|မူလစာမျက်နှာ | သတင်း | ဆောင်းပါး | Ebook | သီချင်း | ဗွီဒီယို | ကဗျာ | အထွေထွေ | ထုတ်ပြန်ကြေငြာချက် | ဆက်သွယ်ရန် |

Thursday, February 9, 2012

လှိုင်သာယာ တိုင်ရီစက်ရုံ ဆန္ဒပြမှု အခြားစက်ရုံသို့ ကူးစက်

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံတွင် လေးရက်ဆက်တိုက် ဆန္ဒပြမှု
ဖြစ်ပွားနေစဉ် ယင်းစက်ရုံအနီးရှိ New Way ဖိနပ်စက်ရုံတွင်လည်း အလုပ်သမား တထောင်ကျော်က လုပ်အားခ တိုးမြှင့်ပေးရေးအတွက် ကြာသာပတေးနေ့က ထိုင်သပိတ်ဆန္ဒပြ တောင်းဆိုလျက် ရှိသည်။

လုပ်ခလစာ တိုးမြှင့်ရန်နှင့် တင်းကြပ်ထားသည့် စည်းကမ်းချက်တချို့ ပြုပြင်ပေးရန်အတွက် တိုင်ရီစက်ရုံမှ အလုပ်သမား ၁,၈ဝဝ ကျော်က တနင်္လာနေ့ကစပြီး ဆန္ဒထုတ်ဖေါ်နေမှု လေးရက်မြောက်နေ့တွင် ယင်းစက်ရုံနှင့် မီတာ ၅ဝဝ ခန့်အကွာတွင် ရှိသော New Way ဖိနပ်ချုပ်စက်ရုံမှ အလုပ်သမား ၁,၆ဝဝ ကျော်က တိုင်ရီ အလုပ်သမားများ
တောင်းဆိုသည့် အချက်များ နည်းတူ တောင်းဆိုကာ ထိုင်သပိတ် ဆန္ဒထုတ်ဖေါ် တောင်းဆိုကြသည်။

"New Way က ဒီမနက်မှ ပြကြတာ။ တာဝန်ရှိတဲ့လူတွေ လာညှိတာ ဘာမှ ထူးခြားမှု မရှိသေးဘူး။ မနက်ဖြန် သူတို့ ဆက်ပြီး တောင်းဆိုကြဦးမယ် ပြောတယ်။ တိုင်ရီကလည်း မပြီးသေးဘူး။ မနက်ဖြန် ဆက်လုပ်ကြဦးမယ်တဲ့။ လူတွေကတော့ တော်တော်များတယ်" ဟု အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူ က မဇ္ဈိမကို ပြောသည်။

New Way  စက်ရုံအလုပ်သမားများက အခြေခံလစာ နှင့် အချိန်ပိုကြေး၊ ရက်မှန်ကြေးများ တိုးမြှင့်ပေးရန်၊ အလုပ်ပျက် ရက် တရက်ကို ၄,ဝဝဝ ကျပ် ဖြတ်တောက်ခြင်းအား ရုပ်သိမ်းပေးရန်နှင့် ကျန်းမာရေးအရ ရှောင်တခင် ဆေးခွင့်ပေးဖို့ အပါအဝင် စုစုပေါင်း အချက် ၁ဝ ချက် တင်ပြတောင်းဆိုခဲ့ကြသည်။

မနက် ၇ နာရီမှ မွန်းလွဲပိုင်း ၂ နာရီခွဲထိ ဆန္ဒထုတ်ဖေါ်နေကြသည့် စက်ရုံအလုပ်သမားများကို စက်ရုံ တာဝန် ရှိသူများနှင့် ရန်ကုန်တိုင်းနှင့် လှိုင်သာယာမြို့နယ် အလုပ်သမား ညွှန်ကြားရေးမှူး ဦးစီးဌာန တာဝန်ရှိသူများ လာရောက်ဖြေရှင်းပေးသော်လည်း ကြေလည်မှုမရရှိသေးဘဲ ဆန္ဒပြပွဲ ရက်ဆက်ဦးမည့် အနေအထားသို့ ရောက်ရှိ သွားသည်။

တနင်္လာနေ့က စတင်ဆန္ဒပြခဲ့သည့် တိုင်ရီစက်ရုံအလုပ်သမားများကို စက်ရုံတာဝန်ရှိသူများက တနာရီကို ကျပ်တဆယ် တိုးမြှင့်ပေးထားသလို အချိန်ပိုကြေးကိုလည်း ၂၁ ကျပ် တိုးမြှင့်ပေးကြောင်း၊ ထိုနှုန်းဖြင့် လုပ်ကိုင်နိုင်သူများ ၁၁၊ ၂၊ ၂ဝ၁၂ ရက်နေ့တွင် အလုပ်ပြန်ဆင်းနိုင်ပြီး မလုပ်နိုင်သူများကို ယင်းနေ့မှစ၍ မိမိသဘောဖြင့် အလုပ်ထွက်သည်ဟု စက်ရုံက သတ်မှတ်သွားမည် ဖြစ်ကြောင်း စာထုတ်ပြန်ခဲ့သည်။

တိုင်ရီစက်ရုံ အလုပ်သမားများကို မူလက ၁ နာရီလျင် ၇၅ ကျပ်၊ အချိန်ပိုကြေးကို တနာရီလျင် ၁၆၂ ကျပ်နှုန်းဖြင့်
ပေးချေပြီး အလုပ်တရက်ပျက်လျှင် ကျပ် ၄,ဝဝဝ နှုန်း ဖြတ်ကြောင်း သိရသည်။

တိုင်ရီစက်ရုံ တာဝန်ရှိသူ တဦးက "ဒီဘက်က တိုးပေးနိုင်သလောက်ထိ လုပ်ပေးပြီးပါပြီ။ မလုပ်နိုင်တဲ့ လူတွေ အတွက်တော့ သူတို့လစာ လာထုတ်သွားရုံပဲ ရှိတော့တယ်။ သူတို့ တောင်းဆိုပုံအတိုင်းဆို ကျနော်တို့က တယောက် ကို အသားတင် ၄ သောင်းလောက်ထိ တိုးပေးရမှာ။ လူက နှစ်ထောင်ကျော်တောင်။ မတက်နိုင်ဘူး" ဟု သူက မဇ္ဈိမကို ပြောသည်။

စက်ရုံအလုပ်သမားများက အခြေခံ လစာ ၅ သောင်းမှ စပေးရန်၊ ရက်ပျက်ကြေး မဖြတ်တောက်ရန်၊ လုပ်ငန်းခွင် အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်းမပြုရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ အိမ်သာ လွတ်လပ်စွာ တက်ခွင့်ရရန်၊ အလုပ်သမား အယောက် ၅ဝ ကို အိမ်သာတလုံး ထားပေးရန်၊ သဘာဝ
ဘေးအန္တရာယ် ကျရောက်ခြင်းနှင့် မိသားစု အရေးကိစ္စများတွင် ခွင့်ပေးရန်များကို တောင်းဆိုထားကြသည်။

