|မူလစာမျက်နှာ | သတင်း | ဆောင်းပါး | Ebook | သီချင်း | ဗွီဒီယို | ကဗျာ | အထွေထွေ | ထုတ်ပြန်ကြေငြာချက် | ဆက်သွယ်ရန် |
Tuesday, February 28, 2012
ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲတော် စတင်ဖွင့်လှစ်။
  1. ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲတော် စတင်ဖွင့်လှစ် ၊
  2.  ရွှေတိဂုံ နှစ် ၂၆ဝဝ ပြည့် သံဃာတော်အပါး ၂၆ဝဝ အတွက် မထသ ပင့်ဆောင်မည် ၊
  3. ကြုံတောင့်ကြုံခဲ ရွှေတိဂုံ နှစ် ၂၆ဝဝ ပြည့် ပူဇော်ပွဲ ၊
  4.  နှစ် 2600 ပြည့် မြတ်ရွှေတိဂုံ ၊
  5. လူလိမ်တွေ ပွေလီရှုပ် တန့်ကြည်တောင်ဇာတ်ထုတ်  ၊
  6. အာနာပါန သတိပဌာန် ရှုမှတ်နည်း အကျဉ်း ၊
  7. ကမ္ဘာ့ အမြင့်ဆုံးဗုဒ္ဓရုပ်ပွားတော်တွေနဲ့ ရုပ်ထုတွေ ၊
ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲတော် စတင်ဖွင့်လှစ်
16:48  Myanmar Express Group  1 comment
From : MRTV-4
သာသနာ သက္ကရာဇ် ၁၀၃ခုနှစ်မှာ စတင်တည်ထား ကိုးကွယ်တော်မူခဲ့တဲ့ ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနား မှာတော့ ရွှေတိဂုံစေတီတော် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှ စတင်ကာ စေတီတော်မြတ် ကြီးကို လက်ယာရစ် လှည့်လည်ပူဇော်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် စေတီတော် ရာဟုထောင့်အောင်မြေရှိ ဗဟိုမဏ္ဍပ်နဲ့ မဟာပဋ္ဌာန်းမဏ္ဍပ်မှာ နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနား ဖွင့်လှစ်ခြင်း ပြုလုပ်ခဲ့ပါတယ်။ ဆက်လက်ပြီး ရွှေတိဂုံစေတီေ တာ် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများမှ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရခြင်းနဲ့ ပတ်သက်တဲ့ အဖွင့်မင်္ဂလာစကား ဖတ်ကြားခြင်း နဲ့ ဗုဒ္ဓမြတ်စွာဘုရားအား ပင့်လျှောက်ခြင်း၊ ကုသိုလ်တော်ပြု လုပ်ဖို့ အတွက် နတ်ဗြဟ္မာများ ကို ဖိတ်ကြားခြင်းများ ပြုလုပ်ခဲ့ ပါတယ်။
ဒါ့အပြင် နိုင်ငံတော်သြ၀ါဒစရိယ ဗန်းမော် ဆရာတော်ဘုရားကြီး ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်းနဲ့ ရွှေတိဂုံစေတီေ တာ် နှစ် ၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အတွက် ဆရာတော်ဘုရားကြီးနဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနဲ့ တာဝန်ရှိသူများမှ ပွင့်တော်မူပြီးသော ဘုရားရှင်တို့ကို ရည်စူးပြီး ဆီးမီးများထွန်းညှိ ပူဇော်ကာ ရွှေတိဂုံစေတီေ တာ် နှစ် ၂၆၀၀ပြည့်၊ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖွင့်လှစ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၂၂ရက်နေ့ ကနေ မတ်လ ၇ရက်နေ့အထိ ၁၅ရက်တိုင် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီလို ကျင်းပပြုလုပ်ရာမှာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ခြင်း၊ ပွဲတော်ကာလအတွင်း ပန်းများဝေဆာနေတဲ့ ပန်းပင်ပေါင်း ၅သိန်း ၄သောင်းနဲ့ ပူဇော်ခြင်းများနဲ့ ကျင်းပပြုလုပ်နေ တာ ဖြစ်ပါတယ်။ ဒါ့အပြင် ညစဉ်၊ ညတိုင်း တရားပွဲများ ကျင်းပပြု လုပ်ခြင်း၊ ပျော်ပွဲ ရွှင်ပွဲများ ပြုလုပ်ခြင်းနဲ့ ပွဲတော်ကာလအတွင်း စေတီေ တ်ာရှိ အရံစေတီများ တန်ဆောင်းများ စတဲ့နေရာတွေမှာ ဆီမီးများနဲ့ ပူဇော်ခြင်းများလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
Myanmar Express
Posted in:
ရွှေတိဂုံ နှစ် ၂၆ဝဝ ပြည့် သံဃာတော်အပါး ၂၆ဝဝ အတွက် မထသ ပင့်ဆောင်မည်
18:24  Myanmar Express Group  No comments
From : ပေါ်ပြူလာ
ထက်ထက်မိုးမြင့်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
ရွှေတိဂုံစေတီတော် နှစ် ၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်သို့ သံဃာတော်အပါး ၂၆ဝဝ တို့အား မော်တော်ယာဉ် အစီး ၂၃ဝ ဖြင့် ပင့်ဆောင်ပေးမည်ဖြစ်ကြောင်း မထသ (ရန်ကုန်တိုင်းဒေသကြီး)မှ သိရသည်။ ဗုဒ္ဓါဘိသေက အနေကဇာ တင်ပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်လေးခုမှ သံဃာတော် အပါး ၂၆ဝဝ ကို ပင့်ဆောင်ခြင်းနှင့် ပြန်လည်ပို့ ဆောင်ခြင်းကို မထသ(ရန်ကုန် တိုင်းဒေသကြီး)မှ တာဝန်ယူ ထား ကြောင်း တာဝန်ရှိသူတစ်ဦးက ပြော သည်။ ဆက်လက်၍ ၄င်းက "အဲဒီ နေ့က ရုံးပိတ်ရက်လည်းဖြစ်တယ်၊ ခရီးသည်တွေ အခက်အခဲ မဖြစ် ဖို့အတွက် ကျန်တဲ့ ခရိုင်ယာဉ်လိုင်း အသီးသီးနဲ့ ပါရမီက ယာဉ်တွေကို စိပ်စိပ်ကလေး ပြေးဆွဲပေးဖို့မှာကြား ပြီးဖြစ်တယ်။ ယာဉ်ကြောပိတ်ဆို့ နိုင်တဲ့ နေရာတွေကိုလည်း ကြီးကြပ် နိုင်ဖို့ ထုတ်ပြန်ပြီးဖြစ်ပါတယ်"ဟု ဖေဖော်ဝါရီ ၁၆ ရက်က ပြောသည်။ ရွှေတိဂုံစေတီတော် နှစ် ၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ မတ်လ ၇ ရက်ထိ ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ကော်မတီ၏ အောက်တွင် ယာဉ်စီးရေ ၂၄၆၄ စီးရှိသော်လည်း လက် ရှိတစ်နေ့လျှင်ပြေးဆွဲနိုင်သော ယာဉ်စီးရေမှာ ၁၈ဝဝ ကျော် ရှိကြောင်း ၄င်းက ပြောသည်။
Myanmar Express
Posted in:
ကြုံတောင့်ကြုံခဲ ရွှေတိဂုံ နှစ် ၂၆ဝဝ ပြည့် ပူဇော်ပွဲ
20:14  Myanmar Express Group  No comments
From : ပေါ်ပြူလာ
