|မူလစာမျက်နှာ | သတင်း | ဆောင်းပါး | Ebook | သီချင်း | ဗွီဒီယို | ကဗျာ | အထွေထွေ | ထုတ်ပြန်ကြေငြာချက် | ဆက်သွယ်ရန် |

Thursday, April 14, 2011



  1. သင်္ကြန်အကျနေ့ တပ်မတော်ခန်းမရှေ့ ယာဉ်မတော်တဆမှုဖြစ် ကိုးဦးဒဏ်ရာရ ၊
  2. မဟာသင်္ကြန်အကြိုနေ့မြင်ကွင်းများ ၊
  3. ယခင်နှစ် သင်္ကြန်ကာလ ဗုံးပေါက်ကွဲ၍ သွေးစွန်းခဲ့ရသော ဖြစ်စဉ်ကြောင့် ယခုနှစ် သင်္ကြန်တွင် လုံခြုံရေးနှင့် ပတ်သက်သော စည်းကမ်းများ ပိုမို သတ်မှတ်ထားပြီး လုံခြုံရေးသတိ ပိုမိုထားရှိလာကြ ၊
  4. ထိုင်းရောက်မြန်မာတွေသင်္ကြန်အိမ်ပြန် ၊

သင်္ကြန်အကျနေ့ တပ်မတော်ခန်းမရှေ့ ယာဉ်မတော်တဆမှုဖြစ် ကိုးဦးဒဏ်ရာရ

ရန်ကုန် ဧပြီ ၁၄။
သင်္ကြန် အကျနေ့ ဧပြီ ၁၄ရက်က ရန်ကုန်မြို့ ဦးဝိစာရလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ ကားပေါ်ပါသူ ကိုးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
ယနေ့ နံနက် ၁၀နာရီခွဲခန့်တွင် ဦးဝိစာရလမ်းအတိုင်း မောင်းနှင်လာသော ဆန်းထွန်းအင်ဂျင်နီယားရင်းလုပ်ငန်းပိုင် လိုက်ထရပ်ကားတစ်စီးသည် လမ်းပေါ်တွင် စလစ်ဖြစ်ကာ အရှိန်မထိန်းနိုင်ဘဲ တပ်မတော်ခန်းမရှေ့ရှိ သံတံခါးတိုင်ကို ၀င်ရောက်တိုင်မိခဲ့သည်။ ကားခေါင်းပိုင်းတစ်ခုလုံး ကြေမွပျက်စီးသွားပြီး ကားပေါ်ပါ သူများ အားလုံး ထိခိုက်ဒဏ်ရာရသွားကြောင်းသတင်းရရှိသည်။
`ကားခေါင်းခန်းပါတဲ့ နှစ်ယောက်ကတော့ အတော်အခြေအနေဆိုးတယ်ဗျ`ဟု မျက်မြင်သက်သေတစ်ဦးက သင်္ကြန်သတင်းအဖွဲ့ကိုပြောပြသည်။
ဒဏ်ရာရသူအားလုံးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ဆေးကုသမှုခံယူစေပြီး သက်ဆိုင်ရာက ဥပဒေကြောင်းအရ အမှုဖွင့်အရေးယူထားကြောင်း စုံစမ်းသိရှိရသည်




မဟာသင်္ကြန်အကြိုနေ့မြင်ကွင်းများ

TG1
ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နံနက် ၈နာရီက ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်း

TG2


အကြိုနေ့ ရန်ကုန်သင်္ကြန်

ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ကို ဧပြီလ ၁၃ ရက် နေ့(သင်္ကြန်အကြိုနေ့)၊ နံနက် ၈ နာ ရီတွင် ဖွင့်လှစ်ခြင်းနှင့်အတူ ၁၃၇၆ ခုနှစ် ရန်ကုန်မဟာသင်္ကြန်ကို စတင်ခဲ့သည်။

သို့သော် ရန်ကုန်သင်္ကြန်အကြိုနေ့မှာ ယခင်နှစ်များက နှစ်စဉ်ကြိတ်ကြိတ်တိုးစည်ကားမြဲ လမ်းမကြီးများတွင် စည်ကားသကဲ့သို့ ယခုနှစ် အကြိုနေ့တွင် သင်္ကြန်ကား၊ သင်္ကြန်လည်ပတ်သူများ များပြားခြင်းမရှိခဲ့ဟု အကြိုနေ့ရေကစားထွက်သူများက နှိုင်းယှဉ်ပြောကြားခဲ့ကြသည်။

မဏ္ဍပ်ကြီးများတည်ရှိရာ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကန်တော်ကြီးကန်ပတ်လမ်းများမှ အပ အခြားနေရာများတွင် သင်္ကြန်ကား၊ သင်္ကြန်ကိုလမ်းလျောက်လည်ပတ်သူများ ယခင်နှစ်များထက်နည်းပါးခဲ့သည်။

TG3

TG4

ကမ္ဘာအေးစေတီလမ်းပေါ်ရှိ X2O မဏ္ဍပ်အား သင်္ကြန်အကြိုနေ့ နေ့လည်၁၂နာရီခန့်က တွေ့မြင်ရစဉ်

ရန်ကုန်သင်္ကြန်အကြိုနေ့မှာ နံနက်ပိုင်းမှစကာ နေ့လည် ၁ နာရီ ၀န်းကျင်အထိ သင်္ကြန်ရေပက်ခံကားများ၊ သင်္ကြန်လည်ပတ်သူများကို ကြိုးတိုးကျဲတဲသာတွေ့မြင်ရပြီး မွန်းလွဲ ၂ နာရီနောက်ပိုင်းမှသာ ဖျော်ဖြေရေးပါဝင်သည့် မဏ္ဍပ်ကြီးများ ရှေ့လာရောက်မှုရှိခဲ့ကြောင်း ရေပက် ခံထွက်သူများကဆိုသည်။

''အကြိုနေ့က မနှစ်ကလောက် မစည်ဘူးလို့ ပြောရတာက မနှစ်က ကန်တော်ကြီးကန်ပတ်လမ်းမှာ မဏ္ဍပ် ၁၆ ခုရှိတယ်။ ပြည်လမ်းမှာလဲ ရှိတယ်။ ကမ္ဘာအေးစေတီလမ်းမှာလဲ အရေအတွက်မနည်းဘူး မဏ္ဍပ်ကြီးတွေရှိခဲ့တယ်။ မဏ္ဍပ်များတာတောင်မှ မဏ္ဍပ်တိုင်းရဲ့ရှေ့မှာ အကြိုနေ့ကတည်းက ရေပက်ခံကားတွေ ဖျော်ဖြေရေးလာကြည့်တဲ့သူတွေ လမ်းတောင်ပြည့်လို့ ကားတွေမနည်းသွားရတယ်။ ဒီနှစ် ကန်ပတ်လမ်းမှာ မဏ္ဍပ်က ၇ ခုပဲရှိတယ်။ ပြည်လမ်းမှာ ၄ ခုနဲ့ ကမ္ဘာအေးမှာ ၅ ခုပဲရှိတယ်။ မဏ္ဍပ်နည်းသွားတဲ့အတွက် မနှစ်ကအတိုင်းသာ ရေပက်ခံကားတွေလာရင် လမ်းတွေတောင်ကြပ်သွားမှာလေ။ အခုကတော့ မနက်ကဆို ရေပက်ခံကားက ကြိုးတိုးကျဲတဲ၊ ရေပက်ခံလာတာတဲ့သူကလည်း ဟိုတစ်စုဒီ တစ်စုလောက်ပဲ။ ညနေပိုင်းရောက်မှ တွေ့ရတာ။ မဏ္ဍပ်နည်းသွားတာတောင် မဏ္ဍပ်ကြီးတွေရှေ့မှာတောင် အရမ်းကြီး ကားမကြပ်တဲ့အတွက် မနှစ်ကထက် ဒီနှစ်သင်္ကြန် အကြိုနေ့က စည်ကားမှုနည်းခဲ့တယ်လို့ ပြောရတာပါ။ ကန်တော်ကြီး ကန်ပတ်လမ်းကို မနှစ်က အကြိုနေ့ကားနဲ့ ၀င်သွားတာ ၃ နာရီလောက်ကြာမှ တစ်ဖက်ကို ရောက်တယ်။ ဒီနှစ်ကတော့ ကန်ပတ်လမ်းကို ရေပက်ခံထွက်တာ ကားကြပ်တဲ့ ညနေ ပိုင်းအချိန်မှာတောင် ၄၅ မိနစ်က အလွန်ဆုံးပဲ။ ပြောရရင် မဏ္ဍပ်ကြီး တွေရှိတဲ့ နေရာတွေမှာပဲ ရေပက်ခံကား၊ ရေပက်ခံထွက်တဲ့သူနည်းနည်းများပြီး ကျန်တဲ့နေရာတွေတော့ မစည်ကားပါဘူး''ဟု အဆိုပါမဏ္ဍပ် များသို့ ရေပက်ခံထွက်ခဲ့သူတစ် ဦးကဆိုသည်။