တိုင်ရီစက်ရုံမှ အလုပ်သမတဦးဖြစ်သူ မဝင်းမာ က "ကျမတို့ ရတဲ့ လစာနဲ့က ကျမတို့က ဒီမှာ အဒေါ်အိမ်မှာ အလကား ကပ်နေတာတောင် မလောက်ဘူး။ ခရီးစရိတ်လည်း ရှိသေးတယ်။ တချို့ဆိုရင် နယ်က တက်လာပြီး အိမ်ငှားနေတဲ့ လူတွေက များတယ်။ သူတို့ဆို ဘာမှမကျန်ဘူး အကြွေးတောင် တင်သေးတယ်" ဟု သူက မဇ္ဈိမကို ပြောသည်။

တိုင်ရီစက်ရုံသည် တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အခြေခံလစာနှင့် အချိန်ပိုကြေးများနှင့် အခြား တင်ကြပ်သည့် စည်းမျဉ်းများကြောင့် ၂ဝ၁ဝ ခုနှစ်မှ စတင်ကာ ၃ နှစ်ဆက်တိုက် အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုမှုများဖြင့် ကြုံတွေ့ခဲ့ရကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က မဇ္ဈိမကို ပြောသည်။

ဆန္ဒပြအလုပ်သမားများအပေါ် တင်းကြပ်ထားသည့် မလိုအပ်သည့် စည်းကမ်းများ၊ အလုပ်သမားများ၏ ထိုက်တန် သည့် ရပိုင်ခွင့်များကို ရရှိစေရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ တောင်သူလယ်သမားအရေး၊ အလုပ်သမားအရေးနှင့် ကလေးအခွင့်အရေး ဆောင်ရွက်နေသူ မစုစုနွေးနှင့် ဥပဒေရေးရာ ရှေ့နေ ကိုဖိုးဖြူတို့က
သောကြာနေ့တွင် အလုပ်သမား ရေးရာဌာန၊ စက်ရုံတာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည်ဖြစ်သည်။

ပြေလည်မှု မရရှိပါက ဥပဒေလမ်းကြောင်းအတိုင်း ဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကာယကံရှင်များက
ပြောသည်။ တရာဥပဒေအရ ရှေ့နေများနှင့်လည်း စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
ချင်းမိုင် (မဇ္ဈိမ) ။        ။
http://feeds.feedburner.com/thithtoolwin/yIWV

လစာ တိုးပေးသလို လာဘ်ပေး လာဘ်ယူသူများ အရေးယူဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေကို လစာနဲ့ အခြားအခွင့်အရေးတွေ အလျင်အမြန်တိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာကို ကြိုဆိုလိုက်ပြီး တစ်ပြိုင်တည်းမှာပဲ အကျင့်ပျက် လာဘ်စားပြီး ချမ်းသာကြွယ်ဝ နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်ကြောင်း ဝေဖန် ပြောဆိုလိုက်ပါတယ်။

RFA
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပုံ
"ဒီလို ပြည်သူတွေရဲ့အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ လုံလုံလောက်လောက် လခပေးရမယ်ဆိုတာ၊ ဒါတော့ လိုအပ်ပါတယ်။ နောက်ပြီးတော့ စည်းမျဉ်း စည်းကမ်းအရ မလုပ်ဘဲနဲ့ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ ဝန်ထမ်းတွေကို တိတိကျကျ ဥပဒေအရ အရေးယူရမယ်။ နောက် တတိယ တစ်ခုကတော့ ဒီဟာတွေကို စိတ်ဓာတ်ရေးရာ အရလည်း ပြန်ပြင်ဖို့ လိုတယ်" အာအက်ဖ်အေက ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မေးမြန်းခဲ့ရာမှာ ဖေဖေါ်ဝါရီ ၇ ရက်က သူရဦးရွှေမန်းရဲ့ပြောကြားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ခုလို မှတ်ချက်ချ ပြောဆိုလိုက်တာပါ။ တစ်ဆက်တည်းမှာပဲ ဖေဖော်ဝါရီ ၇ ရက်က သွားရောက်ခဲ့တဲ့ ပုသိမ် စည်းရုံးရေးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်တက္ကသိုလ် ကျောင်းသားတွေ လာရောက် ကြိုဆိုနိုင်ခြင်း မရှိအောင် အဲဒီနေ့မှာ နည်းပြ စာမေးပွဲတွေ စစ်ဆေးခဲ့ပြီိး စာမေးပွဲ မဖြေသူတွေကို နောက်ဆုံးစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ပိတ်ပင်မယ်လို့ အမိန့်ထုတ်ခဲ့တာနဲ့ ပတ်သက်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်ကို မိမိတို့ အန်အယ်လ်ဒီက တိုင်ကြားထားပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေကို ပြောဆိုပါတယ်။ "ကောလိပ်မှာလည်း ဒီစာမေးပွဲမဖြေရင် ဖိုင်နယ်မဖြေရဘူး စသည်ဖြင့် လုပ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း အဖွဲ့ချုပ်ကနေပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်ထားပါတယ်။ ဒါတွေဟာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုရဲ့လက္ခဏာတွေနဲ့ မကိုက်ညီဘူးဆိုတဲ့ အကြောင်းကို တင်ပြထားပါတယ်"
RFA
http://feeds.feedburner.com/thithtoolwin/yIWV

NLDလူငယ်မျိုးဆက်များ တွေ့ဆုံပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း


NLDလူငယ်မျိုးဆက်များ တွေ့ဆုံပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း by Burma VJ Media

ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ တွေ့ဆုံပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ နံနက် ၁၁း၃၀ နာရီခွဲကနေ စတင်ကျင်းပခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားအတွင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း အမှာစကား ပြောကြားခဲ့ပါသည်။ အဲ့ဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့တဲ့ လူငယ်တွေလဲ တက်ရောက်လာခဲ့တာ ပါတယ်။

ဘားမားဗီဂျေ
http://feeds.feedburner.com/thithtoolwin/yIWV

ဆင်ကျောက်ဖြစ် ရုပ်ကြွင်းနှင့် ဆင်သင်္ချိုင်းဟု ယူဆရသော နေရာအား ရှာဖွေတွေ့ရှိထား


ဆင်ကျောက်ဖြစ် ရုပ်ကြွင်းနှင့် ဆင်သင်္ချိုင်းဟုယူဆရသော နေရာအား ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း သိရသည်။

''ဆင်တွေအစုလိုက် အပြုံလိုက် သေတဲ့နေရာလို့ ယူဆရတယ်။ အခုတွေ့ရှိ တာနဲ့ပတ်သက်ပြီး ပြောရရင် (၁)အချက် က ဆင်သင်္ချိုင်းအမှန်တကယ်ဖြစ်ချင်ဖြစ် မယ်၊ (၂) အချက်က ဆင်သင်္ချိုင်းမဟုတ် ခဲ့ရင် နှစ်ပေါင်းငါးသန်းမှ ဆယ့်ငါးသန်း ကြား ကျောက်ဖြစ်ရုပ်ကြွင်းတွေ ဖြစ်နိုင် တယ်၊ (၃)အချက်ကတော့ ဒါမှ မဟုတ်ရင် သတ္တဝါတွေရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းဖြစ်ရ မယ်။ ကျွန်တော်နဲ့အတူပါလာတဲ့ ရှေးဟောင်းသုတေသန ဦးစီးအရာရှိကတော့  အနည်းဆုံး နှစ်ငါးသန်း လောက်ရှိမယ်လို့ ယူဆတယ်လ ပြောပါတယ်''ဟု ယင်းရှေး ဟောင်းကျောက်ဖြစ် ရုပ်ကြွင်းရှာဖွေဖော် ထုတ်သည့်အဖွဲ့မှ ဦးထွန်းသန့်က ပြော သည်။