ဤကမ္ဘာလောက၌ ဂေါတမ ဘုရားရှင်ပွင့်တော်မူခဲ့သည်မှာ နှစ် ပေါင်း ၂၆ဝဝ တိုင်ခဲ့ပြီဖြစ်ပါ၏။ မြတ်စွာဘုရားရှင်သည်ဒုက္ကရစရိယာ အကျင့်မြတ်ကို ခြောက်နှစ်မျှ ကျင့် တော်မူပြီးနောက် သဗ္ဗညုတ ရွှေ ဉာဏ်တော်ကို ရရှိတော်မူခဲ့ပါ၏။ ဘုရားရှင်အဖြစ်သို့ ရောက် တော်မူပြီး သတ္တာ သတ္တဟ စံနေ တော်မူစဉ် မွန်နိုင်ငံတော် အသိ တဥနာဂိုရ် ပြည်မှ ကုန်သည် ညီ နောင်ဖြစ်သော တဖုဿနှင့် ဘလ္လိက တို့သည် ရာဇယတနတွင် ဗုဒ္ဓအား ဖူးမြော်ခွင့်ကြုံပါ၏။ ဘုရားရှင်က တရားတော်များ ဟောကြားတော်မူ ပြီး ဆံတော်များကို ပူဇော်ရန် ပေး ခဲ့သဖြင့် လက်ခံပြီး နေရပ်သို့ပြန်လာ ပါ၏။ ထိုဆံတော်များကို ဋ္ဌာပနာ တော်မူ၍ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ရွှေ တိဂုံစေတီတော်မြတ်ကြီးကို တည် တော်မူခဲ့သည်ဟု အဆိုရှိပါ၏။ မြတ်စွာဘုရားရှင်သည် ဘုရား အဖြစ်ရောက်တော်မူပြီး ၄၅ ဝါ ပတ်လုံး တရားတော်များ ဟောကြား ကာ သတ္တဝါဝေနေယျတို့ကို ကယ် ချွတ်တော်မူခဲ့ပါ၏။ ထိုဘုရားအဖြစ် ရတော်မူသော ၄၅ ဝါ၊ (၄၅)နှစ်နှင့် သာသနာနှစ် ၂၅၅၅ ကို ပေါင်း သော် နှစ်ပေါင်း ၂၆ဝဝ ဖြစ်ပါ၏။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အဓိကရ တည်ရှိနေပါသော လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားရှင် ပွင့်တော်မူသည်မှ ယခုတိုင် မြဲမြံခိုင်ခိုင် တည်ရှိနေသော မြတ်ဗုဒ္ဓသာသနာ၏ မော်ကွန်း သက်သေကြီးလည်း ဖြစ်ပါ၏။ ၁၇၇၅ ခုနှစ် မတ်လ ၁၅ ရက်၊ (တပေါင်းလပြည့်နေ့)က ထီးတော် တင်ပွဲ အခမ်းအနားကို ကျည်းကန် ရှင်ကြီး ရှင်နန္ဒဓဇက ရွှေတိဂုံ မေတ္တာစာကို ဤသို့ဖွဲ့ဆိုခဲ့ပါ၏။ "ပန်းမျိုးစုံ စီသီကာကုံးလို့ ထီး တံခွန်တွေ၊ အဝေဆုံးနှင့်၊ ငါးကြော် သားကြော် အဆီတုံးနှင့်၊ ဆွမ်းသင် ပုတ်တော်ကိုယ်တော်သုံးဖို့၊ ဖက်စိမ်း ထွန့်ချွန် ယဉ်ရုံဖုံးလို့၊ အပျိုအအို တပြုံးပြုံးမို့၊ အမြိုင်မြိုင်ဆံတော် ရင်းမှာ၊ အပြိုင်ပြိုင်လှူဖွယ်ခင်းလို့ ပလုတ်တုတ်သံ ပြုတ်ပြုတ်ပြုန်းနှင့်၊ ဆိုင်းသံ စည်သံညံညံအုန်းစ။ ပရိ သတ်တွေခြိမ့်ခြိမ့်ရုံးလို့"ဟု ဖွဲ့ဆို ခဲ့သည်။ ၁၈၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် တနင်္ဂနွေနေ့တွင် အနောက် နန်းမိဖုရား မမြကလေးက ရွှေတိဂုံ စေတီတော်ကြီး အနောက်စောင်း တန်းဆောက်လုပ်ရန် သစ်ပျဉ်ကံ ကျွေး လက်ခငွေများ ဆက်သရာ မိဖုရားခေါင်ကြီးနှင့်အတူ သာယာ ဝတီမင်းကြီးသည် ရေစက်သွန်းချ တော်မူခဲ့ပါ၏။
ထိုအချိန်က နန်းမ တော် မမြလေးက သီကုံးခဲ့လေ သလောဟု ထင်ရသည့် သဖြန် တစ်ပုဒ်တွင်-
စိမ်းပြာလဲ့မှုံ ရဂုံကမှိုင်း
မြူခိုးရယ် မှောင်မှောင်နှင့်
သည်တောင်မှာ ရွှေရောင်ဖုန်း တယ်
ကုန်းမြတ် သမိုင်း။
ဟု အဆုံးသတ်ထားသော လွမ်းဖွယ် ရွှေတိဂုံကို သမိုင်းတွင် မှတ်မှတ်သားသား ရှိခဲ့ရပါသည်။
ထိုနည်းတူစွာပင် မြန်မာမင်း အဆက်ဆက်က ရွှေတိဂုံစေတီ တော်မြတ်ကြီးအား ပြုပြင်မွမ်းမံ တည်ဆောက်ခဲ့ကြပုံ၊ ထီးတော်များ တင်လှူခဲ့ကြပုံ၊ အကြိမ်ကြိမ်လှုပ်ခဲ့ သော ငလျင်ကြီးများကြောင့် ပြို ကျပျက်စီးခဲ့ရာတွင် မင်းနှင့် ပြည်သူ၊ ညီတူစိတ်ထား သဒ္ဓါများ၍ ပြန် လည် မွမ်းမံ လှူဒါန်းခဲ့ကြပုံများကို သမိုင်းမှတ်တမ်း အစောင်စောင်တွင် တွေ့မြင်ဖတ်ရှု သိရှိခဲ့ရပါ၏။
မြန်မာလူမျိုးတို့သည် သမိုင်း ဆိုင်ရာ အထောက်အထား အချက် အလက်တို့ကို မှတ်သား စုဆောင်း ရာတွင် အားနည်းလှသည့်ဟု အနောက်နိုင်ငံသားတို့ကဆိုခဲ့သည် ကိုလည်း တွေ့ရပါ၏။ သို့သော် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သမိုင်းနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပ အထောက်အထားများနှင့် ညှိနှိုင်းထောက်ဆ၍ ပြုစုခဲ့သော မှတ်တမ်းမှတ်ရာများ အမြောက် အမြားရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ပါ ၏။
ဗုဒ္ဓဝင်ကျမ်းများအလိုအရ ဗုဒ္ဓ နှင့် ကုန်သည်နှစ်ဦး တွေ့ဆုံခန်းကို 'ဝိနယပိဋက'တွင် တွေ့ရပါ၏။ (ဆံ တော်စွန့်လိုက်သည်ဟုတော့ မတွေ့ ရပါ)သို့သော်လည်း နှစ်ပေါင်း ၁ဝဝဝ ကျော်အကြာ အေဒီ ၁၅ ရာစုထိုး၊ မွန်ကျောက်စာများနှင့် အဋ္ဌကထာ များတွင်မူ ဆံတော်စွန့်လှူလိုက် ကြောင်း ဖော်ပြချက်များကို တွေ့ရပါ ၏။
မည်သို့ဆိုစေ အေဒီ ၃ ရာစု တွင် အိန္ဒိယတောင်ပိုင်း နဂရ်ဇဏိ ကောဏ္ဍကျောက်စာနှင့် ယင်းအေဒီ ၃ ရာစုမှာပင် ရေးသားခဲ့သော 'စန်ဒုဖူ' တရုတ်မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ဗုဒ္ဓအယူဝါဒသည် ထိုရာစုနှစ် များမှာပင် သာသနာ ထွန်းကားနေပြီဖြစ်သည်ကို တွေ့နိုင် ပါ၏။
အံ့ချီးမကုန်မြတ်ရွှေတိဂုံ
ယခုဖူးတွေ့နေရသော ရွှေတိ ဂုံစေတီတော်မြတ်ကြီး၏ ဥာဏ် တော်မှာ ၃၂၆ ပေမြင့်ပါ၏။ သို့ သော် မူလရွှေတိဂုံစေတီတော်၏ အမြင့်မှာ ၆၆ ပေမျှသာဖြစ်ပါ၏။ ယခု ဖူးတွေ့ရသော စေတီပုံမျိုး လည်းမဟုတ်ဘဲ အေဒီ ၅ ရာစုမှ ၁၅ ရာစုအတွင်း မြန်မာနိုင်ငံတွင် ခေတ်စားခဲ့သော တိုက်စေတီပုံဖြစ် ခဲ့ပါ၏။ အေဒီ ၁၄ ရာစုတွင် ယင်း စေတီမှာ ပြိုပျက်နေပြီဖြစ်ပါ၏။ ရွှေ တိဂုံစေတီတော်ကြီးနှင့် ပတ်သက် သော ရှေးအကျဆုံး အထောက်အ ထားအဖြစ် အေဒီ ၁၅ ရာစုနှောင်း ပိုင်းက ရေးထိုးခဲ့သည့် ပါဠိ၊ မွန်၊ မြန်မာကျောက်စာများကို တွေ့ရပြီး ယင်းကျောက်စာများကို ရွှေတိဂုံ စေတီတော်ကြီး အရှေ့ဘက်စောင်း တန်း၏မြောက်ဘက်အလယ်ပစ္စယံ တွင် တွေ့နိုင်ပါ၏။ ထိုကျောက်စာ များအရ ရွှေတိဂုံစေတီတော်ကြီး၏ Óာဏ်တော်အမြင့်မှာ ဆင်ဖြူရှင်မင်း လက်ထက်တွင် စေတီအိမ်ပြာသာဒ် ကို ပယ်၍အတောင် ၄ဝ မြင့်သော စေတီကိုတည်ခဲ့ပုံ၊ သက္ကရာဇ် ၈၃၁ တွင် ဗညားဗ ရူး၏ ညီဝမ်းကွဲ ဓမ္မဇေ တြလောကျနာထ ရာဇဓိရာဇ်ဘွဲ့ခံ ဗညားကျန်းတော မင်းပြုသောအခါ မယ်တော်ဝိဟာရ ဒေဝီမိဖုရားကြီး သည် အမြင့် ပေ ၃၂ဝအထိ တည် ထားပြီးဖြစ်၍ ဗညားကျန်းတောက စေတီတော်ကို အင်္ဂတေကိုင်ပြီး ထီး တော်တင်ခဲ့ပုံများကို သမိုင်းမှတ်တမ်း များတွင် တွေ့ရပါသည်။
