|မူလစာမျက်နှာ | သတင်း | ဆောင်းပါး | Ebook | သီချင်း | ဗွီဒီယို | ကဗျာ | အထွေထွေ | ထုတ်ပြန်ကြေငြာချက် | ဆက်သွယ်ရန် |

Monday, March 5, 2012




Posted: 05 Mar 2012 05:53 AM PST
နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully
နယူးဒေလီ (မဇ္ဈိမ) ။       ။ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully ၏ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန်ရှိကြောင်း နယူးဇီလန် သတင်းတရပ်တွင် ရေးသားထားသည်။

Radio New Zealand News အရ Mr McCully သည် တနင်္လာနေ့က မြန်မာနိုင်ငံကို ထွက်ခွါသွားပြီး အင်္ဂါနေ့တွင်
နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိသည်ဟု ဖော်ပြပါရှိသည်။

ယခုခရီးစဉ်မှာ Mr McCully ၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် နယူးဇီလန်မှာ အရှေ့အာရှ ထိပ်သီးညီလာခံကဲ့သို့ ဒေသတွင်း ဆွေးနွေးပွဲမျိုးတွေသာ တွေ့ဆုံလေ့ ရှိခဲ့ကြသည်။
Posted: 05 Mar 2012 05:46 AM PST

မတ်လ ၅ ရက်၊ ၂၀၁၂
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၆ နာရီ ၂၀ မိနစ်တွင် မန္တလေးမြို့မှ စည်းရုံးရေး ခရီးစဉ်ထွက်ခွာပြီးနောက် တံတားဦးအနီး ကျေးရွာတရွာ၊ နွားထိုးကြီးမြို့၊ မိတ္ထီလာမြို့၊ ဒက္ခိဏသီရိ၊ ဇဗ္ဗူသီရိတို့တွင် လူထုဟောပြောပြီးနောက် စည်းရုံးရေးခရီးစဉ် ရပ်နားလိုက်ပြီဖြစ်သည်။ 
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ လမ်းပျဉ်းမနားရွာမကွင်း အတွင်းမှ ပြည်သူလူထုအား တွေ့ရစဉ်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
 
Posted: 05 Mar 2012 05:15 AM PST
နေပြည်တော် ဇမ္ဇူသီရိ

ပရိသတ်ပါ....
ဓာတ်ပုံ ဒီမိုဝေယံ၊ ဒီမိုကောင်းကင်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဇမ္ဗူသီရိမြို့နယ် ဇီးကုန်းကျေးရွာမှာဟောပြောနေစဉ်
ဒေါ်အောင်ဆန်းစုကြည်သည် ဇမ္ဗူသီရိမြို့နယ်သို့ ဇီးကုန်းကျေးရွာ လူထုဟောပြောပွဲမှာ ပြည်သူလူထု တစ်သိန်းခန့် တက်ရောက်နားထောင်ခဲ့ ကြောင်း D-Wave သတင်းထောက်က သတင်းပေးပို့ ထား ပါတယ်။
နေပြည်တော်ဝန်ထမ်းများလည်း ဟောပြောပွဲကိုတက်ခဲ့ကြောင်းသိရပါတယ်။
သတင်း-ဓါတ်ပုံ  D-Wave
Posted: 05 Mar 2012 05:17 AM PST
ဒက္ခိဏသီရိမြို့နယ် လမ်းပျဉ်းမနား ကျေးရွာတွင် မဲဆွယ်စည်းရုံးရေး  ပြုလုပ်နေသော ဒေါ်အောင်ဆန်းစုကြည်ကို  တွေ့ရစဉ်။