ဆင်သင်္ချိုင်း ဟုယူဆရသော နှစ် ပေါင်းငါးသန်းကျော်သက်တမ်းရှိ ကျောက် ဖြစ်ရုပ်ကြွင်းများတွေ့ရှိရာ နေရာသည် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် အတွင်း တောင်ကြောတစ်နေရာတွင် တွေ့ရှိခြင်း ဖြစ်သည်။ ယင်းနေရာတွင် ထင်သာမြင် သာရှိသည့် ဆင်ရိုး၊ ဆင်စွယ်၊ ဆင်အံနှင့် အပိုင်းအစ ကျောက်ဖြစ်ရုပ်ကြွင်းများတွေ့ ရှိရကြောင်း သိရသည်။

''စပြီးသတင်းပေးတဲ့သူက ပွင့်ဖြူမြို့နယ် ရှောက်တောရွာမှာရှိတဲ့ ဒေသ ခံဦးသောင်းရွှေနဲ့ သူရဲ့သားသမက် အင် ဂျင်နီယာဦးအောင်မိုးက သတင်းပေးတာ။ ကျွန်တော်လဲ နေပြည်တော် ဝန်ကြီးရုံးကို ချက်ချင်းသတင်းပို့တယ်။ အဲဒီကမှ ဦးစီး အရာရှိက အကူအညီတောင်း လို့ ချက်ချင်း ပဲအဲဒီရွာကို ဆင်းတယ်'' ဟု ဦးထွန်းသန့် က ပြောသည်။

ယင်းရှေးဟောင်းကျောက် ဖြစ် ရုပ်ကြွင်း ရှာဖွေဖော်ထုတ်ရေးအဖွဲ့တွင် နေပြည်တော်ဝန်ကြီးရုံးသို့ သတင်းပေးပို့ သူဦးထွန်းသန့်၊ သတင်းပေးသူ ဦးအောင် မိုး(အင်ဂျင်နီယာ)၊ မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနဌာနမှ ဒုတိယညွှန် ကြားရေးမှူးဦးစောလွင်၊ ဦးစီးမှူး ဦးပွင့် ကောင်းနှင့် ကံကြီးရွာနယ်မြေခံ ဦးအေး လှိုင် စုစုပေါင်းငါးဦးပါဝင်ကြောင်းသိရသည်။



ဆင်ကျောက်ဖြစ်ရုပ်ကြွင်း အပိုင်းအစ

''ကျွန်တော်တို့ရောက်တဲ့အချိန် မှာ မြေပေါ်ပေါ်နေတဲ့ဟာတွေကို ကောက် ယူထားကြတယ်။ နားတော့ မလည်ကြ ဘူးပေါ့။ တန်ဖိုးရှိမှန်းလဲ မသိကြဘူး။ ကျွန် တော့်အနေနဲ့ ဒါဟာ နိုင်ငံ တော်နဲ့ရပ်ရွာ အတွက် အများကြီးအကျိုးရှိတယ်။ ဒါ ဟာ မြေကြီးထဲမှာရှိမှ တန်ဖိုးရှိတာ။ မြေ ကြီးထဲက ဖော်ထုတ်လိုက်ရင် ဘာမှတန်ဖိုး ရှိမှာမဟုတ်ဘူးလို့ ရှင်းပြခဲ့ရတယ်။ ကျွန် တော်တို့လုပ်နေတာက ကိုယ်ကျိုးအတွက် မဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ ဒေသအကျိုးရှိ ဖို့အတွက် ဖော်ထုတ် ပေးနေတာပါ'' ဟု  Gread Strides(Myanmar)Co.;Ltd. မှ ဒါရိုက် တာ ဦးထွန်းသန့်က ပြောသည်။

ယင်းဆင်သင်္ချိုင်းဟု ယူဆရ သော နှစ်ပေါင်းငါးသန်းကျော်သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်းများတွေ့ရှိရာနေရာ အကျယ်အဝန်းသည် တောင်သုံးလုံးဝန်းရံ ထားပြီး တစ်မိုင်ပတ်လည်ခန့်ရှိကြောင်း သိရသည်။ ''အဖွဲ့မရောက်မီ သီတင်းတစ် ပတ်လောက်ကြိုရောက်နေတော့ ရွာသား တွေအပါအဝင် မြို့နယ်နဲ့ဒေသခံတွေက အဲဒါတွေကို ကောက်ယူ ထားကြတယ်။ ဒါကြောင့် လိုချင်တဲ့မှတ်တမ်းအထောက် အထားကို သိပ် အားမရဘူးဖြစ်သွားတယ်'' ဟု ရှာဖွေဖော် ထုတ်ရေးအဖွဲ့တွင် ပါဝင်သူ တစ်ဦးက ပြောသည်။



ဆင်ကျောက်ဖြစ်ရုပ်ကြွင်း အပိုင်းအစ

အဆိုပါတွေ့ရှိချက်သတင်းနှင့် ဓာတ်ပုံမှတ်တမ်းများကို နေပြည်တော်ရှိ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက် နှင့် စာကြည့်တိုက်များညွှန်ကြားမှု ဦးစီး ဌာနနှင့် တခြားလိုအပ်သည့်ဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ တင်ပြမည်ဖြစ် ကြောင်း သိရသည်။ ''ဖော်ထုတ်လို့ ဆင်အရိုးတွေချည်း ပဲ အချပ်လိုက်ထွက်လာရင်တော့ ဆင်သင်္ချိုင်းဖြစ်နိုင်ဖို့များတယ်။ ဆင်သင်္ချိုင်းဆိုတာ ကမ္ဘာမှာ အင်မတန်မှ ရှားပါတယ်။ ဆင်သင်္ချိုင်းတစ်ခု သတ်မှတ်ဖို့အတွက် အင်္ဂါရပ်တွေ အများကြီးလိုပါတယ်။ ဒါကို မြန်မာမှာ တွေ့တာမှန်ခဲ့ရင် နိုင်ငံဂုဏ်ရှိ မယ်။ အနည်းဆုံး မကွေးတိုင်းဒေသတော့ ဖွံ့ဖြိုးတိုးတက်လာမယ်။ ကျေးရွာတွေအ တွက် စည်ကားလာမယ်။ နောက်ဖွံ့ဖြိုး တိုးတက်အောင် ဟိုတယ်တွေဆောက်၊ တံတား တွေဆောက် လာမယ်။ ပြည်ပခရီးသွား တွေအတွက်လဲ တကယ့်ကို စိတ်ဝင်စား စရာဖြစ်လို့ဒေသလဲ ဖွံ့ဖြိုးလာနိုင်ပါတယ်။ ခရီးသွား လုပ်ငန်းအတွက်လဲ ဈေးကွက်သစ် တစ်ခုပေါ်ထွက်လာနိုင်ပါတယ်လို့ ယူဆ ရပါတယ်'' ဟု ဦးထွန်းသန့်က ပြောသည်။