ဘက်စုံထောင်စုံရွှေတိဂုံ
ရွှေတိဂုံသည် မြန်မာတို့၏ ကိုး ကွယ်ယုံကြည်ဆည်းကပ်ရာဖြစ်သ လို မြန်မာတို့၏ပထဝီသမိုင်း (င လျင်အကြိမ်ကြိမ်လှုပ်ခဲ့ပုံ) မြန်မာတို့ ၏ နိုင်ငံရေးသမိုင်း၊ မြန်မာမင်းတို့ ၏ အောင်မြေနင်းပုံ၊ မြန်မာတို့၏ နယ်ချဲ့တော်လှန်ရေးဆင်နွှဲပုံများတွင် အထိကရအဓိကအခန်းမှ ပါဝင်နေ သည်ကို တွေ့ရမည်ဖြစ်ပါ၏။ သမိုင်းမှတ်တမ်းများအရ မြန်မာ သက္ကရာဇ် ၇၉ဝ (အေဒီ ၁၄၃၆) ဗညားရန်ခိုက်မင်း၊ အေဒီ ၁၅၆၄ (ဘုရင့်နောင်မင်း)၊ အေဒီ ၁၆ဝ၈၊ အေဒီ ၁၆၁၆ (ဗညားဒလမင်း)၊ အေဒီ ၁၆၂ဝ နိုဝင်ဘာ (အနောက် ဘက်လွန်မင်း)၊ အေဒီ ၁၆၄၄ (သာ လွန်မင်း)၊ အေဒီ ၁၆၅၂ (ပင်းတလဲ မင်း)၊ အေဒီ ၁၆၆၂ (ပြည်မင်း)၊ အေဒီ ၁၆၆၄၊ အေဒီ ၁၆၇၉ (မင်းရဲ ကျော်ထင်)၊ အေဒီ ၁၉၆၈ ဇွန်လ ၁၃ (ဆင်ဖြူရှင်မင်း)၊ ၁၉၃ဝ မေလ ၅ ရက်နှင့် ၁၉၇ဝ သြဂုတ်လ ၂ဝ ရက်တို့တွင် ငလျင်များလှုပ်ခတ်ခဲ့ ရာ ရွှေတိဂုံစေတီတော်ကြီးအား ထိခိုက်မှု ရှိခဲ့သဖြင့် ပြုပြင်မွမ်းမံ ခြင်း၊ ထီးတော်တင်ခြင်း၊ စိန်ဖူး တော်၊ ငှက်မြတ်နားတော်များ ပြု ပြင်ခြင်းတို့ကို ပြုလုပ်ခဲ့ရပါ၏။ ရွှေတိဂုံစေတီတော်မြတ်ကြီး သည် သင်္ခါရနှင့်သဘာဝ ဓမ္မတရား အရ ငလျင်လှုပ်ခြင်း၊ မီးလောင် ကျွမ်းခြင်းတို့ကိုလည်း ခံခဲ့ရပါ၏။ ၁၉၃၁ ခုနှစ် မတ်လ ၆ ရက်နေ့ တွင် အနောက်ဘက်စောင်းတန်းမှ စ၍ လောင်ခဲ့သော မီးသည် စေတီ တော်ကြီးနှင့်အရှေ့ဘက်စောင်းတန်း အထိ မီးကူးစက်လောင်ကျွမ်းခဲ့ရာ သမိုင်းတန်ဖိုးများစွာ ဆုံးရှုံးခဲ့ရပါ၏။ သို့သော်လည်း သဘာဝတရား ကြီးကို ကြံ့ကြံ့ခံကာ သိင်္ဂုတ္တရ ကုန်း တော်မြတ်၌ ငွါးငွါးစွင့်စွင့် တင့်တင့် တယ်တယ်သပ္ပာယ်လှစွာရွှေအဆင်း ဖြင့် ပဝင်းလျက်ရှိတော်မူသော ရွှေတိ ဂုံစေတီတော်မြတ်ကြီးသည် နှစ် ၂၆ဝဝ တိုင်တိုင်တိုး၍တိုး၍သာ ကြည်ညိုသဒ္ဓါပွားဖွယ်ဖူးတွေ့ရပါ၏။
၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်
မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တပေါင်းလပြည့်နေ့ (၂ဝ၁၂ ခုနှစ် မတ်လ ၇ ရက်)သည် ရွှေတိဂုံ စေတီတော်ကြီး နှစ် ၂၆ဝဝ ပြည့် နေ့ထူးနေ့မြတ်ဖြစ်ပါ၏။ ထိုနေ့ မ တိုင်မီ ၁၅ ရက်(ဖေဖော်ဝါရီ ၂၂ ရက်)မှ စတင်၍ ရွှေတိဂုံစေတီ တော်မြတ်ကြီးတွင် ကြုံတောင့်ကြုံခဲ နှစ် ၂၆ဝဝ ပြည့်ဗုဒ္ဓပူဇနိယပွဲတော် ကြီးကို ကျင်းပမည်ဖြစ်ပါ၏။ ပွဲတော် ကြီးတွင် သံဃာတော် အပါး ၂၆ဝဝ ဖြင့် ရွှေတိဂုံစေတီတော်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်ပြီး သံဃာတော်အပါး ၂၆ဝဝ အား ဆွမ်း ဆန်တော်များ လောင်းလှူခြင်း၊ ပွဲ တော်ကာလအတွင်း ဓမ္မဒေသနာ တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ ဆွမ်းပန်းရေ ချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊ ရိုးရာ ထမနဲပွဲများ ကျင်းပခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည် ဖြစ်ပါ၏။ ပွဲတော်ကာလအတွင်း သိဂုင်္တ္တ ရကုန်းတော်ကြီးတွင် ဖူးပွင့်ဝေဆာ နေသော ပန်းပင်ပေါင်း ၅၄ဝဝဝဝ ကို စိုက်ပျိုးလှူဒါန်းလျက် ကုန်း တော်တစ်ခုလုံး ပန်းပေါင်းစုံဝေဆာ ပွင့်ဖူးသည့် ပန်းပင်လယ်ကြီးပမာ ပန်းပူဇော်ပွဲကြီးကိုလည်း ကျင်းပ မည်ဖြစ်ရာ ရွှေတိဂုံစေတီတော် သမိုင်းကာလတစ်လျှောက်တွင် အ ထူးခြားဆုံး ပွဲတော်ကြီးတစ်ခုလည်း ဖြစ်လာမည်ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါ၏။
သိန်းအေး
ရည်ညွှန်း-
-မြတ်လှအစုံ ရွှေတိဂုံ(တင်လှသော်)
၁-၁ဝ-၇ဝ နေ့ထုတ်ပြည်သူ့ကြယ်ဂျာနယ်
- ရွှေတိဂုံစေတီတော်သမိုင်း(တင်လှသော်)
၁-၈-၇ဝ ပြည်သူ့ကြယ်
-Myanmar Newsweek
Myanmar Express
Posted in:
နှစ် 2600 ပြည့် မြတ်ရွှေတိဂုံ
21:55  Myanmar Express Group  No comments
1955 ကမ္ဘာ့ထိပ်သီး ကွန်မြူနစ်ခေါင်းဆောင် ဆိုဗီယက်ဝန်ကြီးချုပ် " ခရုရှက် " မြန်မာနိုင်ငံလာရောက်စဉ် ရွေတိဂုံစေတီတော်ကြီးကို လက်အုပ်ချီကန်တော့ရာ မြန်မာ့နိုင်ငံရေးခေါင်းဆောင် တစ်ဦးက " ခင်ဗျားဟာ ကွန်မြူနစ်လုပ်နေပြီး ဘုရားရှိခိုးရသလားဗျ "
ဟုမေးလိုက်၏ ။
မစ္စတာ အခုရှက်က - " ဗုဒ္ဓကို ကျွန်တော်တို့ အလေးပြုရမယ်ဗျ ၊ ဘာပြုလို့လဲဆိုတော့ မိမိ ၀ါဒကို နှစ်ပေါင်း (2500) ကျော် တည်တံ့အောင် ပျိုးထောင်ခဲ့တဲ့ ဗုဒ္ဓရဲ့စွမ်း ပကားဟာ ကျွန်တော်တို့ လူ့သမိုင်းအရ ဘယ်လူသားကမှ လိုက်မမှီသေးဘူး ။ ခုကျွန်တော်တို့ စည်းရုံးနိုင်တယ်ဆိုတာ လူဘယ်နှစ်သန်းလောက်ကို နောက်လိုက်ဖြစ်အောင်လုပ်နိုင်ကြသလဲ ။ ဘယ်လောက်ကြာကြာ တည်တံ့အောင်လုပ်နိုင်မလဲ ဗုဒ္ဓလောက်ကြီး မြတ်တဲ့ စည်းရုံးရေးမှူးမျိုးရှိနိုင်ပါ့ မလား ………………..