TG5

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နံနက် ၁၁နာရီဝန်းကျင်က ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ ရေကစားမဏ္ဍပ်များ မြင်ကွင်း

TG6

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နံနက် ၁၁နာရီဝန်းကျင်က ရန်ကုန်မြို့ ကန်တော်ကြီးကန်ပတ်လမ်းရှိ ဈေးဆိုင်များမြင်ကွင်း

''ကားနဲ့လည်တဲ့သူအများစုကလည်း မဏ္ဍပ်ရှိတဲ့နေရာကိုပဲ စုပြုံပြီးမ၀င်ပဲ ရန်ကုန်မြို့အနှံ့၊ မြို့နယ်လေးတွေကို ပတ်ပြီးလည်ကြတာ။ နောက် အကျနေ့၊ အကြတ်နေ့၊ အတက်နေ့တွေကတော့ စည်မစည် စောင့်ကြည့်ရမှာပါ။ ဒီနေ့အကြိုနေ့ကတော့ မနှစ်ကလောက်မစည်ဘူး'' ဟု ကားဖြင့် ရေပက်ခံထွက်ခဲ့သူ တစ်ဦးကပြောပြခဲ့သည်။

''အကြိုနေ့မတိုင်ခင် မဏ္ဍပ်စီစဉ်သူတွေကို သက်ဆိုင်ရာကကြိုတင် သတိပေးမှုရှိခဲ့တယ်။ လုံခြုံရေး အထူးသတိထားဖို့ပါ။ ဒါကြောင့် ကျွန်တော့် မဏ္ဍပ်တစ်ခုတည်းမှာ ပုဂ္ဂလိကလုံခြုံရေး ၂၀ ဦးခေါ်ထား တယ်။ သက်ဆိုင်ရာက လုံခြုံရေး အဖွဲ့ဝင်တွေကလည်း မဏ္ဍပ်ပတ်ဝန်းကျင်မှာ ၃၀ ဦးလောက်ကိုရှိတယ်။ သင်္ကြန်အကြိုနေ့ကတော့ မနှစ်ကလောက် လူအများဘူးပြောရမှာပေါ့။ အစရက်ပဲရှိသေးလို့ လူနည်းတာဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ မနက်ပိုင်းကတော့ ကားရော လူရော လုံးဝမစည်ဘူး။ ညနေပိုင်းရောက်မှ မဏ္ဍပ်ရှိတဲ့လမ်းမကြီးတွေမှာ ရေပက်ခံကားတွေ ရောက်လာတာ'' ဟု မဏ္ဍပ်စီစဉ်သူတစ်ဦးက ပြောပြခဲ့သည်။

TG7

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ ညနေ ၅နာရီဝန်းကျင်က ရန်ကုန်မြို့ ကန်တော်ကြီးကန်ပတ်လမ်းမြင်ကွင်း

TG8

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ ညနေ ၄နာရီဝန်းကျင်က ရန်ကုန်မြို့ ပြည်လမ်း Air Bagan မဏ္ဍပ်ရှေ့ မြင်ကွင်း

TG9

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ ညနေ ၃နာရီခွဲဝန်းကျင်က ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်း မြင်ကွင်း

TG101

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ ညနေ ၄နာရီဝန်းကျင်က ရန်ကုန်မြို့ ပြည်လမ်း မြင်ကွင်း

ကန်တော်ကြီးကန်ပတ်လမ်းရှိ မဏ္ဍပ်အချို့မှာ အကြိုနေ့ နေ့လည်ပိုင်းအထိ ရေကစားမဏ္ဍပ်လက်မှတ်များ ရောင်းချနေရဆဲဖြစ်ကြောင်း၊ အကြိုနေ့တွင် လာရောက်ရေပက် သူမပြည့်သည့် မဏ္ဍပ်များပင်ရှိခဲ့ကြောင်းလည်း သိရသည်။

အကြိုနေ့ နေပြည်တော်သင်္ကြန်

N1

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်း

N2

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နေပြည်တော် ဟိုတယ်ဇုန်ရှိ ဟိုတယ်မဏ္ဍပ်များတွင် ရေကစားသူများဖြင့် စည်ကားနေစဉ်


၂၀၁၁ခုနှစ် နေပြည်တော်မဟာ သင်္ကြန်အကြိုနေ့တွင် ဟိုတယ်ဇုန်များရှိ ရေကစားမဏ္ဍပ်များ ဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်မြို့တော်ဝင်ရေ ကစားမဏ္ဍပ်သည် ဧပြီလ(၁၃)ရက် ညနေ ၅ နာရီတွင်ဖွင့်လှစ်ခဲ့ကြောင်း၊ နေပြည်တော်မဟာသင်္ကြန် အကြိုနေ့တွင် ဖွင့်လှစ်ခဲ့သော ဟိုတယ် ရေကစားမဏ္ဍပ်များမှာ ဟိုတယ်ရွှေ ပြည်တော်၊ အိုအေစစ်၊ အမရာ၊ ရိုင်ရယ်ကုမုဒြာ၊ ရွှေမြန်မာ၊ မြတ်တော်ဝင်၊ ရွှေနန်းတော်တို့ဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော် မဟာသင်္ကြန် အကြိုနေ့မှာ ယခင်နှစ်ကကဲ့သို့ပင် ရေပက်ခံထွက်သူများ၊ ရေပက်ကစားသူများဖြင့် စည်ကားခဲ့ကြောင်း၊ အစည်ကားဆုံးနေရာမှာ နေပြည်တော် ဟိုတယ်ဇုန်တွင်ဖြစ်ပြီး ဟိုတယ်ရေကစားမဏ္ဍပ်များတွင် လူစည်ကားမှုအများဆုံးဖြစ်ကြောင်း သိရသည်။