ယင်းမဲဆွယ် ဟောပြောပွဲသို့ ဒေသခံ လူတစ်သိန်းခန့်တက်ရောက်ခဲ့သည်။   ဒေါ်အောင်ဆန်းစုကြည်သည် ယင်းမှ ဇေယျာသီရိမြို့နယ်  ဂုံးမင်းအင်း ကျေးရွာ သို့ ဆက်လက် ထွက်ခွာသွားခဲ့သည်။
ရန်ကုန်တိုင်းမ်
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ လမ်းပျဉ်းမနားရွာမကွင်း အတွင်းမှ ပြည်သူလူထုအား တွေ့ရစဉ်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
Posted: 05 Mar 2012 04:14 AM PST
 ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဒက္ခိဏသီရီ မြို့နယ်က ဟောပြောချက်။ (၀၅-၀၃-၂၀၁၂၊ ညနေ ၅ နာရီ) ဒီဗွီဘီ
အသံဖိုင်နားဆင်ရန် The Voice Weekly နေပြည်တော်သို့ နိုင်ငံရေးစည်းရုံးရေး ခရီးစဉ်အဖြစ် မတ်လ ၅ ရက်နေ့ (ယနေ့) ညနေ ၅ နာရီက ဒဏ္ခိသီရိမြို့နယ် ရွာမကျေးရွာအုပ်စု လမ်းပျဉ်းမနား ကျေးရွာအနီး လယ်ကွင်းပြင်တွင် ပြုလုပ်ခဲ့သော လူထုဟောပြောပွဲမှ ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောမှု ကောက်နုတ်ချက် ဒေါ်အောင်ဆန်းစုကြည်သည် လမ်းပျဉ်းမနား ကျေးရွာအနီး လူထု ဟောပြောပွဲ ပြီးဆုံးပြီးနောက် ဇမ္ဗူသီရိမြို့နယ်သို့ ဇီးကုန်းကျေးရွာသို့ ဆက်လက် ထွက်ခွာလျက် ရှိသည်။ အသံဖိုင်နားဆင်ရန်
Posted: 05 Mar 2012 03:32 AM PST
နွားထိုးကြီးမြို့ မှကြိုဆိုသူများကိုတွေ့ ရစဉ် (ဓါတ်ပုံ-7Day)
 မတ်လ ၅ရက်၊ မွန်းလွဲ ၅နာရီ ၂၀ မိနစ် ။ YPI
ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိမြို့နယ် လမ်းပျဉ်းမနားရွာမကွင်း တွင် မိန့်ခွန်းပြောကြားနေပြီဖြစ်သည်
 "ဒီထဲမှာဆိုလို့ရှိရင် ဒက္ခိဏသီရိမြို့နယ်က ပြည်သူတွေဟာ အင်မတန်မှ ဘ၀ကိုရုန်းကန်ရပါတယ် အဲဒီတော့ကျွန်မကပြောတယ် ဘ၀တူတွေဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘယ်လောက်ရုန်းကန်ရသလဲ ဆိုတာ အများသိပြီးသားဖြစ်ပါတယ် ။ အဲဒီတော့ ရုန်းကန်ရတဲ့လူခြင်း အတူတူတော့နားလည်မှုရှိတယ် ။ဘ၀မှာဘယ်လိုရုန်းကန်ရသလဲ ၊ဘ၀မှဘယ်လိုအခက်အခဲတွေနဲ့တွေ့ရသလဲ။ ကျွန်မတို့အဖွဲ့ချုပ်မှာဆိုလို့ရှိရင်ဆင်းဆင်းရဲရဲပင်ပင်ပန်းပန်းနဲ့ ရပ်တည်တဲ့ နေရာမှာအနှစ် နှစ်ဆယ်ကျော်သွားပါပြီ။ ဒါကြောင့်မို့လို့ ကျွန်မတို့က ပြည်သူတွေရဲ့ဆင်းရဲနွမ်းပါးမှုကို တစ်ကယ့်ကို လက်တွေ့ကျကျ နားလည်တဲ့ အဖွဲ့ဖြစ်ပါတယ်လို့ ကျွန်မပြောပါရစေ" ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နုတ်ချက် ၊ ဒက္ခိဏသီရိမြို့နယ်။
"ကျွန်မတို့နိုင်ငံဟာ သယံဇာတတွေ အင်မတန်ချမ်းသာတဲ့နိုင်ငံပါ။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံ လို့ပြောရင်တောင်မှ မှားမယ်လို့မထင်ပါဘူး။ဒါပေမယ့်လည်း တစ်ချိန်တဲမှာ ကျွန်မတို့ရဲ့ပြည်သူတွေဟာ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးပြည်သူတွေဘဲလို့ပြောလို့ရှိရင်လည်းမှန်မှာဘဲ" ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိ မြို့နယ် တွင်ပြောကြားသောမိန့်ခွန်းကောက်နှုတ်ချက်။
 
Posted: 05 Mar 2012 02:50 AM PST
ဒေါ်စု နေပြည်တော်သို့ ယာဉ်တန်းဖြင့် ၀င်လာပီ။ ယာဉ်တန်းသည် မီးလုံးများဖွင့်ကာ အရှိန်ပြင်းစွာ မောင်းနှင်လာကြသည်။ အလံများကိုထောင်ထားကြသည်။ ""ပြည်သူကိုမလှိမ့်တပတ်လုပ်တဲ့အစိုးရ... ၂၀၁၀ ရွေးကောက်ပွဲမှာလည်း... အနိုင်ယူတာ လုံးဝမတရားတဲ့အပြင်... ဒီမိုကရေစီ အတုအယောင်ပါလေ... "" ဆိုတဲ့ သီချင်းကို အကျယ်ကြီး ဖွင့်ကာ နေပြည်တော်သို့ ၀င်လာကြပြီ။ ဓာတ်ပုံ-ဥက္ကာကိုကို
ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော ယာဉ်တန်းသည် ယခု လေးနာရီ ငါးမိနစ်တွင် နေပြည်တော်သို့ ၀င်ရောက်လာပြီဖြစ်သည်။ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်သို့ ၀င်ရောက်၍ ခေတ္တနားလျှက်ရှိသည်။