ဒါ့ကြောင့် ဗုဒ္ဓရဲ့ စည်းရုံးရေး စွမ်းအင်ကို အလေးပြုတဲ့ အနေနဲ့ ကျွန်တော်က ခင်ဗျားတို့ ဓလေ့အတိုင်း ရှိခိုးတာဗျ ။ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မဟုတ်ဘူးလားဗျာ "
ဟုပြန်ပြောလိုက်သတည်း ……………
(ဆိုဗီယက် ၀န်ကြီးချုပ် ခရုရှက် )
ဖတ်ထားဘူးတာ ကြာပြီ ....
ပိုစ့်လေး ရေးခဲ့တာလဲ ကြာပါပေါ့ ။
အခုထပ်ရေးရခြင်းအကြောင်းက သာသာနာနှစ် 2600 ရှိခဲ့ပြီလေ ။
သာသနာသက္ကရာဇ်နှစ်က (၂၅၅၅)
သုံးလောက ထွဋ်ထား ရှင်းတော်မြတ် ဘုရား သက်တော်ထင်ရှားရှိစဉ် ၀ါတော်(၄၅)၀ါ အားပေါင်း၍
လောက တွင်ရှိကြကုန်သော လူအများ အကျိုးရှိစေခြင်သောငှာ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ထာပနာထားသော
ဆံတော်မြတ် နှစ်(၂၆၀၀)ပြည့် နှစ်အားရည်စူး၍ ပူဇော်သော
ဗုဒ္ဓပူဇနိယပွဲတော်ကြီး ဖြစ်ပါသည်။
ကျွန်တော်တို့ လူတစ်ယောက်ရဲ့ သက်တမ်း ( 100 ) တမ်းမှာ အခု
ကျွန်တော်တို့ နေထိုင်နေကြရတယ် ......
သို့သော် 100 ထိ လူဘယ်လောက်တောင် နေထိုင်ကြရလို့လဲ
ဒါကြောင့် တိုတောင်းလှတဲ့ ဘူဘ၀ လေးမှာ ကြုံတောင့်ကြုံခဲေ၇ွှတိဂုံစေတီတော်မြတ်ကြီး၏
နှစ်(၂၆၀၀) ပြည့်နှစ် နှင့် တိုက်ဆိုင်စွာ ဖူးမျှော်ခွင့်ရရှိသည့် အခိုက်
ပူဇော်လှူဒါန်း ကြည်ညိုသဒ္ဒါပွားများနိုင်ရန် အတွက်
တိုက်တွန်းနှိုးဆော်အပ်ပါတယ် ခင်ဗျာ....
(၂၅.၂.၂၀၁၂ ) စနေနေ့ တွင် သံဃာတော် ၂၆၀၀ပါး ဖြင့် ရွှေတိဂုံစေတီတော်အား ဗုဒ္ဓါဘိသေကအနေကဇာ တင်ပြီး
သံဃာတော် ၂၆၀၀ပါး ဆွမ်းဆန်တော်များ လောင်းလှုခြင်း။
၂၂.၂.၂၀၁၂ မှ ၇.၃.၂၀၁၂ ထိ ပွဲတော်ကာလ အတွင်း
ဓမ္မဒေသနာတော်များ ရွတ်ဆိုပူဇော်ခြင်း။
ပွဲတော်ကာလအတွင်း နိဗ္ဗာန်ဈေးဖွင့်လှူခြင်း။
ဆွမ်း ၊ ပန်း ၊ ရေချမ်း နှင့် ဆီမီးကပ်လှူခြင်း။
ဓမ္မသဘင်အတွက် လှူဒါန်းခြင်း။
လျှပ်စစ်မီးရောင်စုံ ထွန်းညှိပူဇော်ခြင်း။
ဖူးပွင့်နေသော ပန်းပင်များ လှူဒါန်းခြင်း။
တို့ ဖြစ်ပါတယ်..။
သူငယ်ချင်းများ အနေဖြင့် မိမိတို့တက်စွမ်းသမျှ ဒါန ကုသိုလ် ၊ ဘာဝနာ ကုသိုလ်များကို
ရွှေတိဂုံစေတီတော် နှစ် 2600 ပြည့်မှာ ပြုလုပ်ကြဖို့ နိဗ္ဗာန်အကျိုးမျှော်ပြီး နိုးဆော်လိုက်ရပါတယ် ခင်ဗျာ ..... ။
Myanmar Express
Posted in:
လူလိမ်တွေ ပွေလီရှုပ် တန့်ကြည်တောင်ဇာတ်ထုတ်
    တန့်ကြည်တောင် ရိပ်သာက တိရိစ္ဆာန်တို့ရဲ့ အမူအရာပေါင်းစုံ၊ တရားထိုင်ရင်း ငို ရယ်နေတာတွေ၊ ကနေတာတွေကို ရိုက်ထားတဲ့ခွေ အွန်လိုင်းပေါ်မှာ ရောက်ရှိနေတာတော့ ကြာခဲ့ပါပြီ။
    တချို့လည်း ကြည့်ပြီးဖြစ်ကြသလို မကြည့်ရသေး တဲ့ ပုဂ္ဂိုလ်များရှိနေအုံးမည် ထင်ပါသည်။
    ဒီမှာ ဒေါင်းယူကြည့်ရှူနိုင်ပါသည်
    ဒီမှာ
    or
    http://www.fileserve.com/file/SBysvxH/
    or
    http://ifile.it/zce0g31/Mad_meditation.flv/
    or
    http://www.mediafire.com/?lhryijf9ld0r4l5/
    or
    http://www.megaupload.com/?d=63IGW3WN/
    တချို့ကြည့်ပြီးသား ပုဂ္ဂိုလ်များက ဒါကိုကြည့်ပြီး ထူးဆန်းအံ့သြဖွယ်အဖြစ် လာရောက်
    မေးမြန်းကြပါသည်။ တရားထိုင်တဲ့အခါ ဤခွေထဲကအတိုင်း တကယ်ဖြစ်သလား စသည်
    စသည်ဖြင့် မေးလာကြပါသည်။ တရားထိုင်တဲ့အခါမှာ ငိုမှု့ ရယ်မှု့တွေ အနည်းအကျဉ်းတော့ ဖြစ်တတ်ကြပါသည်။ ပီတိ ကြောင့် မျက်ရည်ကြခြင်း၊ ငိုခြင်း စသည်တို့လည်း ဖြစ်တတ်ပါတယ်။ ဒီခွေထဲကအတိုင်း ရုပ်ပျက် ဆင်းပျက် ငိုတာမျိုးတွေတော့ မရှိပါဘူး။
    မဟာစည်၊ မိုးကုတ် စတဲ့ နာမည်ကြီး ရိပ်သာတွေမှာ ဤခွေထဲကအတိုင်း ဖြစ်သလားဆိုတာ စာဖတ်သူကိုယ်တိုင် သွားရောက်စုံစမ်းနိုင်ပါတယ်။
    ယခု အခွေသည် ပြင်ပမှ တစုံတစ်ယောက်က ရိုက်ထားသောခွေမဟုတ်ပါ။ တန့်ကြည်ရိပ်သာက
    သူတို့ကိုယ်တိုင် ရိုက်ကူးပြီးတော့ ဖြန့်ချီတဲ့ခွေဖြစ်ပါသည်။ ဤခွေထဲမှာ ပါသော ကနေတာတွေ ခွေးလိုအမူအရာ၊ မြွေလိုအမူအရာ စတာတွေနဲ့ ဖြစ်ပျက်နေတာတွေဟာ ၀ဋ်ကြွေးပေးဆပ်တယ်၊ တရားထူးတက်တယ် စသည်ဖြင့် တန့်ကြည်တောင် ဆရာတော် ဦးသောမဗုဒ္ဓိ
    ကိုယ်တိုင် ဟောပြော၍ လူထုပရိတ်သတ်ကို စည်းရုံးထားတဲ့ ခွေဖြစ်ပါတယ်။
    လူစင်စစ်က လူစိတ်ပျောက်ပြီး တိရိစ္ဆာန်အမူအရာမျိုးစုံနဲ့ ဖြစ်ပျက်နေတာတွေက တိရိစ္ဆာန်
    တရားပဲဖြစ်မှာပါ၊ မြတ်ဗုဒ္ဓရဲ့ တရားမဟုတ်တာတော့ အသေအချာပါပဲ။
    မြတ်ဗုဒ္ဓရဲ့ ထေရ၀ါဒဗုဒ္ဓသာသနာကို ဖျက်ဆီးထားတဲ့အတွက် 1999 ခုနှစ်မှာ မန္တလေး၊
    မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) မစိုးရိမ်မှ ထေရ၀ါဒ တိုက်ပွဲ
    ဟူသော စာအုပ်ဖြင့် ထိုဝါဒဆိုးကြီးကို ဖော်ထုတ်လိုက်တဲ့ အတွက်ကြောင့် 24.12.2000
    ခုနှစ်မှာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ရှေ့မှောက်မှာ ၀န်ခံကတိပြု
    လက်မှတ်ရေးထိုးပြီး တန့်ကြည်တောင် ရိပ်သာကို ပိတ်သိမ်းသွားပါတယ်။
    သို့ပါသော်လည်း ယခုအခါ တန့်ကြည်တောင် သည် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်