ယခုအခါ အဆိုပါဆင်သင်္ချိုင်း ဟု ယူဆရသော နှစ်ပေါင်းငါးသန်းကျော် သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိရာနေရာကို ဒေသခံနယ်မြေတာဝန် ရှိသူများအား လုံခြုံရေးအတွက် တာဝန် ယူထားပြီး တွေ့ရှိချက်များကို သက်ဆိုင် ရာဝန်ကြီးဌာနများသို့ တင်ပြပြီးပါက နိုင်ငံတော်အဆင့် လေ့လာဖော်ထုတ်မှုများပြု လုပ်ပြီး ယင်းနေရာကို ဆင်သင်္ချိုင်းဟုတ် မဟုတ် အတည်ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်
http://feeds.feedburner.com/thithtoolwin/yIWV

ဒေါ်အောင်ဆန်းစုကြည်အား ယူနက်စကိုအဖွဲ့ကြီးက မက်ဒန်ဂျီဆင်းဆု လာရောက်ပေးအပ်မည်


ကုလသမဂ္ဂ  ယူနက်စကို အဖွဲ့ကြီးက ဒေါ်အောင်ဆန်းစုကြည်အား ယူနက်စကို-မက်ဒန်ဂျီဆင့် ဆုဖလား (Trophy Of the UNESCO-Madanjeet Singh Prize) ကိုချီးမြှင့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ ရုံးက သတင်း ထုတ်ပြန်သည်။ထိုဆုကို လာမည့်ဖေဖော်ဝါရီလ ၁၀-ရက်နေ့ နံနက်တွင် ယူနက်စကို ညွှန်ကြားရေးမှုးချုပ် ကိုယ်စား အမှုဆောင်ဒါရိုက်တာ မစ္စတာယူဟေးဟိုဆိုဟား က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်ပေးအပ်မည် ဖြစ်သည်။ထိုဆုသည် သည်းခံစိတ် ရှည်မှု၊ အကြမ်းမဖက်မှုများ မြှင့်တင်ခြင်းအတွက် ရည်ရွယ်၍ပေးအပ်သော ဆုဖြစ်ကြောင်း သိရသည်။ထိုဆုအား ယူနက်စကို ၏စေတနာရှင် သံတမန် အိန္ဒိယလူမျိုး ပန်ချီပညာရှင် စာရေးဆရာနှင့် သံတမန်ကြီး ဖြစ်သူ မစ္စတာ မန်ဒန်ဂျီဆင့်၏သူ့ဘ၀ တစ်လျောက်လုံး ငြိမ်းချမ်းရေးနှင့် စိတ်ရှည်သည်းခံနိုင်ရေး တို့အတွက် အစဉ်တစ်စိုက် စွန့်လွှတ် ကြိုးစားခဲ့ခြင်းတို့အပေါ် ရည်ရွယ်၍  ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် မဟတ္တမဂန္ဒီကြီး၏ ၁၂၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် ယင်းဆုကိုတီထွင်ခဲ့ခြင်းဖြစ်သည်။၁၉၉၆ မှစ၍ ထိုဆုကို ၂-နှစ်တစ်ကြိမ် ပေးအပ်ခဲ့ပြီး ဆုတန်ဖိုးမှာ ဒေါ်လာတစ်သိန်း ဖြစ်သည်။ ယခုအချိန်အထိဆုရရှိသူ လူပေါင်း(၈)ဦး ရရှိပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည်  ထိုဆုကို ၂၀၀၂ ခုနှစ်ကရရှိခဲ့ပြီး ယခုမှ ယူနက်စကို အဖွဲ့က ကိုယ်ထိလက် ရောက်ပေးအပ်ခြင်း ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းမ်

http://feeds.feedburner.com/thithtoolwin/yIWV

နိုင်ငံခြားငွေများအား ဖေဖော်ဝါရီလ ၉ ရက်နေ့မှစကာ ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်တွင် ရောင်းဝယ်နိုင်


ပြည်တွင်းရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းများ၊ တစ်ဦးချင်း နိုင်ငံခြားငွေစာရင်းပိုင်ရှင်များအနေဖြင့် မိမိတို့ စာရင်းတွင်ရှိသော နိုင်ငံခြားငွေများကို ဘဏ်စာရင်းပြောင်းနည်း (Account Transfer) ဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှစကာ ရောင်းဝယ်နိုင်ကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။
ရောင်းဝယ်ရာတွင် နိုင်ငံခြား ငွေရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ထုတ်ပေးထားသည့် ဘဏ် ၁၁ ခုဖြင့် ဆက်သွယ်ကာ ရောင်းဝယ်နိုင်မည်ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များအား သက်ဆိုင်ရာဘဏ်များတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ထုတ်ပေးထားသည့် ဘဏ် ၁၁ ခုမှာ သမ၀ါယမဘဏ်၊ မြ၀တီဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်၊ အင်းဝဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ ဧရာဝတီဘဏ်တို့ဖြစ်ကြောင်း သိရသည်။

''ဖေဖော်ဝါရီလ ၉ ရက်နေ့ကစပြီး ရောင်းဝယ်လို့ရပြီ။ အဓိကအချက်ကတော့ စာရင်းပြောင်းနည်းနဲ့ ရောင်းဝယ်တာပါ။ ကိုယ့်ဘဏ်စာရင်းမှာရှိတဲ့ နိုင်ငံခြားငွေကို Account Transfer နည်းနဲ့ ပြောင်းလဲရောင်းချတာပေါ့။Account အချင်းချင်းလွှဲရောင်းတာ။ လုပ်ငန်းရှင်တွေအတွက် ပိုပြီးလွယ်ကူသွားတဲ့သဘောပါ။ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရထားတဲ့ ဘယ်ဘဏ်မှာမဆို ရောင်းဝယ်လို့ရတယ်''ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်အား နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှစကာ လိုင်စင်ချထားပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ ယခုအခါ အဆိုပါဘဏ်များသည် ပြည် ပဘဏ်များနှင့် အဆက်အသွယ် ဘဏ်ထူထောင်ခြင်း၊ နိုင်ငံတကာသုံး ဘဏ်လုပ်ငန်းကွန်ရက် SWIFT စနစ်အတွင်းသို့ ၀င်ရောက်ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ခြင်း၊ နိုင်ငံခြားငွေဖြင့် သတ်မှတ်သည့် မတည်ငွေရင်းများကို ထည့်ဝင်ခြင်းနှင့် ၀န်ထမ်းများအား လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
EMG
http://feeds.feedburner.com/thithtoolwin/yIWV