ဓာတ်ပုံ- ဥက္ကာကိုကို
နေပြည်တော်ဒက္ခိဏသီရိမြို့နယ်မှ ကွင်းအတွင်းတွင် ဒေါ်အောင်ဆန်းးစုကြည်ကို စောင့်မျှော်နေသူများမှာ သောင်းနှင့်ချီ ရောက် ရှိစုဝေးကာ ဒေါ်အောင်ဆန်းစုကြည်အလာကို စောင့်မျှော်လျှက်ရှိကြောင်း ကွင်းအတွင်းရောက်ရှိနေသော 7 Day News သတင်းထောက်က သတင်းပေးပို့သည်။
နေပြည်တော်မရောက်မီ လမ်းပိုင်းတစ်နေရာတွင် ကြိုဆိုနေကြသူများ။
 7Day
Posted: 05 Mar 2012 02:37 AM PST
ဓါတ်ပုံ(Facebook)
မတ်လ ၅ ရက်နေ့ ၂၀၁၂
မန္တလေးတိုင်း နွားထိုးကြီးမြို့ က လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူတွေရော ကျောင်းသား တွေပါ သောင်းနှင့်ချီကြိုဆိုခဲ့ကြကြောင်းသိရပါတယ်။
အမျိုးသားဒီမိုကရေစီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၅.၃.၁၂ နံနက်၁၀နာရီခန်.တွင် နွားထိုးကြီးမြို.သို.ရောက်ပြီးဟောပြောပွဲကျင်းပခဲ.သည်
ဓါတ်ပုံ 7Day  ဓာတ်ပုံ- ဥက္ကာကိုကို နှင့် DVB (Photos: WinNaingPhone@iCJ) (Photo: Thant Lwin Htay@iCJ )


Posted: 05 Mar 2012 03:41 AM PST
True News ဂျာနယ်
Posted: 05 Mar 2012 02:07 AM PST
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။
ဇမ္ဗူသီရိ မြို့နယ် ဂုံမင်းအင်းကျေးရွာ လူထုဟောပြောပွဲပြုလုပ်မှာဖြစ်ပြီး
ယနေ့ ည နေပြည်တော်မှာ ညအိပ်ရပ်နားမှာဖြစ်ပါတယ်။




နေပြည်တော်မှာနေပူပူထဲစောင့်ကြိုနေသူများကိုတွေ့ ရစဉ်
ဓါတ်ပုံ-D-Wave
Posted: 05 Mar 2012 01:52 AM PST