    ပေါ်ထွန်းလာသည့်အတွက် ယခုအခွေအား အွန်လိုင်းပေါ် တင်ပေးလိုက်ရခြင်း ဖြစ်ပါသည်။
    တန့်ကြည်တောင် ရိပ်သာ ရှိတဲ့မြို့များကတော့
    တန့်ကြည်တောင် ရိပ်သာ (ပုဂံ၊ ညောင်ဦး) ပင်မရိပ်သာ
    တန့်ကြည်တောင်ရိပ်သာ (မန္တလေး၊ ပြည်ကြီးတံခွန်)
    တန့်ကြည်တောင်ရိပ်သာ (ရန်ကုန်၊ မင်္ဂလာဒုံ) တို့ ဖြစ်ပါသည်။
    မြန်မာနိုင်ငံသားများအနေဖြင့် ၀ါဒဆိုးကြီးအောက်သို့ မသက်ရောက်မိစေရန်
    မေတ္တာရှေ့ထား၍ တင်ပြလိုက်ပါသည်။
    အရှင်ဝရသာမိ
    http://www.sbay-student.org/
    Prev: မှန်ကန်သော အသက်မွေးမှု ပြုနိုင်ပါစေ
    Next: ချီးမွမ်းကဲ့ရဲ့ မငဲ့ကွက်နဲ့
    အာနာပါန သတိပဌာန် ရှုမှတ်နည်း အကျဉ်း
    အာနာပါနဿတိသည် ကာယာနုပဿနာသတိပဌာန်တစ်မျိုးဖြစ်ပါသည်။ အာနာပါနသည် ထွက်လေ၀င်လေဆိုသည့် ၀ါယောဓါတ် ခေါင်းဆောင်သည် ဓါတ်တရားတွေ စုပေါင်းထားသော ကာယကို အစိတ်စိတ်အမွှာမွှာ ကွဲသွားအောင် အဖန်ဖန် အထပ်ထပ် ရှုရသော သတိပဌာန်ကို ခေါ်ပါသည်။
    ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထား၍ သတိကို နှာခေါင်းရှည်သောပုဂ္ဂိုလ်ဆိုလျှင် နှာသီးဝ၊ နှာခေါင်းတိုလျှင် အထက်နုတ်ခမ်း မှာထားပါ။ ထွက်လေ၀င်လေကို သတိနဲ့ ၀င်၊ ထွက်စေရမည်။
    က) မှတ်နည်းမှာ
    ၁) ထွက်လေ၀င်လေတစ်စုံကို ၁၊ ၂၊ ၃၊ ၄၊ ၅ ဟု မှတ်တဲ့နည်း။
    ၂) အနုပတ္တာနည်း- နေရာတစ်ခုခုမှာပဲ သတိကိုထားပါ။ ထွက်လေ၀င်လေကို စ၊လယ်၊ဆုံးသိအောင်လုပ်တဲ့နည်း။
    ၃) ဌာပနာနည်း- ထိတဲ့နေရာမှာ ထိထိနေတာသိအောင်လုပ်တဲ့နည်း။
    ခ) ကြာတာ၊ မြန်တာသိအောင်လုပ်ပါ။ တိုတိုလား၊ ရှည်ရှည်လား သိအောင် လုပ်ရမည်။
    ဂ) ပြင်းထန်သလား၊ နူးညံ့သလား သိအောင်လုပ်ရမည်
    ထွက်လေ ၀င်လေသည် စိတ္တဇ၀ါယောဖြစ်လို့ စိတ်ပေါ်မူတည်သည်။ စိတ်တွေ ကြမ်းလျှင် ထွက်လေ၀င်လေက ကြမ်းသည်။ နီဝရဏ တရား ၅ ပါး မကင်းလျှင် ပျံ့လွင့်တဲ့စိတ်ကပူလောင်တဲ့သဘောရှိပါသည်။ ၄င်းကြောင့် ဖြစ်တဲ့စိတ်က ကြမ်းပါသည်။ နီဝရဏဆိုသည်မှာ-
    ၁) တစ်စုံတစ်ခုကိုလိုချင်တဲ့စိတ်
    ၂) အလိုမကျတဲ့စိတ်
    ၃) ငိုက်မျဉ်းတာ
    ၄) ပျံ့လွင့်တာ၊ ပူပန်တဲ့စိတ်
    ၅) မဆုံးဖြတ်နိုင်တဲ့စိတ်
    ဃ)နီဝရဏ ကင်း၍ စိတ်တွေသိမ်မွေ့သွားတဲ့အခါ ၀င်လေထွက်လေသည် နူးညံ့လာပါသည်။ သိပ်ပြီး သိမ်မွေ့လာရင် ထွက်လေ၀င်လေ ရှိမှရှိသေးလားလို့ ထင်ရတတ်ပါသည်။ အောက်ပါပုဂ္ဂိုလ်များမှသာ ထွက်လေ၀င်လေ ချုပ်ပါသည်-
    ၁) အမိဝမ်းထဲက ကလေး
    ၂) သေသွားတဲ့ပုဂ္ဂိုလ်
    ၃) သေခါနီးမိန်းမျောနေတဲ့သူ
    ၄) စတုထ္တဈာန်ဝင်စားနေသူ
    ၅) နိရောဓသမာပတ်ဝင်စားသူ
    ၆) ဗြဟ္မပြည်ရောက်နေပုဂ္ဂိုလ်(ဗြဟ္မာ)
    င) ၀ီရိယစိုက်ပြီးရှုလျှင် သိမ်မွေ့နေသော ၀င်လေထွက်လေကို တွေ့လာလိမ့်မည်။ စိတ်တွေကြည်လာတတ်သည်။ အဖြူရောင် ညစ်ထေးထေး နမိတ် စပေါ်လာမည်။ ပေါ်လာကစတွင် ၀င်လေထွက်လေက သတ်သတ် နမိတ်က သတ်သတ် ဖြစ်နေတတ်သည်။ ယင်းသို့ နမိတ်ပေါ်လာလျှင် စိတ်ကပေါ်လာသော နိမိတ်ပေါ်ရောက်သွားတတ်သည်။ နမိတ်ကိုဆက်ရှုရမည်။ နမိတ် ပျောက်သွားလျှင် ဘာဝနာစိတ်ကို ၀င်လေထွက်ပေါ်ပြန်တင်ရမည်။ ဘာဝနာစိတ်အားကောင်းလျှင် နမိတ်နှင့် ၀င်လေထွက်လေတို့ တစ်ထပ်တည်း ကျလာလိမ့်မည်။ ယင်းနောက်မှာ နှာခေါင်းထဲက လှုပ်ရှားနေသော မီးခိုးတန်းလို၊ ဖြူဖြူဖွေးဖွေး ၀ါဂွမ်းဆိုင်လိုအစတွင် ဖြစ်မည်။ ဘာဝနာစိတ် ခိုင်ခံ့လာသောအခါ ဖြူဖွေး ကြည်လင်တောက်ပသော မီးချောင်းလို ကြည်လို နက္ခတ်လို ပုလဲလုံး ရွဲလုံးလို ပေါ်လာ တတ်သည်။ ဈာန်လမ်းသွားချင်လျှင် ပေါ်လာသော နမိတ်ကို မလွတ်တန်းရှုဖို့လိုပါသည်။ လှုပ်နေတဲ့နမိတ်က ငြိမ်သွားသည် အထိ အာရုံပြုပွါများလျှင် ဈာန်စခန်းသို့ ရောက်ပြီ။ ၄င်းဈာန်ကလည်း နီဝါရဏ ၅ ပါးကို လောင်ကျွှမ်း သွားစေပါသည်။ နမိတ် ၃ မျိုးမှာ-
    ၁) မူလ ၀င်လေထွက်လေက ပရိကမ္မနမိတ်
    ၂) မီးခိုးတန်းလို ၀ါဂွမ်းဆိုင်လို အစရှိတဲ့ လှုပ်ရှားပြီးနေတဲ့နမိတ်က ဥဂ္ဂဟနမိတ်
    ၃) ကြည်လင်တောက်ပပြီး ငြိမ်၍ပေါ်လာတာက ပဋိဘာဂနမိတ်
    ဈာန်မှာ အင်္ဂါ ၅ ပါး ရှိသည်။
    ၁) စိတ်ကို နမိတ်ပေါ် မရောက်ရောက်အောင် တင်ပေးရတဲ့ ၀ိတက်
    ၂) ထိုနမိတ်ကို အဆက်မပြတ် ဆင်ခြင်နေတဲ့ သုံးသပ်နေတဲ့ ၀ိစာရ
    ၃) ၀ိစာရနှင့် နမိတ်ကို ဆင်ခြင်ပါများတော့ ပွတ်ပါများရင် အရောင်တလက်လက်ထွက်လာသော ရွှေပုထိမ်သည်ရဲ့ လက်ဝတ်ရတနာများလို လှုပ်ရှားနေတဲ့ နမိတ်က ငြိမ်ပြီး ကြည်လင်လာသည်။ ထိုနမိတ်ကို နှစ်သက်တဲ့ သိမ့်ကနဲ ငြိမ့်ကနဲ ခံစားတတ်တဲ့ ပီတိ
    ၄) အေးချမ်းတဲ့သဘော ပဿဒ္ဒိ၊ စိတ်တွေလဲ အေးချမ်လို့ ခန္ဓာကိုယ်လဲ အေးချမ်းလာသည်။ ငြောင်းညာကိုက်ခဲခြင်းမရှိ။ ခန္ဓာကိုယ်ကြီးကို
    အောက်က မြောက်ပင့်လိုက်သလို ပေါ့နေသလို ခံစားရသည့် လဟုတာ။ အောက်မှာထိနေတယ်လို့ မထင်ရ။ နတ်စည်းစိမ်တမျှဟု ဆိုပါသည်။