လှိုင်သာယာအလုပ်သမားအရေး အိုင်အယ်အိုကို တင်ပြမည်



ရန်ကုန်၊ လှိုင်သာယာစက်မှုဇုန်ထဲက တိုင်ရီ ဖိနပ်စက်ရုံမှာ ၄ ရက် ဆက်တိုက် ဆန္ဒပြနေတဲ့ အလုပ်သမားတွေက သူတို့ရဲ့ နစ်နာမှုတွေကို ဥပဒေကြောင်းကနေ တောင်းဆိုသွားဖို့ စီစဉ်နေပါတယ်။
အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)၊ အစိုးရ တာဝန်ရှိသူတွေကို တင်ပြသွားမယ်လို့ ဆန္ဒပြ အလုပ်သမားတွေကို ကူညီပေးနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးက ပြောပါတယ်။
"နှစ်ဦးနှစ်ဖက် မနစ်နာအောင် ကျမတို့က ကြားထဲကနေ ဆောင်ရွက်ပေးတာပါ။ ကျမတို့က နှစ်ဦးနှစ်ဖက် နစ်နာတာမျိုး မဖြစ်စေချင်ဘူး။ အလုပ်ရှင်က အလုပ်သမားတွေ တောင်းဆိုတာကို လက်မခံဘူး၊ အလုပ်ရှင်က ဒီအတိုင်းပဲ တောင့်ခံထားမယ်ဆိုရင်  အလုပ် ပိတ်လိုက်ရလို့ရှိရင် အလုပ်ရှင်လည်း ထိခိုက်မယ်၊ အလုပ်သမားတွေလည်း ထိခိုက်မယ်။ အလုပ်သမားတွေက မိန်းကလေးတွေ ဖြစ်တဲ့အတွက် ဒီအလုပ်တွေ မရှိလို့ရှိရင် မိန်းကလေးတွေရဲ့ ဘဝလုံခြုံရေးက နိုင်ငံတော်အစိုးရမှာလည်း တာဝန်ရှိသလို ဒီစက်ရုံမှာလည်း တာဝန်ရှိတယ်လို့ ကျမတို့က ဆိုလိုထားတယ်လေ။
"အဲဒါကြောင့်မို့ ကျမတို့က ဒီအမျိုးသမီးတွေရဲ့  ဘဝလုံခြုံရေးပါ တွက်ပြီး ဥပဒေပညာရှင်ကို ခေါ်ပြီးတော့  အလုပ်သမားတွေဘက်က ဆွေးနွေးပေးဖို့ ဆုံးဖြတ်ချက် ချထားတာ။ မနက်ဖြန်ကနေ စပြီးတော့ တောင်းဆိုမှာ။ ကျမတို့ စာတွေလည်း တင်မယ်၊ လှိုင်သာယာ အလုပ်သမားရုံးတွေရော၊ နေပြည်တော် အလုပ်သမားဝန်ကြီးတွေအထိ စာတင်မယ်။ အိုင်အယ်လ်အိုကိုလည်း ကျမတို့ မိတ္တူပို့မယ်။"
အလုပ်သမားတွေ တောင်းဆိုနေတဲ့ အချက်တွေထဲမှာ တနာရီလုပ်ခကို ၂၅၀ ကျပ် ပေးဖို့၊ ၁ လလုံး ပျက်ရက်မရှိရင် ပေးတဲ့ ရက်မှန်ကြေး ၆,၀၀၀ ကျပ်ကို နှစ်ဆတိုးပေးဖို့၊ အလုပ်စည်းကမ်းတွေ တင်းကျပ်လွန်းတာတွေကို လျှော့ပေးဖို့ အချက်တွေ ပါဝင်ပါတယ်။
အခုအချိန်ထိ အလုပ်ရှင်ဘက်က တနာရီလုပ်ခကို နဂိုက ၇၅ ကျပ် ပေးနေတာကို ၁၀ ထပ်တိုးပေးနိုင်မယ်၊ ရက်မှန်ကြေး တလ ၆,၀၀၀ ကျပ်ပေး နေတာကိုလည်း နောက်ထပ် ၁၀၀၀ တိုးပေးမယ်လို့ လိုက်လျောမှုကို မလုံလောက်ဘူးလို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။
ဆန္ဒပြအလုပ်သမားတဦးက စက်ရုံက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေဟာ တင်းကျပ်လွန်းတယ်လို့ ပြောပါတယ်။
"စည်းကမ်းချတယ် ဆိုတာကလည်း မန်နေဂျာက ပြောတာပေါ့။ မြို့နယ် အလုပ်သမားရုံးရဲ့ ခွင့်ပြုချက်နဲ့ ချတာပါလို့ ပြောတာ။ အဲဒီလို အပေါ်ယံကြော ပြောရုံနဲ့မပြီးဘူး။ အမှန်တော့ ကော်သုတ်ရင်းနဲ့ ကော်တစက် ကျသွားတာ၊ ကော်တတုံးကျသွားရင် ဒဏ်ငွေ ၁ ထောင်ရိုက်တယ်။ အိမ်သာကို တနေ့ကို ၂ ကြိမ်တက်ရမယ်၊ ၃ ကြိမ်တက်ရမယ်။
တကြိမ်လောက်ပိုသွားရင် အဲဒီ့အတွက် ပိုက်ဆံဖြတ်တယ်။ တချို့ဆိုရင် ကိုယ်လည်း မတက်ဘဲ မသိဘဲ အဖြတ်ခံလိုက်ရတာ ရှိတယ်။ မနက် ၇ နာရီ ၂၀ ကနေ ၁၂ နာရီအထိ အလုပ်လုပ်ရတယ်။ ၁၂ နာရီ ၅၀ မှာ ပြန်ဆင်းတယ်။ ၅ နာရီဆိုရင် ဒါမနက်ပိုင်း အချိန် ပြီးသွားပြီ။ ၉ နာရီမှာ အချိန်ပို ခေါ်ရင် ၅ နာရီ ၂၅ ကနေ ၉ နာရီအထိ ဆင်းရတယ်။ ၉ နာရီ မခေါ်ဘူးဆိုရင် ၁၂ နာရီ ၅၀ ကနေ ည ၇ နာရီအထိ တောက်လျှောက် လုပ်ရတယ်။"
မနေ့က အလုပ်ရှင်ကိုယ်စားလှယ်က အလုပ်သမားတွေအနေနဲ့ တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်မ၀င်ရင် အလုပ်ဖြုတ်မယ်လို့ နှုတ်နဲ့ သတိပေးထားပြီး ဒီနေ့မှာတော့ စာကပ်ထားတာကို အလုပ်သမားတွေက မကျေနပ်တဲ့အတွက် ဆွဲစုတ်ခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဒီနေ့ အလုပ်သမားတွေက ၄ ရက်မြောက်အဖြစ် ဆက်လက် ဆန္ဒပြနေပေမယ့် အလုပ်ရှင်ဘက်က လာရောက် ဖြေရှင်းတာမရှိဘဲ အစိုးရ အာဏာပိုင်တွေလို့ ယူဆရသူတွေက ဆန္ဒပြအလုပ်သမားတွေကို ဓာတ်ပုံရိုက်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
လှိုင်သာယာစက်မှုဇုန် ၃ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေ အခုလို ၄ ရက်ဆက်တိုက်  ဆန္ဒပြနေတဲ့အချိန်မှာ ဇုန် ၄ ထဲက (နယူးဝေး – new way) ဖိနပ်စက်ရုံမှာလည်း အလုပ်သမားတွေ လုပ်အားခတိုးပေးဖို့  ဒီနေ့ကစပြီး ဆန္ဒပြနေတယ်လို့ သိရပါတယ်။ 
ဒီဗွီဘီ
http://feeds.feedburner.com/thithtoolwin/yIWV

အန်အယ်လ်ဒီ မျိုးဆက်လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အန်အယ်ဒီလူငယ် မျိုးဆက်သစ်၊ မျိုးဆက်ဟောင်းတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ အဖွဲ့ချုပ် ဗဟိုလူငယ်အဖွဲ့မှ ကိုမြတ်ကျော်ကျော်က

ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ- ဒီဗွီဘီ)
"အန်တီက လူငယ်တွေ အခုလို ပြန်ဆုံပြီးတော့ အင်အားအပြည့်နဲ့ တွေ့ရတာကို သူ့အနေနဲ့ ကြိုဆိုတယ်ပေါ့။ အခုအချိန်က အောင်နိုင်ရေးကာလ ဖြစ်တဲ့အတွက် ဗဟိုမှာ လုပ်ငန်းအဖွဲ့တွေကို အကုန်ဖွဲ့သေးတာ မဟုတ်တဲ့အတွက် အောင်နိုင်ရေးကို ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ ကျနော်တို့ကို ပြောသွားပါတယ်။  အဲ့အတွက် ကျနော်တို့ တက်လာတဲ့ လူငယ်အားလုံးကလည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဗဟိုက လူငယ်အထောက်ကူပြုအဖွဲ့ကို အဆင့်အသီးသီးကနေ တိုင်းနဲ့ပါ ချိတ်ဆက်ပြီးတော့ အားလုံး ဝိုင်းဝန်းပံ့ပိုးပြီး အလုပ်လုပ်သွားဖို့ ဆုံးဖြတ်ကြပါတယ်" လို့ ပြောပါတယ်။
အန်အယ်လ်ဒီမျိုးဆက်သစ် လူငယ်တွေ့ဆုံပွဲကို ရန်ကုန်တိုင်းလူငယ် အထောက်အကူပြု အဖွဲ့ဝင်များ၊ တိုင်းနဲ့ပြည်နယ် အသီးသီးက လူငယ် ကိုယ်စားလှယ်တွေ အပါအ၀င် လူ ၂၀၀ ကျော် တတ်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
မြို့နယ်အသီးသီးမှာလည်း လူငယ်အဖွဲ့တွေ အားကောင်းကောင်းနဲ့ ပေါ်လာဖို့ကိုလည်း လူငယ်မျိုးဆက်သစ် မျိုးဆက်ဟောင်း တွေ့ဆုံပွဲမှာ ဆွေးနွေးကြတယ်လို့ ဆက်ပြောပါတယ်။
"ကျနော်တို့ မြို့နယ်တွေမှာ လူငယ်လုပ်ငန်းတွေကို အရင်  ၁၉၉၀တုန်းကလို အားကောင်းကောင်းနဲ့ ပေါ်လာအောင် ဝိုင်းပြီးတော့ အကြံပြုကြတာ လုပ်ကြတာ ပေါ့နော်။  အဓိက ကတော့ အောင်နိုင်ရေးမှာ လူငယ်တွေ အပြည့်အဝ ပါဝင်လှုပ်ရှားဖို့ ဝိုင်းပြီးတော့ ဆွေးနွေးကြပါတယ်။ ရှိနေတဲ့ အောင်နိုင်ရေးအဖွဲ့ကို ကူဖို့။ ထပ်ပြီးတော့ ဖွဲ့ဖို့တော့ ကျနော်တို့မှာ အစီအစဉ် မရှိပါဘူး။"
အကျဉ်းထောင်တွေကနေ လွတ်မြောက်လာတဲ့ ၂၀၀၇ ကျောင်းသားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။
လွတ်မြောက်လာတဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးက ကျောင်းဝင်ခွင့် လက်မခံတဲ့အတွက် သွားရောက် တွေ့ရတာလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ကိုဒီငြိမ်းလင်းက ပြောပါတယ်။
"အဓိကကတော့ ကျနော်တို့ ပညာရေးကဏ္ဍနဲ့ ပတ်သက်ပြီးတော့ တွေ့တာပါ။ ကျနော်တို့တတွေ အခု အကျဉ်းထောင်အသီးသီးကနေ ပြန်လည် လွတ်မြောက်လာပြီးတော့ ကျောင်းပြန်တက်ခွင့် မရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြောကြ ဆိုကြ ဆွေးနွေးကြတာပါ။ ကျနော်ရယ် စည်သူမောင်၊ ရဲမင်းဦး၊ ရဲမြတ်ဟိန်း၊ အောင်အောင်ကျော်၊ မနွဲ့နှင်းရီတို့ ပါ ပါတယ်။"
ကျောင်းပြန်တက်ခွင့် မရတာနဲ့ပတ်သက်လို့လည်း ကိုဒီငြိမ်းလင်းက "ကျောင်းအပ်တာ မရတာ မဟုတ်ဘူး။ ကျနော်တို့ကို ကျောင်းက လက်ကို မခံတာဗျ။ ကျောင်းတက်ဖို့ကို ကျနော်တို့ကို လက်မခံတာ။ ကျနော်တို့တွေ ထောင်ထဲကနေ ထွက်ပြီးကတည်းက သက်ဆိုင်ရာ ကျောင်းအသီးသီးက ပါမောက္ခချုပ်တွေကို စာတွေတင်တယ်၊ ကျောင်းတက်ဖို့ စာတွေတင်တယ်။ ဒါပေမယ့် သူတို့ဘက်က အကြောင်းတစုံတရာ ပြန်ကြားမှု မရှိဘူး။ လက်ခံတယ် လက်မခံဘူးဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်မရှိဘူး။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ၂၇ ရက်နေ့က စတင်တယ်။
၂၀၁၂ ခုနှစ် လွတ်လွတ်ချင်းတော့ ကျနော်တို့ ကျောင်းသွားတယ်။ အကျိုးအကြောင်းတွေ မေးကြည့်တယ်။ သူတို့က စာတင်ပါပြောတော့ ကျနော်တို့ စာတင်ပေးတယ်။ သို့သော်လည်း အကြောင်းအကျိုးပြန်ကြားခြင်း မရှိသေးပါဘူး အခုအချိန်အထိပါပဲ။ လက်ခံတယ် လက်မခံဘူးဆိုတာကို လုံးဝအကြောင်းပြန်ကြားခြင်း မရှိဘူး" လို့ ပြောပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲမှာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးအတွက်လည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
ကိုဒီငြိမ်းလင်းဟာ ၂၀၀၇ ဗကသများအဖွဲ့ချုပ်မှာ ပါဝင်ခဲ့တဲ့အတွက် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရပြီးမှ ဇန်န၀ါရီ ၁၃ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့သူလည်း ဖြစ်ပါတယ်။ 
ဒီဗွီဘီ
http://feeds.feedburner.com/thithtoolwin/yIWV

မိလ္လာကန်အတွင်း ဆင်းရာမှ လူ ၄ ဦးသေဆုံး


မကွေးတိုင်း ပွင့်ဖြူ မြို့နယ်ရှိ လယ်မကျေးရွာ၌ ရေဆိုးထုတ်ရန် မိလ္လာ ကန်အတွင်း ဆင်းသူ ၄ ဦး သေဆုံးမှု တခု ဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီ ၇ ရက်နေ့က လွန်ခဲ့သော ၁၀ ခန့်ကတည်းက အသုံးပြုခဲ့သည့် ယင်းမိလ္လာကန်အတွင်းသို့ အိမ်ရှင် ဦးတင်ငွေ ဆိုသူနှင့် အဖော် ၅ ဦး ဆင်းသက်ခဲ့ရာ ကန်အတွင်းရှိ ပြင်းထန်သော အနံ့ဆိုးများကြောင့် အောက်ဆီဂျင်ပြတ်လပ်၍ ဦးတင်ငွေ အပါအ၀င် ၄ ဦး သေဆုံးပြီး ကျန်၂ ဦးမှာ ဆေးကုသမှု ဆက်လက် ခံယူနေရဆဲ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြ သည်။ 