 ဓါတ်ပုံ- D-Wave
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို သောင်းနှင့်ချီတဲ့ မိထ္ထီလာပြည်သူလူထုတွေ နေပူရှိန်ပြင်းပြင်းအောက်မှာဇွဲကောင်းကောင်းနှင့်စောင့်ကြို အားပေးခဲ့ကြောင်းသိရပါတယ်။
Myanmar News Now
Posted: 05 Mar 2012 01:44 AM PST
ဒေါ်အောင်ဆန်းစုကြည် တံတားဦးမှာ အမှာစကားပြောကြားနေစဉ် (ဓါတ်ပုံ-Eleven)
လွတ်လပ်ရေးရတာ အနှစ် ၆၀ ကျော်ပြီ။ ဒီနှစ်ပေါင်း ၆၀ အတွင်းမှာ ကျွန်မတို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းနိုင်ငံ အဆင့်ကနေ အောက်ဆုံးအဆင့်ကို ရောက်သွားခဲ့တယ်။ အဲဒီလိုရောက်သွားခဲ့တာ ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်မှုစနစ်မမှန်လို့ လို့ပဲပြောရမှာပဲ။ ဒီနိုင်ငံဟာ ဒီနိုင်ငံပဲ၊ ဒီပြည်သူတွေဟာ ဒီပြည်သူတွေပဲ။ နိုင်ငံကလည်း မပြောင်းသွားဘူး။ ပြည်သူတွေလည်း မပြောင်းသွားဘူး။ အုပ်ချုပ်မှုစနစ်သာ ပြောင်းသွားတယ်။ တိုတိုပြောရမယ်ဆိုရင် ဒီမိုကရေစီအုပ်ချုပ်မှုစနစ်က ချုပ်ငြိမ်းသွားတယ်။ ဒီမိုကရေစီအစား အာဏာရှင်စနစ်တက်လာတယ်။ အဲ့ဒီအာဏာရှင်စနစ်ရဲ့အောက်မှာ ကျွန်မတို့နိုင်ငံဟာချွတ်ခြုံကျတော့တာပဲ။ အရင်တုန်းက ကျွန်မတို့ကို လုံးဝမမှီနိုင်တဲ့နိုင်ငံတွေက၊ ကျွန်မတို့ကို စံနမူနာအဖြစ်ထားရတဲ့နိုင်ငံတွေက ရှေ့တန်းရောက်သွားတယ်။ အခု စင်္ကာပူဆိုပါတော့။ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံလို့မြင်ကြ တယ်။ မြန်မာလူမျိုးတော်တော်များများဟာ ပညာတတ်လို့ရှိရင် စင်္ကာပူသွားပြီး အလုပ်လုပ်ချင်ကြတယ်။ တော်ရုံတန်ရုံပညာတတ်ရုံနဲ့လည်း ဟိုကလက်မခံဘူး။ စင်္ကာပူဆိုတာ ကျွန်မတို့နောက်မှ လွတ်လပ်ရေးရတာ။ သူတို့လွတ်လပ်ရေးရစဉ်က ၀န်ကြီးချုပ်ဖြစ်တဲ့ လီကွမ်ယုက အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို မီစေရမယ်ဆိုတဲ့ကြုံးဝါးသံနဲ့တက်လာတာ။ အခု ကျွန်မတို့အနေနဲ့ အနှစ် ၂၀ အတွင်း စင်္ကာပူကို မီစေရမယ်ဆိုတဲ့ ကတိတောင် ပေးရဲရဲ့လားစဉ်းစားနေရတယ်။ ဒါပေမယ့် ကျွန်မတို့ကြိုးစားရမှာပဲ။ ဒီလိုအောင်မြင်မှုတွေရဖို့ဆိုတာလူတွေ ညီညွတ်ဖို့လိုတယ်။ လူတွေစဉ်းစဉ်းစားစားလုပ်ဖို့လိုတယ်။ တဒင်္ဂအတွက်ပဲ စဉ်းစားလို့မရဘူး။ အတိတ်ကနေပြီတော့ ရုန်းထွက်ဖို့လိုတယ်။ ပစ္စုပ္ပန်ကနေ အနာဂါတ်ကို မျက်နှာမူပြီးတော့ လိုချင်တဲ့နိုင်ငံတစ်ခုတည်ဆောက်ဖို့ ကြိုးစားရမယ်။ ဒီနေရာမှာ ပြည်သူတိုင်းပြည်သူတိုင်း တာဝန်ရှိတယ်။
(ဒေါ်အောင်ဆန်းစုကြည်၏ တံတာဦးမြို့တွင် ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
 မြန်မာနိုင်ငံဟာ သယံဇာတပေါကြွယ်မှုကြောင့် အဓိကအားဖြင့် ပြောရမယ်ဆိုရင် သဘာဝဓာတ်ငွေ့တွေ ထွက်တယ်။ ရေနံထွက်တယ်။ အဲဒီက၀င်တဲ့ဝင်ငွေအများကြီးဟာ ပြည်သူတွေကောင်းကျိုးအတွက် မသုံးဘဲ တခြားကိစ္စတွေအတွက် သုံးလိုက်လို့ ကျွန်မတို့နိုင်ငံဆင်းရဲနေတာလို့ ပြောရလိမ့်မယ်။ ဒီတော့ လွှတ်တော်အတွင်းမှာ ဘာလုပ်နိုင်လဲဆိုတာပြောရရင် ဒီလိုကိစ္စတွေကို မေးခွန်းထုတ်နိုင်တယ်။ ဒီသဘာဝဓာတ်ငွေ့တွေက၊ သဘာဝသယံဇာတပစ္စည်းတွေက ဘာတွေ ဘယ်လောက် ၀င်ငွေရှိသလဲ။ ဒီဝင်ငွေတွေကို ဘာအတွက် သုံးခဲ့သလဲ။ ဒီလိုသုံးခြင်းအားဖြင့် ပြည်သူတွေကို ဘယ်လိုအကျိုးပြုသလဲ။ ဒီလိုမေး ခွန်းတွေ မေးပိုင်ခွင့်ရှိတယ်။ အစိုးရဆိုတာလည်း ဖြေရမယ်။ အစိုးရအနေနဲ့ ဒါကို ကျေနပ်လောက်အောင် မဖြေနိုင်ဘူးဆိုရင် ပြည်သူလူထုကသိပြီပေါ့။ ဒီအစိုးရအနေနဲ့ ကိုယ့်ရဲ့အကျိုးစီးပွားကိုဆောင်နိုင်မယ့် အစိုးရ ဟုတ်မဟုတ်ဆိုတာ သိပြီပေါ့။ ဒါကြောင့် အဲဒီလိုနည်းတွေနဲ့ ပြည်သူလူထုဟာ အစိုးရကို ထိန်းချုပ်ထားတယ်။ အစိုးရအနေနဲ့ မေးတဲ့မေးခွန်းတွေကို ဖြေတဲ့အခါ ပြည်သူ့ရဲ့အကျိုးအတွက်ဘယ်လောက်လုပ်နိုင်သလဲဆိုတာပေါ်လာလိမ့်မယ်။ နည်းနည်းလေးပဲလုပ်နိုင်တယ်ဆိုရင်တော့ နောင်ရွေးကောက်ပွဲမှာ ဒီအစိုးရနဲ့ပတ်သက် တဲ့အဖွဲ့အစည်းတွေကို မဲထပ်ပေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲလို မဲထပ်ပေးမယ်ဆိုရင်လည်း ကိုယ့်ဒုက္ခ ကိုယ်ရှာတာပဲ ရောက်ပါလိမ့်မယ်။ ကျွန်မတို့နိုင်ငံဟာ ချမ်းသာပါလျက်နဲ့ သဘာဝသယံဇာတပစ္စည်းကျိန်စာသင့်နေတယ် ပြောရမှာပဲ။ ဘာလို့ကျိန်စာသင့်နေလဲလို့ပြောရလဲဆိုတော့ ပညာရှင်တွေက သုံးသပ်တယ်။ ကိုယ်မရှာဘဲရတဲ့ဝင်ငွေကို အားကိုးတဲ့အစိုးရဟာ ပြည်သူတွေကို ဂရုမစိုက်ဘူးတဲ့။ အခုစင်္ကာပူနိုင်ငံဟာ ကျွန်းနိုင်ငံသေးသေးလေးပဲ။ ဘာသယံဇာတပစ္စည်းမှလည်းမရှိဘူး။ ကံကောင်းတာက စင်္ကာပူမှာ ပထမဦးဆုံး တက်လာတဲ့ခေါင်းဆောင်တွေဟာ ပညာရှိတွေဖြစ်တယ်။ ဘာသယံဇာတမှမရှိတဲ့ တိုင်းပြည်မှာ ရှိတဲ့ပြည်သူက သယံဇာတပဲဆိုတာ သူတို့သိတယ်။ ဒီတော့ ပြည်သူတွေကို အလေးထားရမယ်။ ပြည်သူတွေရဲ့အရည်အချင်းတွေ တက်လာအောင်လုပ်ရမယ်။ ပြည်သူတွေကိုအားကိုးမှ သူတို့နိုင်ငံတိုးတက်လာမယ်ဆိုတာ နိုင်ငံခေါင်းဆောင်တွေက သဘောပေါက်တယ်။ ဒီဟာကိုအလေးထားပြီး လုပ်သွားတာ။ ပြည်သူတွေရဲ့စွမ်းအား၊ ပြည်သူတွေရဲ့အင်အားကို အခြေခံပြီးလုပ်သွားတဲ့အတွက် တိုးတက်သွားတာဖြစ်ပါတယ်။ သယံဇာတကြွယ်ဝတဲ့ ကျွန်မတို့နိုင်ငံမှာတော့ ပြည်သူတွေကို အားကိုးဖို့မလိုဘူးလေ။ သဘာဝဓာတ်ငွေ့ကို အားကိုးနေတာကိုး။ ဒီတော့ပြည်သူတွေက တန်ဖိုးကျသွားတာပေါ့။ သဘာဝဓာတ်ငွေ့တို့ဘာတို့ဆိုတာ တစ်ချိန်ချိန်မှာကုန်သွားမှာပါ။
(ဒေါ်အောင်ဆန်းစုကြည်၏ တံတာဦးမြို့တွင် ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
Eleven
Posted: 05 Mar 2012 12:37 AM PST