အဆိုပါ နေပြည်တော်မဟာသင်္ကြန်အကြိုနေ့တွင် ဟိုတယ်ဇုန် ရာဇသင်္ဂဟလမ်းမကြီးပေါ်ရှိ ရေကစားမဏ္ဍပ်များကို ၂၀၁၁ခုနှစ် ဧပြီ (၁၃) ရက် နံနက် (ဂ)နာရီတွင် ရေကစား မဏ္ဍပ်များ စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းအခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဌေးအောင်၊ လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်နှင့် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသော ဦးကံချွန်နှင့် အခြားတာဝန်ရှိ သူများတက်ရောက်ဖွင့်လှစ်ခဲ့ကြကြောင်း သိရှိရသည်။

အကြိုနေ့တည်းက စည်ကားတဲ့ မန္တလေးသင်္ကြန်

M1

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်း

M2

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့က မန္တလေးမြို့ မြင်ကွင်း

ယခုနှစ်သင်္ကြန်ပွဲတော်တွင် မန္တလေးမြို့၌ အကြိုနေ့မှစတင်ကာ ရေကစားလည်ပတ်သူများနှင့် စည်ကားလျက်ရှိပြီး သင်္ကြန်တွင်းကာလ အဓိကအစည်ကားဆုံးနေရာဖြစ်သော ကျုံးမြို့ရိုးပတ်လည်တွင် သင်္ကြန်အကြိုနေ့မတိုင်မီ ညနေပိုင်းများ မှစတင်ကာ ရေကစားသောလူငယ်များနှင့် စည်ကားကြောင်းတွေ့ရှိရသည်။

''ဒီနှစ်သင်္ကြန်ကျုံးပတ်လည် မှာ သင်္ကြန်မတိုင်ခင် ၂ ရက်လိုညတွေကတည်းက စည်ကားနေတယ်။ လူငယ်အများစုက ညပိုင်းဆိုရင် ကျုံးဘေးမှာ သီချင်းတွေအကျယ်ကြီးဖွင့် ကခုန်ပြီးရေကစားကြတဲ့အပြင် လာရောက်ကြည့်ရှုကြ သူတွေလည်းရှိတယ်။ မန္တလေးမှာက ရှေးယခင်အဆက်ဆက် သင်္ကြန်အကြိုနေ့ရေကစားတဲ့ ထုံးစံမရှိဘူး။ တစ်ယောက်တစ်လေ ရေကစားရင်တောင်မှ လူကြီးသူမတွေက ဆုံးမကြတယ်။ အခုတော့ ကျုံးဘေး သင်္ကြန်မဏ္ဍပ်တွေကစပြီး အကြို မတိုင်ခင် ၂ ရက်လောက်ကတည်းက မော်တာစမ်းတာဆိုကာ ညပိုင်းမှာ လာသမျှလူရေပက်ကြတယ်။ တားမယ့် ဆီးမယ့်သူလည်းမရှိ။ တကယ်တော့  သင်္ကြန်အကြိုနေ့မှာ မြို့ တော်ဝန်သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲပြီးမှ ကျုံးပတ်လည်မှာရှိတဲ့ ကျန်တဲ့မဏ္ဍပ် တွေကရေစကစားကြတော့ နောက်ရက် သင်္ကြန်အကျနေ့မှ ရေပတ်ခံထွက်တဲ့သူတွေ လာလည်ကြတာ များတယ်။ ရေပတ်ခံကားတွေအနေနဲ့လည်း အကြိုနေ့ညနေပိုင်းမှ မဟာမုနိဘုရားကြီးကို ဦးတိုက်ပြီး နောက်နေ့မှစလည်လေ့ရှိပေမယ့် ဒီ နှစ်ရေပတ်ခံကားတွေက ဘုရားကြီး ကိုမနက်ပိုင်းဦးတိုက်ပြီး မန္တလေးမြို့ အနီးဝန်းကျင်မှာရှိတဲ့ နေရာတွေကို သွားလည်ပတ်တဲ့ကားတွေများ လာတာတွေ့ရတယ်''ဟု မန္တလေး မြို့ခံတစ်ဦးကဆိုသည်။

သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင် ကျုံးမြောက်ဘက်ရှိ မြန်မာဘရုဝါကုမ္ပဏီမဏ္ဍပ် အိုင်စီတီး ၀ိုင်းရှေ့တွင်လည်း ရေကစားသူလူငယ်များဖြင့် ပြည့်ကျပ်လျက်ရှိကြောင်း တွေ့ရသည်။ အလားတူ ကျုံးတောင်ဘက်ရှိ အယ်ပိုင်းရေကစားမဏ္ဍပ်၊ ဒိုမီနီုရေကစားမဏ္ဍပ်များလည်း အကြိုနေ့နံနက်ပိုင်းမှ စတင်ပြီးရေကစားလျက်ရှိကြောင်း သိရှိရသည်။ NGO အဖွဲ့အစည်းများပူးပေါင်းကာ ၂၇လမ်း ၆၈ လမ်းနှင့် ၆၉ လမ်းကြားနေရာတွင် စတုဒီသာ ကျွေးမွေးပြီး HIV ပညာပေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း တွေ့ရှိရသည်။



http://www.mizzimaburmese.com/images/PhotoNews/water-festival-2011/rangoon-waterfestival-apr13-1.jpg


http://www.mizzimaburmese.com/images/PhotoNews/water-festival-2011/rangoon-waterfestival-apr13-2.jpg

http://www.mizzimaburmese.com/images/PhotoNews/water-festival-2011/rangoon-waterfestival-apr13-3.jpg

http://www.mizzimaburmese.com/images/PhotoNews/water-festival-2011/air-pagan-water-festival.jpg

http://www.mizzimaburmese.com/images/PhotoNews/water-festival-2011/black-jack-mandat.jpg

http://www.mizzimaburmese.com/images/PhotoNews/water-festival-2011/rakhaing-water-festival.jpg

http://www.mizzimaburmese.com/images/PhotoNews/water-festival-2011/bogyoke-market-water-festival1.jpg

http://www.mizzimaburmese.com/images/PhotoNews/water-festival-2011/bogyoke-market-water-festival2.jpg

http://www.mizzimaburmese.com/images/PhotoNews/water-festival-2011/bogyoke-market-water-festival3.jpg

http://www.mizzimaburmese.com/images/PhotoNews/water-festival-2011/punk-style-water-festival1.jpg

http://www.mizzimaburmese.com/images/PhotoNews/water-festival-2011/punk-style-water-festival2.jpg

http://www.mizzimaburmese.com/images/PhotoNews/water-festival-2011/punk-style-water-festival3.jpg




ယခင်နှစ် သင်္ကြန်ကာလ ဗုံးပေါက်ကွဲ၍ သွေးစွန်းခဲ့ရသော ဖြစ်စဉ်ကြောင့် ယခုနှစ် သင်္ကြန်တွင် လုံခြုံရေးနှင့် ပတ်သက်သော စည်းကမ်းများ ပိုမို သတ်မှတ်ထားပြီး လုံခြုံရေးသတိ ပိုမိုထားရှိလာကြ

w62804

၂၀၁၀ ပြည့်နှစ် သင်္ကြန်အကြတ်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ယခုနှစ် သင်္ကြန်တွင် လုံခြုံရေးနှင့် ပတ်သက်သော စည်းကမ်းများ ပိုမို သတ်မှတ်ထားပြီး လုံခြုံရေးသတိ ပိုမိုထားရှိလာကြကြောင်း စုံစမ်းသိရှိရပါသည်။