မိလ္လာကန်ထွက် ဘိုင်ဂက်စ်မှာ ပြင်းထန်သော အဆိပ် ဓာတ်ငွေ့ဖြစ်သည်ဟုလည်း ဆိုသည်။

http://feeds.feedburner.com/thithtoolwin/yIWV

ဧရာဝတီတိုင်း ဒေသကြီးအတွင်း နိုင်ငံတော် အရန်ဆန်အတွက် ကျပ်သိန်းပေါင်း ၃၉၀၀၀ကျော်ဖိုး စပါးဝယ်ယူမည်


4456
ဧရာဝတီတိုင်း ဒေသကြီးအတွင်း မှ နိုင်ငံတော်အရန်ဆန် အတွက် ၀ယ်ယူရန် ဧည့်မထ စပါးတင်းတစ်ရာလျှင် ၄၆ပေါင်ကိုက်ဖြင့် တင်းတစ်ရာလျှင်ကျပ် ၃၃၀၀၀၀ နှုန်းဖြင့် ငွေကြေး ပမာဏ ကျပ်သိန်းပေါင်း ၃၉၅၀၀ ဖိုး ၀ယ်ယူသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အရန်ဆန် ၀ယ်ယူရေးကော်မတီ ညွှန်ကြားချက်ဖြင့် ယခုကဲ့သို့ဝယ်ယူခြင်းဖြစ်ပြီး စပါးစိုက်တောင်သူများထံမှသာ အဓိကထားဝယ်ယူရန် ညွှန်ကြားထားကြောင်း သိရသည်။
"ကျွန်တော်တို့ဆီမှာ စပါးဈေး က တစ်နေ့နဲ့တစ်နေ့ တစ်ရွာနဲ့တစ်ရွာတောင် မတူဘူး။ သုံးသိန်းဝန်းကျင် လောက်မှာပဲရှိတယ်။ တချို့နေရာတွေမှာဆို နှစ်ဆယ့်ခြောက်လောက် အထိပဲရှိတယ်။ ချိန်တွယ်ဝယ်ယူ တဲ့ ပေါင်ကတော့ ရောင်းသူနဲ့ဝယ်သူ ကျေနပ်တဲ့ပေါင်ပဲ ဆိုပါတော့ အများ ဆုံးဝယ်တာကတော့ ၄၈ ပေါင် ၅၀ ပေါင်ဝန်းကျင်ထိရှိတယ်။ အဆိုးဆုံး ကတော့ စပါးဝယ်လက်ပျက်နေတာပဲ အ၀ယ်မရှိတော့ တောင်သူတွေ အတွက် အခက်အခဲတွေ အများကြီးရှိတာပေါ့"ဟု သာပေါင်းမြို့နယ် သမရိုးကျေးရွာမှ စပါးစိုက်တောင်သူ တစ်ဦးက ပြောပြသည်။
ယင်းကဲ့သို့ စပါးများဝယ်ယူရာ တွင် ဧည့်မထအုပ်စုမှ နှစ်ဆယ့်ငါး မှတ်အဆင့်မီစပါးများကိုသာဝယ်ယူ သွားရန်ဖြစ်ပြီး အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ၊ အစိုဓာတ်၊ မျိုးကွဲ၊ ဆန်နီ၊ ဆန်ကျိုးမပါဝင်သော စပါးများကို အဓိကရွေးချယ် ၀ယ်ယူမည်ဟု သိရသည်။ အကယ်၍ အရည်အချင်းမပြည့်မီသော စပါးများ ရှိလာပါက သက်ဆိုင်ရာဝယ်ယူရေး ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ပေါင်ပိုချိန်တွယ် ၀ယ်ယူမည်ဟု သိရသည်။
စပါးဝယ်ယူရာတွင်လည်း စပါးကုန်သည်၊ စပါးပွဲစား၊ ဆန်စက်ပိုင် ရှင်များထံမှ ၀ယ်ယူရန်မဟုတ်ဘဲ စပါးစိုက် တောင်သူများထံမှသာ ၀ယ်ယူရန်ဖြစ်သည်ဟု ဆိုသည်။ စပါး ၀ယ်ယူရေးကို ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ၀ယ်ယူသွားမည်ဖြစ်ပြီး မြို့နယ်အဆင့် ၆ ဦးမှ ၁၁ ဦး အထိ ၀ယ်ယူရေး ကော်မတီဖွဲ့၍ ၀ယ်ယူသွားမည်ဟုလည်း သိရသည်။
"တကယ်တော့ တောင်သူတွေ အတွက် စပါးဈေးက လေးသိန်းဈေးလောက်မှ လည်ပတ်ရုံလောက်ရှိတာပါ။ အဆင်ပြေတဲ့ အခြေအနေမျိုး မဟုတ်သေးဘူး။ ဒါပေမယ့် စပါးဈေး  က အရမ်းကျနေပြီး အရောင်းအ၀ယ်နည်းပါးတော့ တောင်သူတွေကို စာနာတဲ့အတွက် အခုလိုဈေးတစ်ခုဖွင့်ပြီး ၀ယ်ယူတာပါ။ ဒီအပေါ်မှာလည်း ၀ယ်ယူမယ့် ကော်မတီတွေအနေနဲ့ ကော တောင်သူတွေဘက်ကကော မရိုးဖြောင့်တာမျိုးတွေ မလုပ်သင့်ဘူး။ အခက်အခဲတွေကို လူမှုရေးစိတ်ထားနဲ့ ကူညီဖြေရှင်းပေးရင် ပိုအဆင်ပြေတယ်"ဟု တိုင်းဆန်စပါး ရောင်းဝယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
EMG
http://feeds.feedburner.com/thithtoolwin/yIWV

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ ဆုံဆွေးနွေး


 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးတို့ ယနေ့ညနေ ၆ နာရီ ၂၀ မိနစ် ဝန်းကျင်က တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
http://feeds.feedburner.com/thithtoolwin/yIWV

ရွှေဘိုတွင် ကြံနှင့်ပဲစင်းငုံများ အထွက်နှုန်း နည်းပါးသည့်အပြင် ဈေးနှုန်းပါလျော့ကျ


ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တစ်ဝိုက်တွင် အဓိကစိုက်ပျိုးသည့် ကြံနှင့်ပဲစင်းငုံသီးနှံများ အထွက်နှုန်းနည်းပါးခဲ့ပြီး ဈေးနှုန်းလျော့ကျနေကြောင်း သတင်းရရှိသည်။
ကြံအထွက်နှုန်းမှာ ယခင်နှစ် များအောက် ထက်ဝက်ခန့်လျော့ကျ ခဲ့ပြီးဈေးနှုန်းမှာလည်း ယခင်နှစ်များ နှင့်ယှဉ်လျင် များစွာလျော့နည်းခဲ့ ကြောင်း သိရသည်။ ယခင်နှစ်တွင် ကြံတစ်ပိဿာ ကျပ် ၈၀၀ ၀န်းကျင်ခန့် ရှိခဲ့ရာမှ ယခုနှစ်တွင် ကြံတစ်ပိဿာဈေး ကျပ် ၄၀၀ ၀န်းကျင်ခန့်အထိ ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။
''ကျွန်တော်တို့ဘက်မှာတော့ ကြံရယ်၊ ပဲစင်းငုံရယ်ကို အဓိကထား စိုက်ကြပါတယ်။ ဒီနှစ်အနေနဲ့ကတော့ နှစ်ခုလုံး အထွက်နှုန်းရော၊ဈေးနှုန်းပါ သိသိသာသာ လျော့ကျသွားတယ်။ မနှစ်က ရာသီသိမ်းချိန်မှာ  ကြံစိုက်တာကနေ ကျပ်သိန်းနှစ်ဆယ်ဝန်းကျင် ရတယ်။ ဒီနှစ်ငါးသိန်းသာသာပဲ ရတော့တယ်။ ဒါတောင်တန်ချိန်နဲ့ ရောင်းလိုက်ရလို့။ ပိဿာနဲ့ဆို ဈေးမကိုက်ဘူး။ ကြံတစ်တန်ဈေးက ကျပ် ၃၁၈၀၀ ရပါတယ်''ဟု ခင်ဦးမြို့နယ် အုန်းပင်ကုန်းရွာဒေသခံ တောင်သူတစ်ဦးက ရှင်းပြသည်။
EMG
http://feeds.feedburner.com/thithtoolwin/yIWV