၁၅ သိန်းဖြင့်ငှားရမ်းထားသော GSM ဖုန်းများအားမြန်မာ့ဆက်သွယ်ရေးသို့ပြန်လည်အပ်နှံရန်စီစဉ် ၊ ပြန်လည်လက်ခံခြင်းမရှိပါက တရားစွဲသွားမည်ဟု စီစဉ်သူများပြောဆို။


ဆက်သွယ်ရေးရဲ့ ၁၅သိန်းတန်ဖုန်းများကိုငှားရမ်းစာချုပ်ပါ
ဒါကတော့ ဆက်သွယ်ရေးကတယ်လီဖုန်းခတွေ ဈေးလျော့မည့်အကြောင်းကြေညာချက်

 

Posted: 05 Mar 2012 12:04 AM PST

ဇမ္ဗူသီရိ မြို့နယ် ဂုံမင်းအင်းကျေးရွာရှိ ဒေါ်အောင်ဆန်းစုကြည်ဟောပြောမည့်စင်
ကိုယနေ့ မတ်လ ၅ရက် မွန်းလွဲ ၁း၃၀ နာရီ အချိန်တွင်တွေ့ ရစဉ်....
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ လာရောက်မည့်  ခရီးစဉ်အား ကြိုဆိုရန် ပြင်ဆင်နေကြစဉ်
ဓါတ်ပုံ - ပေါ်ပြူလာဂျာနယ်
Posted: 04 Mar 2012 11:29 PM PST






စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့NLD ရုံးဖွင့်ပွဲ

   


  မတ်လ ၅ ရက်နေ့  ၂၀၁၂ မှာ စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့ နယ် အမျိုးသားဒီမိုကရေးစီအဖွဲ့ ချုပ်ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့ပါတယ်။

ဟုမ္မလင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အတွင်းရေးမှူး ဦးကိုကိုလေး အိမ်မှာ ရုံးဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူများ တစ်ထောင်ကျော်တက်ရောက်ခဲ့တယ်လို့

သိရပါတယ်။

Myanmar News Now

Posted: 04 Mar 2012 11:33 PM PST
ယနေ့ နံနက် တံတားဦးမှာ မိန့် ခွန်းပြောကြားခဲ့စဉ် (ဓါတ်ပုံ-D-Wave)
မတ်လ ၅ ရက်နေ့ ၂၀၁၂
 မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သည် မိထ္ထီလာမြို့  ကိုရောက်ရှိနေပြီး လူထုဟောပြောပွဲမှာ မိန့် ခွန်းပြောကြားပြီးဖြစ်ကြောင်းသိရသည်။ 
အခုအခါ နေပြည်တော်ကို ဆက်လက်ထွက်ခွါဖို့ ပြင်ဆင်နေပါသည်။  
 Myanmar News Now 
 ဒေါ်အောင်ဆန်းစုကြည်ဟောပြောသည့်နေရာ အတိအကျ မသိသဖြင့် မိထ္ထီလာဒေသခံ တော်တော်များများ ဟောပြောပွဲပြီးမှရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲကို ယခင်ခရိုင်ဘောလုံးကွင်းတွင် ကျင်းပမည်ဟု ကြေငြာထားခဲ့သော်လည်း ယခုဟောပြောပွဲကို အောင်မင်္ဂလာခမ်းမတွင်ပြောင်းလဲ ကျင်းပသည်ကို မသိကြ၍ နေရာ လိုက်ရှာရသောကြောင့် နောက်ကျကြရကြောင်း YPI သတင်းထောက်မှ ပေးပို့သည်။