ထို့အတူ သင်္ကြန်ရေသဘင်ပွဲတော် ဆင်နွှဲကြသူများ၏ စိတ်၌ ၂၀၁၀ သင်္ကြန်က မေ့ဖျောက်မရနိုင်သော ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ မြန်မာတို့၏ နှစ်သစ်မင်္ဂလာအား သွေးစွန်းစေခဲ့သည့် လူမဆန်သော ရာဇ၀တ်မှုတစ်ခု အဖြစ်လည်း ပြည်သူအများက ရှုမြင်ခဲ့ကြသည်။

ခိုက်ရန်ဖြစ်ပွားမှု၊ မတော်တဆမှုများဖြင့် သင်္ကြန်ကာလအတွင်း သွေးစွန်းစေခဲ့သော ဖြစ်စဉ်များ နှစ်စဉ်ရှိခဲ့သည့်တိုင် ၂၀၁၀ ပြည့်၊ နှစ်သစ်ကူးကာလတွင် ဖြစ်ပွားခဲ့သည့် လူမဆန်မှုက အဆိုးဝါးဆုံးသော အနိဋ္ဌာရုံ ဖြစ်ခဲ့သည်။

ပုဂံခေတ်က နရသီဟပတေ့မင်း၏ ရေကစား အကျီစားသန်မှုကြောင့် မိဖုရားစောလုံက ဘုရင့်အပေါ် သေကြောင်းကြံစည်ခဲ့သဖြင့် အဆုံးသတ်တွင် မိဖုရားစောလုံ အသတ်ခံခဲ့ရသည့် ဖြစ်စဉ်ထက်ပင် ပို၍ အနိဋ္ဌာရုံ ဆန်ခဲ့သည့် ဖြစ်စဉ် ဖြစ်ခဲ့ရပါသည်။

ဧပြီလ ၁၅ ရက်၊ ၂၀၁၀
၂၀၁၀ ပြည့်နှစ်၊ မြန်မာနှစ်သစ်ကူးကာလ ဖြစ်သော ဧပြီလ ၁၅ ရက် (သင်္ကြန်အကြတ်နေ့)နေ့ နံနက်ချိန်တွင် မြန်မာနှစ်သစ်ကူး ပွဲတော်အား သွေးစွန်းစေမည့် အဖြစ် ပေါ်ပေါက်လိမ့်မည်ဟု အပြစ်မဲ့ ပြည်သူများက သိရှိခဲ့ကြမည် မဟုတ်ပါ။ ညနေပိုင်း အချိန်တွင်မူ သင်္ကြန်ရေသဘင်ပွဲ ဆင်နွှဲကြသူ အားလုံးနှင့် ပြည်သူအများအတွက် ထိတ်လန့်ကြေကွဲဖွယ်ရာ သတင်းဆိုးက ဖြစ်ပေါ်လာခဲ့သည်။

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်း ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်း (လမ်းထောင့်) ကရ၀ိတ်ဝင်ပေါက်ရှေ့ရှိ X2O မဏ္ဍပ်အနီး၌ ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နေ့မှာပင် အမျိုးသားငါးဦး၊ အမျိုးသမီးသုံးဦး သေဆုံးခဲ့ရပြီး အမျိုးသား ၁၂၅ ဦးနှင့် အမျိုးသမီး ၇၅ ဦး ထိခိုက်ဒဏ်ရာ ရှိခဲ့ကြသည်။ နောက်ရက်များတွင်မူ ဒဏ်ရာရရှိခဲ့ကြသူများ အနက်မှ အမျိုးသားနှစ်ဦး ထပ်မံ သေဆုံးခဲ့ရပြီး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ သည်။ သေဆုံးခဲ့သူများထဲ၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုခဲ့သူ၊ တက္ကသိုလ် ကျောင်းသားနှင့် ၀န်ထမ်းများ ပါဝင်ခဲ့ရသည်။

လူမဆန်သော အကြမ်းဖက်မှု
အပြစ်မဲ့ပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲနေသည့် သင်္ကြန် ရေသဘင်ပွဲတော်၌ ဗုံးခွဲ တိုက်ခိုက်ခြင်းသည် တစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့သော ဖြစ်စဉ် မဟုတ်ခဲ့ပေ။ သို့သော် ၂၀၁၀ ပြည့်နှစ်၊ နှစ်သစ်မင်္ဂလာကို သွေးစွန်စေခဲ့သည့် ဗုံးဖောက်ခွဲမှုက လူအများအပြား ထိခိုက်သေကြေ ပျက်စီးမှု အများဆုံး ဖြစ်ခဲ့သည့် ဖြစ်စဉ်အဖြစ် မှတ်တမ်း ၀င်ခဲ့သည်။

ကာယကံရှင်များ၏ နာကျင်မှု
၂၀၁၀ ပြည့်နှစ်၊ နှစ်သစ်ကူး ကာလအတွင်း ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ (၁၀)ဦးမှာ ဦးခင်မောင်လေး (၆၇နှစ်)၊ ဦးကြင်အောင်(၃၇နှစ်)၊ ဦးသန့်စင်သိမ်း(၃၂နှစ်)၊ ကိုအေးကိုကိုမောင် (၃၀နှစ်)၊ ကိုစိုးဝင်း (၂၄နှစ်)၊ ကိုစိုးမိုးထွန်း(၁၉နှစ်)၊ ကိုပိုင်ပိုင်ဦး (၁၇နှစ်)၊ ဒေါ်နီနီသိန်း (၆၇နှစ်)၊ ဒေါ်ဌေးဌေးရီ (၄၅နှစ်)နှင့် မသီတာပြုံး (၃၅နှစ်) တို့ ဖြစ်ကြသည်။

ထိုသို့ သေဆုံးခဲ့ရသူများအနက် တစ်ဦး အပါဝင် ဖြစ်သော ဦးကြင်အောင်နှင့်ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါ်ထွေးထွေးရီက''ကျွန်မယောက်ျားက မနှစ်က သင်္ကြန်မှာ ဗုံးပေါက်ကွဲလို့ ဆုံးသွားတာပါ။ သူဆုံးမယ့်နေ့မှာ စတုဒိသာကျွေးရင်း နေ့ခင်းပိုင်း ခဏနားတဲ့အချိန် နှစ်နာရီခွဲလောက်မှာ သူထွက်သွားတာ။ သမီးလေးကို ခေါ်သေးတယ်။ သမီးက လိုက်မသွားလို့ ကံကောင်းသွားတယ်လို့ ပြောရမှာပါ။ သုံးနာရီမှာ ဗုံးပေါက်တယ်။ သူပြန်မလာလို့ ရဲစခန်းတွေ၊ ဆေးရုံတွေမှာ လိုက်ရှာတယ်။ မတွေ့ဘူး။ နောက်ဆုံး ရေခဲတိုက်မှာ တွေ့တယ်ဆိုတော့ လိုက်ကြည့်ပေမယ့် ဆေးရုံကြီးဝင်းအတွင်းမှာပဲ ကျွန်မသတိမေ့သွားတာ ငါးရက်လောက် ကြာသွားတယ်။ သတိပြန်ရလာတော့ သင်္ဂြီုဟ်ပြီးသွားပြီ။ သူ့အလောင်းကိုတောင် နောက်ဆုံး မကြည့်လိုက်ရပါဘူး။ အခုတော့ ဒီလောကကြီးမှာ သမီးလေးနဲ့ နှစ်ယောက်ထဲ ကျန်ခဲ့ပါပြီ။ ဧပြီလ ရောက်ပြီဆိုကတည်းက နေ့တိုင်းပဲ ငိုနေမိတယ်။ သူများတွေ ပျော်နေကြတဲ့ သင်္ကြန်မှာ ကိုယ့်အတွက်က စိတ်ဆင်းရဲစရာ ကာလတစ်ခု ဖြစ်နေပါပြီ။ ဒီနှစ် သင်္ကြန်မှာလည်း သူ့ကို ရည်စူးပြီး သူမဆုံးခင်က လုပ်ခဲ့တဲ့ပုံစံအတိုင်း လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ခုလာမယ့် သင်္ကြန်နဲ့ နောက်လာမယ့် သင်္ကြန်တွေဟာ ပြီးခဲ့တဲ့သင်္ကြန်လို သွေးမစွန်းဘဲနဲ့ အားလုံး ပျော်ရွှင်ကြပါစေလို့''ဟု ငိုကြွေးလျက် ပြောပြသည်။