    ၅) နောက်ဆုံး စိတ်က တည်ငြိမ်သွားတဲ့ ဧကဂ္ဂတာ။ သမာဓိရသွားပါပြီ။ ပထမဈာန်ဟု ခေါ်သည်။ စိတ်က နီဝရဏလွတ်လို တက်ကြွလန်းဆန်း အေးချမ်းနေပါတယ်။
    ဤနေရာတွင် ၀ိပဿနာမရှုလိုသေးပါက ၀ိတက် ၀ိစာရကိုပယ်လျှင် ဒုတိယဈာန်၊ ပီတိကိုပယ်လျှင် တတိယဈာန်၊ သုခကိုပယ်လျှင် စတုထ္ထဈာန်အထိ တက်သွားနိုင်သည်။ ဈာန်စခန်းသွားရင် ဉာဏ်မလိုသေးပါ။ ရှုရုံပဲရှုနေရင်း တက်သွား ပါသည်။ ပထမဈာန်ရပြီး ၀င်လေထွက်လေဆိုသော တွန်းကန်လှုပ်ရှား တတ်သည့် ၀ါယောဓါတ်ဖြစ်သည့် ရူပ်ကိုရှုရင် ကယာနုပဿနာ။ ပီတိ၊ သုခ ဆိုသည့် စေတသိတ်များကိုရှုရင် ဝေဒနာနုပဿနာ။ ကြည်လင်နေသည်ကို သိနေသော စိတ်ကိုရှုရင် စိတ္တာနုပဿနာ။ ထိုစိတ် စေတသိတ်နှင့် ရုပ်များ မမြဲဘူးဆိုသည့် အနိစ္စသဘော၊ ကုန်ပျောက်တတ်သည်ဆိုသည့် ၀ိရာဂသဘော (တက်မက်စရာမရှိ)၊ ချုပ်ပျောက်ပျက်စီးတတ်သည်ဆိုသည့် နိရောဓ (ခိုင်မြဲသည်ဟု မယူဆ)၊ စွန့်ပစ်ရမည် ဆိုသည့် ပဋိနိသေကသဘော၊ အချက် ၄ ချက် ပါသော ဓမ္မာနုပဿနာ။ ယင်းသို့ သုံးသပ်သောဉာဏ်က သမ္မသနဉာဏ်ရဲ့ အစဖြစ်ပါသည်။
    ထွက်လေ၀င်လေက ရုပ်၊ ပီတိပဿဒ္ဒိ ခံစားမှု ဝေဒနာသည် စေတသိတ်၊ ချမ်းသာမှုကို သိနေသည့် စိတ်သည် ၀ိဉာဏ်၊ ယင်းစိတ်စေတသိတ်ရုပ်များကို ပိုင်းပိုင်းခြားခြား သိလာခဲ့သောဉာဏ်ကို နာမရူပပဋိစ္ဆေဒဉာဏ်။ သက္ကာယဒိဌိ ကင်းသွားပါပြီ။ ထိုနာမ်ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ၊ တဏှာ၊ ကံဆိုသော ဝေးသောအကြောင်းကြောင့် ဖြစ်ရပါသည်။ ထွက်လေ၀င်လေ တည်းဟူသော ၀ါယောရုပ်၏ အနီးဆုံးအကြောင်းမှာ စိတ်ဖြစ်ပါသည်။ အကြောင်းနှင့် အကျိုးကို သိမ်းဆည်းတတ်သည့်ဉာဏ်သည် ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါသည်။
    ဤသို့အကြောင်းအကျိုးကြောင့် ဖြစ်နေသော ရုပ်နာမ်နှစ်ပါး၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဓမ္မာနုပဿနာသတိပဌာန်နှင့် ၀ိပဿနာရှုလျှင် သမ္မသနဉာဏ် ဖြစ်ပြီ။ ၄င်းရုပ်နာမ်များ၏ ဖြစ်လာတာပျက်လာတာကိုမြင်သော ဉာဏ်က ဥဒယဗ္ဗယဉာဏ် ဖြစ်သည်။ ဖြစ်လာတာတွေ့လျှင် ဥစ္ဆေဒဒိဌိပြုတ်ပြီး ပျက်တာတွေ့လာသော် မြဲသည်ဆိုသော သဿတဒိဌိ ပြုတ်ပါသည်။ ဖြစ်ခြင်းနှင့် ပျက်ခြင်းတွင် ပျက်ခြင်းက ကြောက်စရာကောင်းသည့် သဘောဆောင်လို့ ဉာဏ်က ပျက်သည့်ဘက်ကိုပဲ ဒလစပ်ရှု သွားပါသည်။ အပျက်ကို သုံးသပ်ခြင်းက ဘင်္ဂဉာဏ် ဖြစ် ပါသည်။ ၀ါယောရုပ်ကိုပဲ ဖြစ်ဖြစ်၊ ဝေဒနာတစ်လုံးကိုဖြစ်ဖြစ်၊ ကြည်လင်နေသော စိတ်ကလေး တစ်လုံးကိုဖြစ်ဖြစ် ပျောက်ပျက်သွားနေသည်ကို မြင်သောအခါ ကြောက်စရာ ဆိုသည့် သံဝေဂဉာဏ် ဘယဉာဏ် ပေါ်လာပါသည်။ ထိုပျောက်ပျက်နေသော ခန္ဓာက အားကိုးစရာမဟုတ်ဟု သိသောဉာဏ်ဖြစ်သည့် အာဒီန၀ဉာဏ် ဖြစ်လာစေပါသည်။ ယင်းနောက်တွင် ငြီးငွေ့သော နိဗ္ဗိဒါဉာဏ် ပေါ်ပါသည်။ ထိုသို့ မလိုချင်ပဲ ရှုမှတ်နေရတာကို လွတ်ချင်သော မုဉ္စိတုကမျတာဉာဏ် ပေါ်လာပါသည်။
    သို့သော် ရေနစ်မှာကြောက်၍ ခွေးသေကောင် ပုပ်ကို အတင်းဖက်တွယ်ထားသူကဲသို့ မလွှတ်ပဲ ဤသင်္ခတကိုပင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ဘာဝနာစိတ်ဖြင့် ဖိပြီးရှုမှတ်နေသော ပဋိသင်္ခါဉာဏ် ဆက်ဖြစ် လာပါသည်။ ယင်းအခိုက်တွင် သင်္ခတတရားကို သုခ၊ ဒုက္ခသောမနဿမပါသော ဥပက္ခာဝေဒနာ ဖြစ်နေပါပြီ။ ၄င်းဉာဏ်ကို သင်္ခါရုပက္ခာဉာဏ် ဟု ခေါ်ပါသည်။ ထို့နောက်မှာ မဂ်ဖြစ်ပေါ်ရန် ကျေးဇူးပြုသည့် အနုလောမဉာဏ် ဖြစ်ပေါ်လာပါပြီ။ ဆက်လက်၍ အထူးကြောင့်ကြမစိုက်ရပဲ ဂေါတြဘုဉာဏ် ပေါ်လာပါသည်။ ထိုဉာဏ်က သင်္ခတ အာရုံကို မယူတော့ပဲ အသင်္ခတကို မျော်ကြည့်သည့်ဉာဏ်ဖြစ်ပါသည်။ ယင်းနောက်တွင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အစဉ်အတိုင်း ပေါ်လာပါတော့သည်။ ထိုနောက် ချုပ်ပျာက်ခဲ့ပုံ ပယ်ပြီးကိလေသများကို ပြန်ဆင်ခြင်သည့် ပစ္စ၀က္ခဏာဉာဏ် ပေါ်လာပါသည်။ အာနာပါနသတိပဌာန်သည် သတိပဌာန်လေးပါး ပြည့်စုံသည့်အတွက် ဗောဇ္ဈင် ၇ ပါး ဖြစ်ပါသည်။
    (ဆရာတော် အရှင်ဉာဏိသရ ဟောကြားသော အာနပါနသတိပဌာန်တရားထဲမှ ကောက်နုတ်ဖော်ပြပါသည်။)
    ချမ်းသာစစ်နှင့် ပြည့်စုံကြပါစေ။
    ပြေဇော်
    ကမ္ဘာ့ အမြင့်ဆုံးဗုဒ္ဓရုပ်ပွားတော်တွေနဲ့ ရုပ်ထုတွေ
      ၁။  Spring Temple Buddhaကမ္ဘာ့ အမြင့် ဆုံး ရုပ်ပွားတော်ကတော့ တရုတ်နိုင်ငံမှာတည်ရှိပြီး ခရီးသွားဧည့်သည်တွေ အမြဲတမ်းလာကြတဲ့ အမြင့် (၁၂၈ )မီတာရှိတဲ့  Vairocana ဗုဒ္ဓလို့ အမည်ရတဲ့ ရုပ်ပွားတော်ဖြစ်ပါတဃ်။  ရုပ်ပွားတော်ရဲ့ ( ၂၅ )မီတာမြောက်မှာ Jiuhua တောင်ကြီးရှိပြီး ဘာသာရေးရဲ့  သင်္ကေတတစ်ခုအနေဲ့ တည်ဆောက်ထားတာ ဖြစ်ပါတဃ်။
      ၂။ Laykun Setkyar Statue
      ဒုတိဃအမြင့်ဆုံး ရုပ်ပွားတော်ကလည်း ဗုဒ္ဓ ကို ကိုဃ်စားပြုထားတာပါပဲ ။ မြန်မာနိုင်ငံမှာတည်ရှိကာ လှပသပ္ပာဃ်စွာ တည်ရှိနေပြီး ချီးကျူးစရာကောင်းလှတဲ့  ဗိသုကာပညာရပ်နဲ့ တည်ဆောက်ထားတာဖြစ်ပြီး (၁၁၆)မီတာမြင့် မားပါတဃ်။ ရုပ်ပွားတော်ပာာ ဒါတွေမပါနဲ့ ကြည့် ရင်တောင်မှာ လှပသပ္ပာဃ်နေပါတဃ်။ လေးကွန်းစတြာလို့ အမည်ရပြီး (၂၀၀၈)ခုနှစ်တုန်းကပဲ တည်ဆောက်တာပြီးခဲ့တာဖြစ်ပါတဃ်။ဒီရုပ်ပွားတော်ကို ဗုဒ္ဓကိုဃုံကြည်ကိုးကွဃ်ဆည်း ကပ်နေသူတွေကနေအလေး သမှုပြုမှုနဲ့ တည်ဆောက်ထားတာဖြစ်ပါတဃ်။