Posted: 04 Mar 2012 10:23 PM PST
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်း မဲဆွယ်စည်းရုံးရေး သွားစဉ်
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့ နယ် ရပ်ကွက်ရုံး နဲ့ ရပ်ကွက်ကော်မရှင်အဖွဲ့တွေ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မိမိ ရပ်ကွက်အပိုင်ရှိ ကော်မရှင်အဖွဲ့ခွဲရုံး
တွင် မိမိ ၏အမည်ပါမပါ ကို မတ်လ(၃)ရက်နေ့မှ (၇)ရက်နေ့ နောက်ဆုံးထားပြီး လာရာက်
စိစစ်ရန်နှင့် မိမိအမည်မပါ က ပုံစံ ဖြည့်သွင်းရမည့်အကြောင်း တစ်လမ်းဝင် တစ်လမ်းထွက်
 ညဖက်အော်လံဖြင့် လိုက်အော်တာ ၂ရက်ရှိပြီ ကြောင်းသိရပါသည်။ 

မတ်လ ၄ ရက်နှင့် ၅ ရက်နေ့ တွေ မှာ  လိုက်အော်ခဲ့တာဖြစ်ပြီ မတ်လ (၇)ရက်နေ့၊ညနေ(၅)
နာရီ ကျော်ပါက လုံးဝ(လုံးဝ)တာဝန်ယူမည်မဟုတ်ဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးနှင့် ကော်
မရှင်အဖွဲ့ ဝင်တွေကဆိုပါသည်။

အခုကိစ္စနှင့်ပါတ်သတ်၍ အမျိုးသားဒီမိုရေးစီအဖွဲ့ ချုပ်ဝင်ကိုသိန်းဝင်း က
  အဖွဲ့ချုပ်ကို မဲပေးမည့်သူများ မိမိတာဝန် ကျေဖို့လိုပါသည် ၊ မဟုတ်ရင် ဒိုင်စားသွား မှာစိတ်ပူရကြောင်းပါ ။ ဒါတွေကိုသတိထားမိပါတယ်။
 (၁)ကြေငြာသည့် အချိန်နီးကပ်လွန်းခြင်း(ကပ်ဖြုတ်သည့်ပုံစံဖြစ်နေခြင်း)
(၂)နွေကျောင်းပိတ်ရက် ခရီးထွက်သူများ ၊ မြို့တက်အလုပ်လုပ်နေသူများ စာရင်းမပါလျှင် အလိုအလျောက် မဲပေးခွင့်ဆုံးရှုံး ခြင်း
(၃)ကြေငြာသည့်ပုံစံ မဟုတ်ခြင်း(အရေးကြီးပါလျက် သတင်းစာ၊တီဗီ၊ရေဒီယို FM တို့မှလုံလောက်သောအချိန်ပေးပြီး ထပ်ခါတလဲလဲ ထုတ်လွင့် နိုးဆော်ခြင်းမရှိ)
(၄) စာရင်းမပါသဖြင့် အလိုအလျောက် မဲပေးခွင့်ဆုံးရှုံးသူ အရေအတွက်များနိုင်ခြင်း (၄င်းအရေအတွက် နေရာများအတွက် အစားထိုး/ကြိုတင် များ ၂၀၁၀ ကဲ့သို့ဖြစ်လာနိုင်ခြင်း)
ရှိကြောင်း Myanmar News Now ကို သတင်းပေးပို့ လာသူထံပြောဆိုထားပါသည်။

Myanmar News Now
Posted: 04 Mar 2012 08:35 PM PST

စစ်ကိုင်း 4/3/2012 အမေစု ကြိုဆိုရေး လှုပ်ရှားမှု ပုံရိပ်များ 

ဓါတ်ပုံ - သားစု (စစ်ကိုင်း) Myanmar News Now


Posted: 04 Mar 2012 08:02 PM PST
တံတားဦးမှာမိန့် ခွန်းပြောကြားခဲ့စဉ် (ဓါတ်ပုံ-Eleven)
မတ်၊၅၊၂၀၁၂ (YPI) ။ (မနက် ၁၀:၂၅) ။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ယခု နွားထိုးကြီးမြို့တွင်မိန့်ခွန်းပြောကြားပြီး မိထ္ထီလာမြို့သို့ စတင်ထွက်ခွာနေပြီဖြစ်သည်။
Posted: 04 Mar 2012 07:58 PM PST
တံတားဦးမြို့အ၀င် ဈေးမြောက်ဖက် တာဘောင်ဘေး လယ်ကွင်းထဲ တွင် ဟောပြောနေသော ဒေါ်အောင်ဆန်းစုကြည်အား ယနေ့(၅.၃.၂၀၁၂) နံနက်တွင် တွေ့ရစဉ်။

ဓာတ်ပုံ-ဥက္ကာကိုကို
 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တံတားဦးနှင့် ပလိပ်မြို့ နယ်များမှ ပြည်သူလူထုကို
 တံတားဦးမြို့ အ၀င် ဈေးမြောက်ဖက် တာဘောင်ဘေး လယ်ကွင်းထဲတွင် ယနေ့  ( ၅.၃.၂၀၁၂)
နံနက်တွင်းဟောပြောခဲ့ပြီး နွားထိုးကြီးမြို့ နယ်သို့ ဆက်လက်ထွက်ခွါသွားပြီးဖြစ်ကြောင်းသိရသည်။

ထပ်မံရရှိတဲ့ သတင်းအရ ယခု နွားထိုးကြီးမြို့တွင်မိန့်ခွန်းပြောကြားပြီး မိထ္ထီလာမြို့သို့ စတင်ထွက်ခွာနေပြီဖြစ်သည်။