''အားလုံးက မနေ့တစ်နေ့ကလို ပါပဲ။ သင်္ကြန်ကို မေ့ထားလိုက်ပေမယ့် သင်္ကြန်သီချင်းတွေကြားရင် ငိုချင်မိတယ်။ အမေက သင်္ကြန်ကို အရမ်းချစ်တာ။ အခုတော့ သူအရမ်းချစ်တဲ့ သင်္ကြန်က သူ့ကို သေစေခဲ့ တယ်။ သူအရမ်းချစ်တဲ့သင်္ကြန်က ကျွန်မတို့ အတွက်တော့ သင်္ကြန်ဆိုတာ မုန်းစရာ ဖြစ်သွားတယ်။ သင်္ကြန်ကတော့ အပြစ်မရှိပါဘူး။ ဒီနှစ်မှာ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှာ လူရှစ်ရာစာ အကျွေးအမွေးနဲ့ ကုသိုလ်လုပ်ဖို့ ရှိတယ်။ ပြီးတော့ ဘုရားကျောင်းမှာလည်း နီးစပ်ရာတွေကို အလှူလုပ်ပါ့မယ်။ အမေကိုတော့ ဘယ်တော့မှ မေ့လို့မရပါဘူး''ဟု ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် ဒေါ်နီနီသိန်း၏ သမီးဖြစ်သူများက ပြောပါသည်။

ထို့အတူ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် ကိုစိုးဝင်း၏ မိဘများကလည်း ''အားကိုးစရာဆိုလို့ ဒီတစ်ယောက်ပဲရှိတာ။ သူကသူများဆီမှာ အလုပ်လုပ်ပြီး မိဘကို လုပ်ကျွေးနေတာ။ အခုလို ဖြစ်သွားတော့လည်း ခြေလက်တွေ အကုန်လုံးကို ရိုက်ချိုးထားသလို ဖြစ်သွားတယ်။ တစ်နှစ်ပြည့်တော့မယ် ဆိုပေမယ့် ကျွန်တော်တို့ကတော့ သားလေးကို အမြဲရှိနေတယ်လို့ပဲ တွက်ထားတယ်။ ပုံမှန်အတိုင်းပဲ အလုပ်သွားတယ်ပေါ့။ ဒါပေမယ့် သေချာတွေးကြည့်မှ မရှိတော့ဘူး ဆိုတာကို သိမှ စိတ်မချမ်းမသာ ဖြစ်ရတယ်။ ဒီနှစ်မှာလည်း မနှစ်ကလို သားသမီးတွေ အဖိတ်အစင် မဖြစ်အောင်ပဲ ကျွန်တော်တို့က ဆုတောင်းပါတယ်''ဟု ပြောပါသည်။

ယခုနှစ်အတွက် ပြင်ဆင်မှု
''ဒီနှစ် သင်္ကြန်ကာလ အတွင်းမှာ မဏ္ဍပ်တွေရဲ့ လုံခြုံရေးပိုင်း အနေနဲ့တော့ CCTV တွေ တပ်ဆင်ရမယ်။ ကျန်တဲ့ နေရာတွေမှာ မသင်္ကာဖွယ်ရာ လှုပ်ရှား ဆောင်ရွက်မှုတွေကို မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးပြီး အစိုးရအဖွဲ့က နေ့စဉ် တင်ပြ ဆောင်ရွက်သွားမှာပါ။ လုံခြုံရေး လူအင်အားကိုတော့ မူလထားနေကျတိုင်း ချထားပေးသွားမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ထိုသို့ လုံခြုံရေးတာဝန်များ ယူရန် စီစဉ်ထားရာ၌ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ညွှန်ကြားချက်ဖြင့် ခရိုင်လေးခရိုင်မှ ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ မြို့နယ်များအလိုက် တာဝန်ခွဲဝေ ထမ်းဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့လယ် ၆ မြို့နယ်နှင့် သင်္ကြန်ကာလအတွင်း စည်ကားလေ့ရှိသည့် ပုဇွန်တောင်၊ ဗိုလ်တထောင်၊ တာမွေ၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ စမ်းချောင်း၊ ကမာရွတ်၊ ကြည့်မြင်တိုင် စသည့် မြို့နယ်များ၌ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးအောက်ရှိ သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးများနှင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး အောက်ရှိ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများမှ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးတာဝန်များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြို့သစ်မြို့နယ်များနှင့် ကျန်မြို့နယ်များ၏ လုံခြုံရေးကိုလည်း သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးများက ရဲတပ်ဖွဲ့ဝင်များကို တာဝန်ပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''သင်္ကြန်တွင်း တာဝန်တွေ ချထားပါတယ်။ ခွင့်တောင်ကန့်သတ်ထားပါတယ်။ သက်ဆိုင်ရာ မြို့နယ်အလိုက် ရဲတပ်ဖွဲ့ဝင်တွေရော တခြား အဖွဲ့အစည်းတွေပါ လုံခြုံရေး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

'ပြည်လမ်း လွှတ်တော်ရုံးကြီးမှာ ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှာလည်း ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ချထားမှာ ဖြစ်ပြီး သင်္ကြန်ကာလ အတွင်း ပေါ်ပေါက်လာတဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မှုခင်းများကိုလည်း အခင်းဖြစ်ပွားရာ နေရာများနှင့် ချိတ်ဆက် ဆောင်ရွက်သွားမှာပါ။ တခြား လုံခြုံရေး အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲတပ်ရင်းတွေက တပ်ဖွဲ့ဝင်တွေကလည်း သင်္ကြန်ကာလအတွင်းမှာ တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေဖို့ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေကလည်း တတ်နိုင်သမျှ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါသည်။

အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ''ဒီနှစ် သင်္ကြန် ရေကစား မဏ္ဍပ်တွေမှာ လုံခြုံရေးကို မဏ္ဍပ် အကြီးအသေးပေါ် မူတည်ပြီး စနစ်တကျ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မဏ္ဍပ်အကြီးတစ်ခုမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲက အရာရှိ ၂ ဦးနဲ့ တခြား အဆင့် ရဲတပ်ဖွဲဝင် ၁၀ ဦးကို တာဝန်ချထားပေးမှာ ဖြစ်ပါတယ်။ မဏ္ဍပ် အလတ်တစ်ခုမှာ  မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရာရှိ ၁ ဦးနဲ့ တခြားအဆင့် ရဲတပ်ဖွဲဝင် ၈ ဦးကို တာဝန်ချပါမယ်။ မဏ္ဍပ်အသေး တစ်ခုမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိ ၁ ဦးနဲ့ တခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၅ ဦးကို တာဝန်ချထားပေးမှာ ဖြစ်ပါတယ်။ ပြီးတော့ တာဝန်ချထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တခြား အဖွဲ့အစည်းတွေဖြစ်တဲ့ ကြက်ခြေနီ၊ မီးသတ်၊ ရပ်ကွက်တာဝန်ရှိသူစတဲ့ အဖွဲအစည်းတွေနဲ့ လုံခြုံရေးဆိုင်ရာတွေကို ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