      ၃။ Ushiku Daibutsu
      ၄။Nanshan Haishang Guanyin
      တရုတ်နိုင်ငံ ၊ Hainanကျွန်းမှာတည်ရှိပြီး Guanyin ရုပ်ထုတော်ကတော့  (၁၀၈)မီတာ အမြင့် ရှိပါတဃ်။ ကမ္ဘာ့ လှည့် ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတစ်ခု ဖြစ်ပြီး ဒီတစ်ခါတော့ နတ်သမီးကို ကိုဃ်စားပြုထားတာဖြစ်ပါတဃ်။  Bodhisattva Guan Yin( ကွမ်ရင်မဃ်တော် )ပာာ ကရုဏာရှင်နတ်သမီးတစ်ဃောက်ဖြစ်ပြီး  တရုတ်ဗုဒ္ဓဘာသာမှာ အရေးကြီးတဲ့ နတ်သမီးတစ်ပါးပါ ။ သူ့ ရဲ့ ရုပ်ထုတော် ဖွင့် ပွဲကို ဘုန်းကြီး(၁၀၈)ပါး တက်ရောက်ခဲ့ပြီး တခြားစိတ်ဝင်စားသူတွေလည်း တက်ရောက်ခဲ့ကြပါတဃ်။
      ၅။The statues of the emperors Yan and Huang
      ဂုဏ်ပြုထားကြပါတဃ်။ (၁၀၆)မီတာ အမြင့် ရှိပြီး ဒီအကြီးကြီးကို တည်ဆောက်တာပာာ နှစ်(၂၀)တောင်ကြာခဲ့ပါတဃ်။
      ၆။Sendai Daikannon
      ၇။Peter the Great
      ၈။Great Buddha of Thailand
      ဘုရားလာဖူးသူတွေရဲ့  (၉၂)မီတာအမြင့်မှာရှိနေပြီး ကြီးမားလှတဲ့ ဗုဒ္ဓရုပ်ပွားတော်ပာာ ထိုင်းနိုင်ငံမှာ အမြင့်ဆုံးဖြစ်ပါတဃ်။ ရုပ်ပွားတော်ကြီးပြီးဖို့  (၁၈)နှစ်လောက်ကြာမြင့်ခဲ့ပြီး အခုဆို  ဆောက်လုပ်တာပြီးဆုံးသွားတဲ့ ကြည်ညိုစရာကောင်းလှတဲ့  ဗုဒ္ဓရုပ်ပွားတော်ကြီးကို  အပြည့်အ၀ဖူးမြော်လို့ ရပါပြီ။
      ၉။Ling Shan Grand Buddha
      တရုတ်ကတော့ မြင့်မားလှတဲ့ရုပ်ပွားတော်တွေ ဆောက်တဲ့နေရာမှာ ကြီးမားလှတဲ့လို့ ဆိုရပါလိမ့်မဃ်။ ဗုဒ္ဓရုပ်ပွားတော်တို့ ရဲ့  ပုံစံတစ်ခုဖြစ်တဲ့ လက်ဖ၀ါးဖြန့်  ထားတဲ့ပုံစံ တစ်ခုကိုတည်ဆောက်ထားပြီး ဗုဒ္ဓဘာသာရဲ့ အရေးကြီးတဲ့ နေရာတစ်ခုလည်းဖြစ်ပါတဃ်။ ဒီကြီးမားလှတဲ့ဗုဒ္ဓရုပ်ပွားတော်ပာာ Lingshan( လင်းရှန် ) ကောင်တီမှာတည်ရှိကာ (၈၈)မီတာမြင့်မားပြီး ကမ္ဘာ့ အမြင့်ဆုံးရုပ်ပွားတော်တွေထဲမှာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတဃ်။
      ၁၀။Mother Motherland Callsဒီသာမန်ထက်ကြီးလှပြီး ခန့် ညားလှတဲ့ရုပ်ထုကြီးပာာ ရုရှားနိုင်ငံမှာတည်ရှိပြီး  Stalingradစစ်ပွဲ( ဂျာမဏီကနေရုရှားကိုဒုတိဃကမ္ဘာစစ်အတွင်းကကျူးကျော်ခြင်း ) အမှတ်တရအနေနဲ့  တည်ဆောက်ထားတာဖြစ်ပါတဃ်။ ဒီရုပ်ထုကြီး  တည်ဆောက်တာပြီးဆုံးတဲ့    ၁၉၆၇မှာတော့ရုပ်ထုကြီးပာာကမ္ဘာပေါ်မှာအကြီးဆုံးရုပ်ထုကြီးပါ။ဒါပေမဲ့လည်းအာရှသားတွေကနေကမ္ဘာ့ အကြီးဆုံးရုပ်ထုတွေကို
      ကျုပ်အကြောင်း
      "ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း.. ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ်။
      ငါအခါတစ်သိန်း သေခဲ့ရင်တောင်၊ အခါတစ်သန်း မြန်မာပြည်မှာပဲ လူပြန်ဖြစ်ရပါစေလို၏။"
      နယ်ချဲ့ဘုရင်ခံချုပ်ကို မြန်မာပြည်က ထွက်သွားဖို့ ပထမဆုံးရဲရဲတောက် စိမ်ခေါ်ပြောဆိုသူဟာ ဆရာတော် ဦးဥတ္တမပဲဖြစ်တယ်။
      ဗိုလ်ချုပ်အောင်ဆန်း
      (ဦးဥတ္တမအတ္ထုပ္ပတ္တိ)
      ဆရာတော်ဦးဥတ္တမသည် မြန်မာတမျိုးသားလုံး၏ ကျေးဇူးရှင်ကြီးဟုလည်းကောင်း၊ ကိုလိုနီဆန့်ကျင်ရေးတပ်ဦး၏ အကြီးအမှူး စစ်သူကြီးဟုလည်းကောင်း၊ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်ဟုလည်းကောင်း၊ မျိုးချစ်အာဇာနည် မြန်မာ့သားကောင်းသားမြတ် တဦးအဖြစ်လည်းကောင်း၊ ထည့်သွင်းအသိအမှတ်ပြု မော်ကွန်းရေးထိုးခဲ့ပါသည်။
      သခင်လွင်
      (ဦးဥတ္တမလက်ရွေးစင်)
      မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုကို တိုက်ရည်ခိုက်ရည် သွင်းပေးလိုက်တဲ့ ပုဂ္ဂိုလ်မှာ ဆရာတော်ဦးဥတ္တမပင်ဖြစ်သည်။
      ဒေါ်အောင်ဆန်းစုကြည်
      (ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး)
      ဗမာ့ရေးရာ
      National Coalition Government of the Union of Burma
      National Council of the Union of Burma
      Global Action for Burma (GAB)
      Free Burma Federation
      Democratic Party for a New Society
      All Burma Students’ Democratic Front
      All Burma Federation of Student Unions
      Assistance Association for Political Prisoners (Burma)
      Driving for Burma
      Ethnic Nationalities Council
      FORUM FOR DEMOCRACY IN BURMA
      Women's League of Burma
      Association of United Nationalities in Japan
      Shan Human Right Group
      Burma Lawyers' Council
      The Best Manure
      Students and Youth Congress of Burma
      National League for Democracy/Liberated Area
      International Burmese Monks Organization