ဓါတ်ပုံ - D-Wave , Eleven , 7Day
Posted: 04 Mar 2012 06:48 PM PST
(၄.၃.၂၀၁၂)နေ့ က
ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဦးသုဝေ မင်္ဂလာတောင်ညွန့်မြို့နယ် စည်းရုံးရေးခရီးဆင်းခဲ့ကြောင်းသိရပါတယ်။
ဦးသုဝေနှင့်အတူ အထွေထွေအတွင်းရေးမှုး ဒေါ်ချိုချိုကျော်ငြိမ်းလိုက်ပါ
စည်းရုံးရေးဆင်းခဲ့ပါတယ်။

Posted: 04 Mar 2012 06:10 PM PST
5-3-2012 ရက်နေ့ Myanmar News Now
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း တံတားဦးလူထုဟောပြောပွဲ ကို ယနေ့ နံနက် ၆း၅၀တွင်စတင်ကာ ၇း၄၅ တွင်ပြီးဆုံးသည်။
ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ 
လမ်းခရီးတွင် နွားထိုးကြီး၊ မိထ္ထီလာစသည့်မြို့ကြီးများတွင် မိန့်ခွန်းများ ပြောကြားမည် ဖြစ်ရာ
 နေပြည်တော်သို့  ညနေပိုင်း တွင်ရောက်ရှိမည်ဟု သိရသည်။

ယနေ့ နံနက် တံတားဦးလူထုဟောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ ရစဉ် (ဓါတ်ပုံ-D-Wave)

နံနက်အစောကြီး တံတားဦးလူထုဟောပြောပွဲတက်ရောက်တဲ့ ပရိတ်သတ်ပါ။

နံနက်အစောကြီး တံတားဦးလူထုဟောပြောပွဲတက်ရောက်တဲ့ ပရိတ်သတ်ပါ။
သတင်း-ဓါတ်ပုံ D-Wave
Posted: 04 Mar 2012 05:07 PM PST
နိုင်ငံကျော်စစ်ကိုင်းတံတားကြီး လှုပ်ခါသွားတဲ့ခဏတာ
ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းမိန့် ခွန်း အစအဆုံး (ရုပ်/သံ)ဖြစ်ပါတယ်။ ဒီဗွီဘီမှတင်ဆက်ထားတာပါ။

Posted: 04 Mar 2012 05:11 PM PST
မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မဟာဂန္ဓာရုံကျောင်းသို့ သွားရောက်စဉ်။ ရုပ်/သံ  (မဇ္ဈိမ) မှတင်ဆက်ထားတာပါ။


Posted: 04 Mar 2012 04:44 PM PST
 ခွပ်ဒေါင်းလာပြီ (ရုပ်/သံ)

ကျုပ်အကြောင်း

"ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း.. ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ်။

ငါအခါတစ်သိန်း သေခဲ့ရင်တောင်၊ အခါတစ်သန်း မြန်မာပြည်မှာပဲ လူပြန်ဖြစ်ရပါစေလို၏။"

နယ်ချဲ့ဘုရင်ခံချုပ်ကို မြန်မာပြည်က ထွက်သွားဖို့ ပထမဆုံးရဲရဲတောက် စိမ်ခေါ်ပြောဆိုသူဟာ ဆရာတော် ဦးဥတ္တမပဲဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း
(ဦးဥတ္တမအတ္ထုပ္ပတ္တိ)

ဆရာတော်ဦးဥတ္တမသည် မြန်မာတမျိုးသားလုံး၏ ကျေးဇူးရှင်ကြီးဟုလည်းကောင်း၊ ကိုလိုနီဆန့်ကျင်ရေးတပ်ဦး၏ အကြီးအမှူး စစ်သူကြီးဟုလည်းကောင်း၊ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်ဟုလည်းကောင်း၊ မျိုးချစ်အာဇာနည် မြန်မာ့သားကောင်းသားမြတ် တဦးအဖြစ်လည်းကောင်း၊ ထည့်သွင်းအသိအမှတ်ပြု မော်ကွန်းရေးထိုးခဲ့ပါသည်။

သခင်လွင်
(ဦးဥတ္တမလက်ရွေးစင်)

မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုကို တိုက်ရည်ခိုက်ရည် သွင်းပေးလိုက်တဲ့ ပုဂ္ဂိုလ်မှာ ဆရာတော်ဦးဥတ္တမပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်
(ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး)
ဗမာ့ရေးရာ

National Coalition Government of the Union of Burma
National Council of the Union of Burma
Global Action for Burma (GAB)
Free Burma Federation
Democratic Party for a New Society
All Burma Students’ Democratic Front
All Burma Federation of Student Unions
Assistance Association for Political Prisoners (Burma)
Driving for Burma
Ethnic Nationalities Council
FORUM FOR DEMOCRACY IN BURMA
Women's League of Burma
Association of United Nationalities in Japan
Shan Human Right Group
Burma Lawyers' Council
The Best Manure
Students and Youth Congress of Burma
National League for Democracy/Liberated Area
International Burmese Monks Organization
Canadian Friends of Burma
သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ
ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီ
University Students Union
ဓနုအမျိုးသားကောင်စီ
ရှမ်းပြည်လူငယ်ဒီမိုကရက်တစ်အင်အားစုများ
See Burma
Generation-Wave
ဗမာ့ရေးရာအင်အားစု