မဏ္ဍပ်တိုင်းမှာ CCTV
ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်တွင် သင်္ကြန်မဏ္ဍပ်များ၌ CCTV ကင်မရာများ တပ်ဆင်ရန်အတွက် သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ညှိနှိုင်း ဆောင်ရွက်သွားရမည်ဟု စည်းကမ်းချက် ထုတ်ပြန်ထားရာ သင်္ကြန်မဏ္ဍပ်များတွင် တပ်ဆင်ရမည့် CCTV ကင် မရာများကို FISCA Enterprise ကုမ္ပဏီ၊ High Tech Princess ကုမ္ပဏီ၊ NAUNG YOE ကုမ္ပဏီနှင့် FRIEND Electronic ကုမ္ပဏီတို့မှ ငှားရမ်းပေးသွားမည် ဖြစ်ပြီး သင်္ကြန် ၄ ရက် အတွက် ငှားရမ်းခ အမြင့်ဆုံး ကျပ်ကိုးသိန်းအထိ ဈေးရှိကြောင်း သိရှိရသည်။

FISCA Security and Communication မှ GM ဦးကျော်ထူးလှိုင်က ''ကန်တော်ကြီး ကန်ပတ်လမ်းမှာ မဏ္ဍပ်သုံးခုကို တပ်ခွင့်ရပါတယ်။ ပြည်လမ်းမှာ နှစ်ခု တပ်ခွင့်ရပါတယ်။ တပ်ဆင်တဲ့အခါမှာ ညွှန်ကြားထားတဲ့အတိုင်း မဏ္ဍပ်လေးဘက်လေးလံကနေ မှတ်တမ်းတင်ဖို့ ကင်မရာလေးလုံးကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ပြီးရင် DV စနစ်နဲ့ Record လုပ်ပြီးနေ့စဉ် Update Record တွေကို တာဝန်ရှိသူတွေထံ ပေးပို့ရမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

ဆင်နွှဲလိုသူလျော့ကျ
၂၀၁၀ ပြည့်နှစ်က နှစ်သစ်ကူး ကာလအတွင်း သွေးစွန်းခဲ့သော ဖြစ်ရပ်ကြောင့် လည်းကောင်း၊ ရိုးရာယဉ်ကျေးမှုမှ အရိုင်းဆန်သည့် အသွင်သို့ ကူးပြောင်းလာသည့် နေထိုင်ပြုမှု ပုံများကြောင့်လည်း ၂၀၁၁ ခုနှစ် သင်္ကြန်ပွဲတော်ကို ဆင်နွှဲလိုသူ လျော့ကျလာခဲ့သည်ဟု သိရပါသည်။

သင်္ကြန်ပိတ်ရက်ကာလအတွင်း ပြည်တွင်း၊ ပြည်ပ အပန်းဖြေခရီး သွားလိုသူများ ပိုမို များပြားခဲ့ပြီး တရားစခန်းဝင်မည့် လူငယ်များလည်း အများအပြား ရှိခဲ့ကြောင်း သိရပါသည်။

''သင်္ကြန်ဆိုတာ ရေကစားဖို့ သီးသန့် မဟုတ်တော့ဘူး။ ပိုက်ဆံ တတ်နိုင်သူတွေကတော့ နိုင်ငံခြားကို အပန်းဖြေခရီး သွားကြတယ်။ ပိုက်ဆံ အများကြီး မတတ်နိုင်သူတွေ၊ ၀န်ထမ်းတွေနဲ့ ၀င်ငွေ အတန်အသင့် ရှိသူတွေကတော့ ပြည်တွင်းမှာပဲ အပန်းဖြေခရီး ထွက်ဖို့ ပြင်ကြတယ်။ အိမ်မှာပဲနေပြီး စာဖတ်၊ ရုပ်ရှင်ကြည့်၊ မုန့်လုပ်စားမယ့် သူတွေနဲ့ တရားစခန်းဝင်၊ ဥပုသ်စောင့်မယ့်သူတွေလည်း များပါတယ်။ ဒီလူတွေက သင်္ကြန် ရေကစားမယ်ဆိုတဲ့ သူတွေထက်တောင် ပိုများနေတယ်။  ရန်ကုန် သင်္ကြန်ကတော့ သင်္ကြန်ကျဖို့ ရက်ပိုင်းလိုတာတောင် အေးစက်နေတုန်းပါပဲ''ဟု သင်္ကြန်အခြေအနေ လေ့လာသူတစ်ဦးက ပြောပြပါသည်။

နိမိတ်သုံးပါးပြည့်စေဖို့
အေးမြကြည်လင်ခြင်း၊ အညစ်အကြေးကို ဆေးကြောခြင်းနှင့် ပေါင်းစည်းမှုကို ပြသသည့် ရေကိုသား၍ အကြားမထင်ဘဲ ဆက်စပ်နေခြင်း ဟူသော နိမိတ်သုံးပါးသည် ရေကစားခြင်း၏ အနက်အဓိပ္ပာယ် ဖြစ်ပါသည်။
ရှေးယခင် သင်္ကြန်ပွဲတော်များကဲ့သို့ သနပ်ခါးနံ့သာရေများ၊ သပြေခက်များဖြင့် ရေစင်ဖျန်းဆွတ်ပြီး ရေကစားခြင်းများ မတွေ့ရတော့သည့်တိုင် နိမိတ်သုံးပါးနှင့် ပြည့်စုံသော သင်္ကြန် ဖြစ်စေရန်မှာမူ...... ။