      Canadian Friends of Burma
      သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ
      အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ
      ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီ
      University Students Union
      ဓနုအမျိုးသားကောင်စီ
      ရှမ်းပြည်လူငယ်ဒီမိုကရက်တစ်အင်အားစုများ
      See Burma
      Generation-Wave
      ဗမာ့ရေးရာအင်အားစု
      ကိုထိုက်
      ကိုဈာန်
      ကိုမော်
      ကိုမောင်ရင်
      ကိုလူလှ
      ကိုရုပ်ဆိုး
      ကိုဖိုးဇေ
      ကောင်းကင်ကို
      ကဒေါင်းညင်သာ
      ကေသွယ်
      ခင်မင်းဇော်
      ခွာညို
      ဂျစ်တူး
      ဂင်ကြီး
      ငြိမ်းဝေ
      ငြိမ်ချမ်းအောင်
      စိုးဝှက်
      စိုင်းဝဏ္ဏ
      ဆောင်းယွန်းလ
      ဇာဂနာ
      ညိမ်းညို
      ညိုကြီး
      ဒေါက်တာလွဏ်းဆွေ
      ဒေါင်းမာန်ဟုန်
      ဒီရေ
      သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ
      ရွှေဝါရောင်တော်လှန်ရေး
      ရှမ်းပြည်လူ့အခွင့်အရေးအဖွဲ့
      ရန်အောင်
      ရွက်မွန်
      ရဲရင့်ငယ်
      ရွှေဥသြ
      ရနံ့မပြယ်မယ့် အဆုံးမဲ့ကမ္ဘာ
      သစ်ခက်သံလွင်
      သစ်ကောင်းအိမ်
      ပြည်ထောင်စု လူ့အခွင့်အရေးကောင်စီ
      ပထီးပကော်
      ဖိုးတရုတ်
      မာယာ
      မဇ္ဈိမ
      မိုးမခ
      မိုးချိုသင်း
      မိုးသီးဇွန်
      မေငြိမ်း
      မသဒ္ဒါ
      မေဓာဝီ
      မောင်လှ
      မျိုးမြင့်အောင်
      မာန်လှိုင်းငယ်
      ထားဝယ်သား
      နစ်နေမန်း
      နှင်းခါးမိုး
      ယောဟန်အောင်
      လင်းလက်ကြယ်စင်
      လူဆိုးစာရင်း...
      သမိုင်းထဲကရက်စွဲများ
      ဟင်းလင်းပြင်
      ဓမ္မနဲ့ အဓမ္မ
      နယ်ခြားမဲ့ မြန်မာဘလော့ဂါများ
      မြန်မာစစ်အုပ်စုအား စောင့်ကြည့်သူများအဖွဲ့ 
      အာဏာရှင်ကို တော်လှန်ခြင်း
      အောင်သာငယ်
      အောင်စေရာပြည်
      အရှင်မေတ္တာစာရ
      အိမ်ချမ်းမြေ့
      အိပ်မက်အိမ်
      အောင်မိုးဝင်း
      အန်ဒါမန်ဟီးရိုး
      ဘီဘီစီ
      ဗွီအိုအေ
      လွတ်လပ်သည့် အာရှအသံ
      ဒီမိုကရက်တစ် မြန်မာ့အသံ
      မိုးမခ
      မြန်မာ့လူမျိုးစု မြန်မာ့အသံ
      ပြည်ထောင်စုအသံ
      ဟံသာဝတီ
      ခေတ်ပြိုင်
      ဧရာဝတီ
      မဇ္ဈိမ
      ဒီမိုကရက်တစ် မြန်မာ့အသံ
      ဗွီအိုအေ
      ရိုးမ ၃
      မိုးမခ
      ယနေ့မြန်မာ
      နေ့သစ်
      အမ်အိတ်ခ်ျကေ (NHK)
      ခါကာဘိုရာဇီ (မိုးကြိုး သတင်းစာ)
      ဟစ်တိုင်
      နေရဉ္ဖရာ
      အာဟာရစာစောင် (ဂျပန်)
      မိုးသောက်ကြယ် (ဂျပန်)
      သံလွင်အိပ်မက်
      ငုရင်ပြင်
      နိုင်ငံတကာ မြန်မာသတင်း စာမျက်နှာများ
      AP
      AFP
      Emergency Burma Relief
      www.chanmyay.org
      www.prayforburma.org
      www.myanmarchristian.net
      www.myittawardiparahita.com
      www.burmesebible.com/hymn
      www.dhammadana.org
      www.myanmarbible.net
      www.myanmarbible.com
      www.burmacampaign.org.uk
      www.uscampaignforburma.org
      www.cfob.org
      www.burmafund.org
      www.burma.no
      www.gabforburma.info
      www.encburma.org
      www.kwekalu.net
      www.knla.meabs.com
      www.kachinland.org
      www.kachinnews.com
      www.monnews-imna.com
      www.rakhapura.com
      www.shanland.org
      www.chinland.org
      www.ndf-burma.org
      www.sycb.info
      www.prospectburma.org
      www.soros.org
      www.studentscenter.info
      www.ex-rit.org/rit.asp
      www.acu.edu.au
      www.abfsu.net
      www.nationmaster.com
      www.ibiblio.org
      www.ejcanadacollege.com
      www.encburma.org
      www.mhyawlintchin.blogspot.com
      www.myanmarhealthcare.com
      www.myanmarmedicine.com
      www.drwinthein.co.cc www.health.ngoinmyanmar.org
      www.myanmarmp3.net
      www.mm-fg.net
      www.pansagar.com
      www.nyakabyar.com
      www.myanmarmusic.homeip.net
      www.shwedream.com
      www.freemyanmarvcd.com
      www.burmeseclassic.com
      www.khayanpyareinmet.com
      www.myanmarworld.com
      www.apytz.com
      Collections
      Faxtoon
      Myanmar Massacre
      တော်လှန်ရေးသီချင်းများ
      minthukha
      Quantcast
      counter