ကိုထိုက်
ကိုဈာန်
ကိုမော်
ကိုမောင်ရင်
ကိုလူလှ
ကိုရုပ်ဆိုး
ကိုဖိုးဇေ
ကောင်းကင်ကို
ကဒေါင်းညင်သာ
ကေသွယ်
ခင်မင်းဇော်
ခွာညို
ဂျစ်တူး
ဂင်ကြီး
ငြိမ်းဝေ
ငြိမ်ချမ်းအောင်
စိုးဝှက်
စိုင်းဝဏ္ဏ
ဆောင်းယွန်းလ
ဇာဂနာ
ညိမ်းညို
ညိုကြီး
ဒေါက်တာလွဏ်းဆွေ
ဒေါင်းမာန်ဟုန်
ဒီရေ
သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ
ရွှေဝါရောင်တော်လှန်ရေး
ရှမ်းပြည်လူ့အခွင့်အရေးအဖွဲ့
ရန်အောင်
ရွက်မွန်
ရဲရင့်ငယ်
ရွှေဥသြ
ရနံ့မပြယ်မယ့် အဆုံးမဲ့ကမ္ဘာ
သစ်ခက်သံလွင်
သစ်ကောင်းအိမ်
ပြည်ထောင်စု လူ့အခွင့်အရေးကောင်စီ
ပထီးပကော်
ဖိုးတရုတ်
မာယာ
မဇ္ဈိမ
မိုးမခ
မိုးချိုသင်း
မိုးသီးဇွန်
မေငြိမ်း
မသဒ္ဒါ
မေဓာဝီ
မောင်လှ
မျိုးမြင့်အောင်
မာန်လှိုင်းငယ်
ထားဝယ်သား
နစ်နေမန်း
နှင်းခါးမိုး
ယောဟန်အောင်
လင်းလက်ကြယ်စင်
လူဆိုးစာရင်း...
သမိုင်းထဲကရက်စွဲများ
ဟင်းလင်းပြင်
ဓမ္မနဲ့ အဓမ္မ
နယ်ခြားမဲ့ မြန်မာဘလော့ဂါများ
မြန်မာစစ်အုပ်စုအား စောင့်ကြည့်သူများအဖွဲ့ 
အာဏာရှင်ကို တော်လှန်ခြင်း
အောင်သာငယ်
အောင်စေရာပြည်
အရှင်မေတ္တာစာရ
အိမ်ချမ်းမြေ့
အိပ်မက်အိမ်
အောင်မိုးဝင်း
အန်ဒါမန်ဟီးရိုး


ဘီဘီစီ
ဗွီအိုအေ
လွတ်လပ်သည့် အာရှအသံ
ဒီမိုကရက်တစ် မြန်မာ့အသံ
မိုးမခ
မြန်မာ့လူမျိုးစု မြန်မာ့အသံ
ပြည်ထောင်စုအသံ


ဟံသာဝတီ
ခေတ်ပြိုင်
ဧရာဝတီ
မဇ္ဈိမ
ဒီမိုကရက်တစ် မြန်မာ့အသံ
ဗွီအိုအေ
ရိုးမ ၃
မိုးမခ
ယနေ့မြန်မာ
နေ့သစ်
အမ်အိတ်ခ်ျကေ (NHK)
ခါကာဘိုရာဇီ (မိုးကြိုး သတင်းစာ)
ဟစ်တိုင်
နေရဉ္ဖရာ
အာဟာရစာစောင် (ဂျပန်)
မိုးသောက်ကြယ် (ဂျပန်)
သံလွင်အိပ်မက်
ငုရင်ပြင်
နိုင်ငံတကာ မြန်မာသတင်း စာမျက်နှာများ
AP
AFP
Emergency Burma Relief


www.chanmyay.org
www.prayforburma.org
www.myanmarchristian.net
www.myittawardiparahita.com
www.burmesebible.com/hymn
www.dhammadana.org
www.myanmarbible.net
www.myanmarbible.com


www.burmacampaign.org.uk
www.uscampaignforburma.org
www.cfob.org
www.burmafund.org
www.burma.no
www.gabforburma.info


www.encburma.org
www.kwekalu.net
www.knla.meabs.com
www.kachinland.org
www.kachinnews.com
www.monnews-imna.com
www.rakhapura.com
www.shanland.org
www.chinland.org
www.ndf-burma.org
www.sycb.info


www.prospectburma.org
www.soros.org
www.studentscenter.info
www.ex-rit.org/rit.asp
www.acu.edu.au
www.abfsu.net
www.nationmaster.com
www.ibiblio.org
www.ejcanadacollege.com
www.encburma.org


www.mhyawlintchin.blogspot.com
www.myanmarhealthcare.com
www.myanmarmedicine.com
www.drwinthein.co.cc www.health.ngoinmyanmar.org


www.myanmarmp3.net
www.mm-fg.net
www.pansagar.com
www.nyakabyar.com
www.myanmarmusic.homeip.net
www.shwedream.com
www.freemyanmarvcd.com
www.burmeseclassic.com
www.khayanpyareinmet.com
www.myanmarworld.com
www.apytz.com


Collections
Faxtoon
Myanmar Massacre

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
counter