တန်ခူးလ သင်္ကြန်ပွဲတော်

  • သင်္ကြန် ရေသဘင်ပွဲတော်ကို အတာကူးသည့် လ(သို့မဟုတ်)ထန်းခူးသည့်လဟု ခေါ်တွင် သတ်မှတ်သည့် တန်ခူးလ၌ နှစ်စဉ် ကျင်းပခဲ့ကြသည်။
  • သင်္ကြန်သည် သင်္ကန္တဟူသော ပါဠိပုဒ်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်ပါသည်။ ထိုပါဠိပုဒ်မှ သက္ကတရရစ်သံနှင့် သင်္ကြန်ဟူသော မြန်မာစကား ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ သင်္ကန္တ၏ အဓိပ္ပာယ်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်း ဖြစ်သည်။
  • နှစ်သစ်ကူး သင်္ကြန်ရေသဘင်ပွဲတော်ကို တကောင်းခေတ်ကပင် စတင်ခဲ့ကြသည်ဟု ဆိုကြပါသည်။ တကောင်းခေတ်မှ ပုဂံခေတ်(၁၀၄၄ ခုနှစ်မှ ၁၂၈၇ ခုနှစ်) ရောက်ရှိချိန်၌ သင်္ကြန်ရေသဘင် ယဉ်ကျေးမှု ပွဲတော်က ပို၍ ထင်ရှားလာခဲ့သည်။ ထို့ နောက် အင်းဝခေတ် (၁၃၆၄ ခုနှစ် မှ ၁၅၅၅ ခုနှစ်)၊ ကုန်းဘောင်ခေတ် (၁၇၅၂ ခုနှစ်မှ ၁၈၈၅ ခုနှစ်) အချိန်များအထိ သင်္ကြန်ရေသဘင် ပွဲတော်ကို အစဉ်အဆက် ကျင်းပခဲ့သည်မှာ ယနေ့ထိတိုင် ဖြစ်သည်။
  • သင်္ကြန်ရေသဘင်ပွဲတော်ဟု ဖြစ်လာခဲ့ပြီး ရေကစားကြရာ၌ ရေသည် အေးမြကြည်လင်ခြင်း၊ အညစ်အကြေးကို ဆေးကြောခြင်းနှင့် ရေးကိုသား၍ အကြားမထင်ဘဲ ဆက်စပ်နေခြင်း ဟူသော နိမိတ်သုံးပါးကို ဆောင်၏။ ထိုနိမိတ်သုံးပါးအရ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင်သည့် သဘော၊ ပြည်သူအပေါင်းတို့၏ စိတ်ဓာတ်များကို နှစ်သစ်ကူး ရေစင်ကဲ့သို့ အေးမြကြည်လင်စေသည့် သဘော၊ ပြည်သူအချင်းချင်း ရေကိုသား၍ အကြားမထင်သကဲ့သို့ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေထိုင် ဆက်ဆံကြရန် ဟူသည့် သဘော စသည့် ရည်ရွယ်ချက်များဖြင့် ဆင်နွှဲခဲ့ကြခြင်း ဖြစ်ပါသည်။
  • ထို့အပြင် မြန်မာတို့သည် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ဗုဒ္ဓဘာသာ တရားတော်အရ မွန်မြတ် သန့်စင်သော ကုသိုလ်ကောင်းမှုများကိုပါ ယှဉ်တွဲပြီး ဆင်နွှဲခဲ့ကြသည်။ သင်္ကြန်ကာလအတွင်း ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်းနှင့် မိဘဆရာ၊ သက်ကြီးဝါကြီးများကို ပူဇော်ကန်တော့ ကြသည့် အလေ့အကောင်းများကိုလည်း အစဉ်အလာမပျက် ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး၌ သုံးနှစ်တာ ကာလအတွင်း သင်္ကြန်နှင့် ဆက်နွှယ် ဖြစ်ပွားခဲ့သော မှုခင်းအရေအတွက် အချို့
    ၂၀၀၈    ၂၀၀၉    ၂၀၁၀
လူသတ်မှု    -     -    ၁
နာကျင်စေမှု    ၂၅    ၉    ၂၂
ဝတ္တရားနှောင့်ယှက်မှု    ၄    ၃    ၁
ယာဉ်တိုက်မှု    ၂    ၄    ၎
ယာဉ်တိမ်းမှောက်မှု    -    -    ၃
ကာယိနြေ္ဒပျက်စီးစေမှု    ၂    ၄    ၂
လက်နက်ပုန်း ဖမ်းဆီးမှု    -    ၃    ၆
ခိုးမှုမသင်္ကာ ဖမ်းဆီးမှု    -    ၂    ၅
ခိုးမှု    ၄    -    ၂
ဆဲဆိုနာကျင်စေမှု    -    ၆    ၉
နာကျင်စေမှုနှင့် အကျိုးဖျက်ဆီးမှု    -    ၁    ၁
သေမှုသေခင်း    ၃    ၁    -
ယာဉ်ပေါ်မှပြုတ်ကျမှု    ၁    ၁    -
လိုင်စင်မဲ့အရက် ဖမ်းဆီးရမိမှု    -    -    ၁၅
စုစုပေါင်း    ၄၅    ၃၄    ၇၉


ထိုင်းရောက်မြန်မာတွေသင်္ကြန်အိမ်ပြန်


Burmese returning home

မွေးရပ်မြေသို့ပြန်ကြပြီ

လာမယ့်အပတ်ကစလို့ ထိုင်းနိုင်ငံမှာလည်း ဆွန်ခရမ်လို့ခေါ်တဲ့ နှစ်သစ်ကူး
သင်္ကြန်ပွဲတော် ကျင်းပတော့မှာမို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေလည်း
ခွင့်ရက်ရှည်ယူပြီး မြန်မာနိုင်ငံဖက်ကို ပြန်နေကြပါတယ်။
နယ်စပ် မဲဆောက်မြို့ကနေ ကူးတို့လှေတွေနဲ့ တဖက်ကမ်း မြဝတီမြို့ကို ကူးနေကြသူတွေဟာ
အခုရက်ပိုင်းမှာ တနေ့တနေ့ကို ရာနဲ့ ချီပြီး ရှိနေပါတယ်။
အထူးသဖြင့် ထိုင်းနဲ့ နယ်စပ်ချင်းကပ်နေတဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က လာပြီး
အလုပ်လုပ်နေကြသူတွေ အိမ်ပြန်ကြတာဖြစ်ပါတယ်။
ဘန်ကောက်က မဲဆောက်ကို လာတဲ့ ဘတ်စကားပေါ်မှာလဲ တကားလုံးလိုလို
မြန်မာတွေချည်းပဲလို့ အိမ်ပြန်မယ့် အမျိုးသမီးလေး တယောက်က ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ကစလို့ ထိုင်းငံရောက် မြန်မာမာအလုပ်သမားတွေကို စိစစ်ပြီး နိုင်ငံကူး
လက်မှတ်တွေ ထုတ်ပေးထားတဲ့အတွက် နိုင်ငံကူးလက်မှတ် ကိုင်ထားနိုင်တဲ့ သူတွေဟာ
အရင်ကလို ရဲဖမ်းမှာ မကြောက်ရ၊ခိုးကြောင်ခိုးဝှက် နေစရာမလိုတော့ပဲ အိမ်ကိုလဲ
တရားဝင်ပြန် နိုင်ကြပြီလို့ သူကဆက်ပြောပါတယ်။

Burmese migrants

အိမ်ပြန်ဖို့ လှေဆိပ်မှာ


အိမ်ပြန်ဖို့ လှေဆိပ်ကို ရောက်လာတဲ့ လူငယ်အမျိုးသားလေးကလည်း သူ နေရပ်ကို မပြန်နိုင်တာ
ကြာပြီဖြစ်တဲ့ အကြောင်း၊အခုတော့ အခွင့်သာတာနဲ့ ရွာကို ပြန်ပြီး သင်္ကြန်ပွဲနွှဲမှာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။
ထိုင်းသင်္ကြန်က ပျော်စရာကောင်းပေမယ့် သူ့အနေတဲ့တော့ ကိုယ့်ရပ် ကိုယ့်ရွာကို ပြန်ရမှာကို ပိုပြီးပျော်တယ်လို့ဆိုပါတယ်။
မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတားကတော့ ပိတ်ထားဆဲပါ။ ဒါပေမယ့် နှစ်ဖက် အာဏာပိုင်တွေကတော့
ခုလို မြန်မာနိုင်ငံသားတွေ ရာနဲ့ချီပြီး တဖက်ကမ်းကူး အိမ်ပြန်နေကြတာကို တားဆီးမှု မရှိပဲ
ဒီအတိုင်းကြည့်နေကြတယ်လို့ သိရပါတယ်။

ကျုပ်အကြောင်း

"ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း.. ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ်။

ငါအခါတစ်သိန်း သေခဲ့ရင်တောင်၊ အခါတစ်သန်း မြန်မာပြည်မှာပဲ လူပြန်ဖြစ်ရပါစေလို၏။"

