင်ခံချုပ်ကို မြန်မာပြည်က ထွက်သွားဖို့ ပထမဆုံးရဲရဲတောက် စိမ်ခေါ်ပြောဆိုသူဟာ ဆရာတော် ဦးဥတ္တမပဲဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း
(ဦးဥတ္တမအတ္ထုပ္ပတ္တိ)

ဆရာတော်ဦးဥတ္တမသည် မြန်မာတမျိုးသားလုံး၏ ကျေးဇူးရှင်ကြီးဟုလည်းကောင်း၊ ကိုလိုနီဆန့်ကျင်ရေးတပ်ဦး၏ အကြီးအမှူး စစ်သူကြီးဟုလည်းကောင်း၊ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်ဟုလည်းကောင်း၊ မျိုးချစ်အာဇာနည် မြန်မာ့သားကောင်းသားမြတ် တဦးအဖြစ်လည်းကောင်း၊ ထည့်သွင်းအသိအမှတ်ပြု မော်ကွန်းရေးထိုးခဲ့ပါသည်။

သခင်လွင်
(ဦးဥတ္တမလက်ရွေးစင်)

မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုကို တိုက်ရည်ခိုက်ရည် သွင်းပေးလိုက်တဲ့ ပုဂ္ဂိုလ်မှာ ဆရာတော်ဦးဥတ္တမပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်
(ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး)
ဗမာ့ရေးရာ

National Coalition Government of the Union of Burma
National Council of the Union of Burma
Global Action for Burma (GAB)
Free Burma Federation
Democratic Party for a New Society
All Burma Students’ Democratic Front
All Burma Federation of Student Unions
Assistance Association for Political Prisoners (Burma)
Driving for Burma
Ethnic Nationalities Council
FORUM FOR DEMOCRACY IN BURMA
Women's League of Burma
Association of United Nationalities in Japan
Shan Human Right Group
Burma Lawyers' Council
The Best Manure
Students and Youth Congress of Burma
National League for Democracy/Liberated Area
International Burmese Monks Organization
Canadian Friends of Burma
သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ
ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီ
University Students Union
ဓနုအမျိုးသားကောင်စီ
ရှမ်းပြည်လူငယ်ဒီမိုကရက်တစ်အင်အားစုများ
See Burma
Generation-Wave
ဗမာ့ရေးရာအင်အားစု


ကိုထိုက်
ကိုဈာန်
ကိုမော်
ကိုမောင်ရင်
ကိုလူလှ
ကိုရုပ်ဆိုး
ကိုဖိုးဇေ
ကောင်းကင်ကို
ကဒေါင်းညင်သာ
ကေသွယ်
ခင်မင်းဇော်
ခွာညို
ဂျစ်တူး
ဂင်ကြီး
ငြိမ်းဝေ
ငြိမ်ချမ်းအောင်
စိုးဝှက်
စိုင်းဝဏ္ဏ
ဆောင်းယွန်းလ
ဇာဂနာ
ညိမ်းညို
ညိုကြီး
ဒေါက်တာလွဏ်းဆွေ
ဒေါင်းမာန်ဟုန်
ဒီရေ
သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ
ရွှေဝါရောင်တော်လှန်ရေး
ရှမ်းပြည်လူ့အခွင့်အရေးအဖွဲ့
ရန်အောင်
ရွက်မွန်
ရဲရင့်ငယ်
ရွှေဥသြ
ရနံ့မပြယ်မယ့် အဆုံးမဲ့ကမ္ဘာ
သစ်ခက်သံလွင်
သစ်ကောင်းအိမ်
ပြည်ထောင်စု လူ့အခွင့်အရေးကောင်စီ
ပထီးပကော်
ဖိုးတရုတ်
မာယာ
မဇ္ဈိမ
မိုးမခ
မိုးချိုသင်း
မိုးသီးဇွန်
မေငြိမ်း
မသဒ္ဒါ
မေဓာဝီ
မောင်လှ
မျိုးမြင့်အောင်
မာန်လှိုင်းငယ်
ထားဝယ်သား
နစ်နေမန်း
နှင်းခါးမိုး
ယောဟန်အောင်
လင်းလက်ကြယ်စင်
လူဆိုးစာရင်း...
သမိုင်းထဲကရက်စွဲများ
ဟင်းလင်းပြင်
ဓမ္မနဲ့ အဓမ္မ
နယ်ခြားမဲ့ မြန်မာဘလော့ဂါများ
မြန်မာစစ်အုပ်စုအား စောင့်ကြည့်သူများအဖွဲ့ 
အာဏာရှင်ကို တော်လှန်ခြင်း
အောင်သာငယ်
အောင်စေရာပြည်
အရှင်မေတ္တာစာရ
အိမ်ချမ်းမြေ့
အိပ်မက်အိမ်
အောင်မိုးဝင်း
အန်ဒါမန်ဟီးရိုး


ဘီဘီစီ
ဗွီအိုအေ
လွတ်လပ်သည့် အာရှအသံ
ဒီမိုကရက်တစ် မြန်မာ့အသံ
မိုးမခ
မြန်မာ့လူမျိုးစု မြန်မာ့အသံ
ပြည်ထောင်စုအသံ


ဟံသာဝတီ
ခေတ်ပြိုင်
ဧရာဝတီ
မဇ္ဈိမ
ဒီမိုကရက်တစ် မြန်မာ့အသံ
ဗွီအိုအေ
ရိုးမ ၃
မိုးမခ
ယနေ့မြန်မာ
နေ့သစ်
အမ်အိတ်ခ်ျကေ (NHK)
ခါကာဘိုရာဇီ (မိုးကြိုး သတင်းစာ)
ဟစ်တိုင်
နေရဉ္ဖရာ
အာဟာရစာစောင် (ဂျပန်)
မိုးသောက်ကြယ် (ဂျပန်)
သံလွင်အိပ်မက်
ငုရင်ပြင်
နိုင်ငံတကာ မြန်မာသတင်း စာမျက်နှာများ
AP
AFP
Emergency Burma Relief


www.chanmyay.org
www.prayforburma.org
www.myanmarchristian.net
www.myittawardiparahita.com
www.burmesebible.com/hymn
www.dhammadana.org
www.myanmarbible.net
www.myanmarbible.com


www.burmacampaign.org.uk
www.uscampaignforburma.org
www.cfob.org
www.burmafund.org
www.burma.no
www.gabforburma.info


www.encburma.org
www.kwekalu.net
www.knla.meabs.com
www.kachinland.org
www.kachinnews.com
www.monnews-imna.com
www.rakhapura.com
www.shanland.org
www.chinland.org
www.ndf-burma.org
www.sycb.info


www.prospectburma.org
www.soros.org
www.studentscenter.info
www.ex-rit.org/rit.asp
www.acu.edu.au
www.abfsu.net
www.nationmaster.com
www.ibiblio.org
www.ejcanadacollege.com
www.encburma.org


www.mhyawlintchin.blogspot.com
www.myanmarhealthcare.com
www.myanmarmedicine.com
www.drwinthein.co.cc www.health.ngoinmyanmar.org


www.myanmarmp3.net
www.mm-fg.net
www.pansagar.com
www.nyakabyar.com
www.myanmarmusic.homeip.net
www.shwedream.com
www.freemyanmarvcd.com
www.burmeseclassic.com
www.khayanpyareinmet.com
www.myanmarworld.com
www.apytz.com


Collections
Faxtoon
Myanmar Massacre

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
counter