နယ်ချဲ့ဘုရင်ခံချုပ်ကို မြန်မာပြည်က ထွက်သွားဖို့ ပထမဆုံးရဲရဲတောက် စိမ်ခေါ်ပြောဆိုသူဟာ ဆရာတော် ဦးဥတ္တမပဲဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း
(ဦးဥတ္တမအတ္ထုပ္ပတ္တိ)

ဆရာတော်ဦးဥတ္တမသည် မြန်မာတမျိုးသားလုံး၏ ကျေးဇူးရှင်ကြီးဟုလည်းကောင်း၊ ကိုလိုနီဆန့်ကျင်ရေးတပ်ဦး၏ အကြီးအမှူး စစ်သူကြီးဟုလည်းကောင်း၊ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်ဟုလည်းကောင်း၊ မျိုးချစ်အာဇာနည် မြန်မာ့သားကောင်းသားမြတ် တဦးအဖြစ်လည်းကောင်း၊ ထည့်သွင်းအသိအမှတ်ပြု မော်ကွန်းရေးထိုးခဲ့ပါသည်။

သခင်လွင်
(ဦးဥတ္တမလက်ရွေးစင်)

မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုကို တိုက်ရည်ခိုက်ရည် သွင်းပေးလိုက်တဲ့ ပုဂ္ဂိုလ်မှာ ဆရာတော်ဦးဥတ္တမပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်
(ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး)
ဗမာ့ရေးရာ

National Coalition Government of the Union of Burma
National Council of the Union of Burma
Global Action for Burma (GAB)
Free Burma Federation
Democratic Party for a New Society
All Burma Students’ Democratic Front
All Burma Federation of Student Unions
Assistance Association for Political Prisoners (Burma)
Driving for Burma
Ethnic Nationalities Council
FORUM FOR DEMOCRACY IN BURMA
Women's League of Burma
Association of United Nationalities in Japan
Shan Human Right Group
Burma Lawyers' Council
The Best Manure
Students and Youth Congress of Burma
National League for Democracy/Liberated Area
International Burmese Monks Organization
Canadian Friends of Burma
သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ
ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီ
University Students Union
ဓနုအမျိုးသားကောင်စီ
ရှမ်းပြည်လူငယ်ဒီမိုကရက်တစ်အင်အားစုများ
See Burma
Generation-Wave
ဗမာ့ရေးရာအင်အားစု


ကိုထိုက်
ကိုဈာန်
ကိုမော်
ကိုမောင်ရင်
ကိုလူလှ
ကိုရုပ်ဆိုး
ကိုဖိုးဇေ
ကောင်းကင်ကို
ကဒေါင်းညင်သာ
ကေသွယ်
ခင်မင်းဇော်
ခွာညို
ဂျစ်တူး
ဂင်ကြီး
ငြိမ်းဝေ
ငြိမ်ချမ်းအောင်
စိုးဝှက်
စိုင်းဝဏ္ဏ
ဆောင်းယွန်းလ
ဇာဂနာ
ညိမ်းညို
ညိုကြီး
ဒေါက်တာလွဏ်းဆွေ
ဒေါင်းမာန်ဟုန်
ဒီရေ
သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ
ရွှေဝါရောင်တော်လှန်ရေး
ရှမ်းပြည်လူ့အခွင့်အရေးအဖွဲ့
ရန်အောင်
ရွက်မွန်
ရဲရင့်ငယ်
ရွှေဥသြ
ရနံ့မပြယ်မယ့် အဆုံးမဲ့ကမ္ဘာ
သစ်ခက်သံလွင်
သစ်ကောင်းအိမ်
ပြည်ထောင်စု လူ့အခွင့်အရေးကောင်စီ
ပထီးပကော်
ဖိုးတရုတ်
မာယာ
မဇ္ဈိမ
မိုးမခ
မိုးချိုသင်း
မိုးသီးဇွန်
မေငြိမ်း
မသဒ္ဒါ
မေဓာဝီ
မောင်လှ
မျိုးမြင့်အောင်
မာန်လှိုင်းငယ်
ထားဝယ်သား
နစ်နေမန်း
နှင်းခါးမိုး
ယောဟန်အောင်
လင်းလက်ကြယ်စင်
လူဆိုးစာရင်း...
သမိုင်းထဲကရက်စွဲများ
ဟင်းလင်းပြင်
ဓမ္မနဲ့ အဓမ္မ
နယ်ခြားမဲ့ မြန်မာဘလော့ဂါများ
မြန်မာစစ်အုပ်စုအား စောင့်ကြည့်သူများအဖွဲ့ 
အာဏာရှင်ကို တော်လှန်ခြင်း
အောင်သာငယ်
အောင်စေရာပြည်
အရှင်မေတ္တာစာရ
အိမ်ချမ်းမြေ့
အိပ်မက်အိမ်
အောင်မိုးဝင်း
အန်ဒါမန်ဟီးရိုး


ဘီဘီစီ
ဗွီအိုအေ
လွတ်လပ်သည့် အာရှအသံ
ဒီမိုကရက်တစ် မြန်မာ့အသံ
မိုးမခ
မြန်မာ့လူမျိုးစု မြန်မာ့အသံ
ပြည်ထောင်စုအသံ


ဟံသာဝတီ
ခေတ်ပြိုင်
ဧရာဝတီ
မဇ္ဈိမ
ဒီမိုကရက်တစ် မြန်မာ့အသံ
ဗွီအိုအေ
ရိုးမ ၃
မိုးမခ
ယနေ့မြန်မာ
နေ့သစ်
အမ်အိတ်ခ်ျကေ (NHK)
ခါကာဘိုရာဇီ (မိုးကြိုး သတင်းစာ)
ဟစ်တိုင်
နေရဉ္ဖရာ
အာဟာရစာစောင် (ဂျပန်)
မိုးသောက်ကြယ် (ဂျပန်)
သံလွင်အိပ်မက်
ငုရင်ပြင်
နိုင်ငံတကာ မြန်မာသတင်း စာမျက်နှာများ
AP
AFP
Emergency Burma Relief


www.chanmyay.org
www.prayforburma.org
www.myanmarchristian.net
www.myittawardiparahita.com
www.burmesebible.com/hymn
www.dhammadana.org
www.myanmarbible.net
www.myanmarbible.com


www.burmacampaign.org.uk
www.uscampaignforburma.org
www.cfob.org
www.burmafund.org
www.burma.no
www.gabforburma.info


www.encburma.org
www.kwekalu.net
www.knla.meabs.com
www.kachinland.org
www.kachinnews.com
www.monnews-imna.com
www.rakhapura.com
www.shanland.org
www.chinland.org
www.ndf-burma.org
www.sycb.info


www.prospectburma.org
www.soros.org
www.studentscenter.info
www.ex-rit.org/rit.asp
www.acu.edu.au
www.abfsu.net
www.nationmaster.com
www.ibiblio.org
www.ejcanadacollege.com
www.encburma.org


www.mhyawlintchin.blogspot.com
www.myanmarhealthcare.com
www.myanmarmedicine.com
www.drwinthein.co.cc www.health.ngoinmyanmar.org


www.myanmarmp3.net
www.mm-fg.net
www.pansagar.com
www.nyakabyar.com
www.myanmarmusic.homeip.net
www.shwedream.com
www.freemyanmarvcd.com
www.burmeseclassic.com
www.khayanpyareinmet.com
www.myanmarworld.com
www.apytz.com


Collections
Faxtoon
Myanmar Massacre

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
counter