ရင်မောစရာ Valentine's Day



နိုင်ငံခြားအသံလွှင့်ဌာနတစ်ခုက ကျွန်တော့်ကို လှမ်းဆက်သွယ်ပြီး မေးမြန်းပါရစေလို့ ခွင့်တောင်းလာပါတယ်။ မေးလိုတဲ့အကြောင်းအရာကတော့ Valentine's Dayလို့ ခေါ်တဲ့ ချစ်သူများနေ့နဲ့ ပတ်သက်လို့ပါတဲ့။

ပြောချင်နေတာကြာပြီဖြစ်တာမို့ ပြောဖြစ်ခဲ့ပေမယ့် လက်တန်းပြောတာမို့ အချက်အလက်အပြည့်အစုံ ပါမသွားဘူး။ အချိန်ကလည်းတိုတာကိုး။ ဒါနဲ့ကျွန်တော့်ရဲ့ မန္တလေးအက်(ဖ်)အယ်(မ်)က ရေဒီယိုအစီအစဉ်မှာ တင်ဆက်ဖို့ရည်ရွယ်ပြီး စာမူရေးဖြစ်ခဲ့ပါတယ်။ အဲဒီ့စာမူလေးကိုပဲ ရေဒီယိုနားမထောင်ဖြစ်သူ ဂျာနယ်ပရိသတ်များအတွက် အနည်းငယ်တည်းဖြတ် တင်ဆက်ပေးပါရစေလားခင်ဗျာ။

ပထမဆုံးက အဲဒီ့ Valentine's Day ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာ အရင်တင်ပြချင်ပါတယ်။ ခရစ်ယာန်အာဇာနည်တွေထဲမှာဆိုတဲ့ ဗှယ်လင်ထိုင်းနာမည်နဲ့ သူတွေ မရေမတွက်နိုင်အောင် များပြားလှတယ်။ အဲဒီ့ထဲကမှ ဒဏ္ဍာရီလာ ဗှယ်လင် ထိုင်းဘွဲ့ ခံသူတော်စင်တစ်ပါးကတော့ စစ်တပ်ကို ချဲ့ထွင်ချင်တာမို့ အရွယ်ရောက်သူ အမျိုးသားတွေကို အိမ်ထောင်ပြုခွင့် ပိတ်ပင်ထားတဲ့ ရောမ ဧကရာဇ် ဒုတိယမြောက် ခလောဒစ်ယပ်(စ်)ရဲ့အမိန့်ကို ဖီဆန်ပြီး လူငယ်လေးတွေကို လျို့ဝှက်လက်ထပ်ပေးခဲ့ဖူးတယ်လို့ အဆိုရှိပါတယ်။ ဒါကို ဘုရင်ကြီးသိသွားတော့ သူ့ကိုဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချထား လိုက်ပါတော့တယ်။ ဒါကသိပ်မခိုင်လုံလှတဲ့ ပါးစပ်ရာဇ၀င်ပါ။သူ့ထက် နည်းနည်းလေးပိုခိုင်လုံတဲ့ ဒဏ္ဍာရီမှာကျတော့ ဘုရင် ခလောဒစ်ယပ်(စ်)က ဘုန်းတော်ကြီး ဗှယ်လင်ထိုင်းကို ခရစ်ယာန်ဘာသာဝင်ဖြစ်လို့မို့ တရားစွဲဆိုပြီး ကိုယ်တော်တိုင် အမှုစစ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ အမှုစစ်ရင်းက ဘုန်းတော်ကြီးကို ဘုရင်ကအထင်ကြီးသွားပြီး Paganism လို့ ခရစ် ယာန်ဘာသာဝင်တွေကခေါ်တဲ့ ဗာဟီရ၀ါဒကို ကူးပြောင်းမယ်ဆိုရင်ဖြင့် အသက်ကိုချမ်းသာပေးမယ်လို့ ကမ်းလှမ်းခဲ့ပါသတဲ့။ ဘုန်းတော်ကြီး ဗှယ်လင်ထိုင်းက အဲလိုကမ်းလှမ်းတာကို ငြင်းပယ်ပြီး ဘုရင်ကိုသာ ခရစ်ယာန်ဘာသာပြောင်းဖို့ တိုက်တွန်းပါတယ်။ ဒါနဲ့ပဲနောက် ဆုံးမှာသူ့ကိုဘုရင်က ကွပ်မျက်လိုက်ပါတယ်။ မကွယ်လွန်ခင်မှာ ဘုန်းတော်ကြီးဗှယ်လင်ထိုင်းဟာ ထောင်မှူးရဲ့သမီးလေး မျက်စိကွယ်နေတာကို သူ့တန်ခိုးနဲ့စက္ခုနှစ်ကွင်း အလင်းရအောင် ကုသပေးခဲ့ပါသေးသတဲ့။
အဲဒါကိုပဲ သမိုင်းအခြေခံ တစ်စက်မှမပါတဲ့ စီးပွားရေးသမားများက ၀ါးဖြန့်လိုက်တဲ့အခါ ဇာတ်က နည်းနည်းပိုနာသွားတယ်။ အဲဒီ့ ဘုန်းကြီး ဗှယ်လင်ထိုင်းကို မကွပ်မျက်ခင် ညဦးပိုင်းမှာသူက သူချစ်တဲ့ မိန်းကလေးလို့ လည်းဆိုရဲ့၊ တချို့ကလည်း သူနဲ့ခင်သွားပြီး သူကပဲ မျက်စိမြင်အောင်ကုပေးခဲ့တဲ့ ထောင်မှူးရဲ့သမီးလေးလို့လည်း ဆိုရဲ့၊ တချို့ကလည်း အဲဒီ့နှစ်ယောက်စလုံးပါလို့ ပြောကြရဲ့၊ အဲ... အဲဒီ့မိန်းကလေးတွေဆီကို ကမ္ဘာ့ပထမဆုံး ဗှယ်လင်ထိုင်းကတ်ပြားလေးကို ဘုန်းတော်ကြီးက စရေးခဲ့တာဖြစ်သွားတယ်။ သေခါနီးမှာ တမ်းစာလေးပေါ့ခင်ဗျာ။ စာရဲ့အဆုံးမှာတော့ မင့်ရဲ့ဗှယ်လင်ထိုင်းထံမှ၊ အင်္ဂလိပ်လိုတော့ From your Valentine ပေါ့၊ အဲလိုလေး ရေးထားပါသတဲ့။ ဘာသမိုင်းအထောက်အထားမှ မရှိဘဲ လိုရာတွေးကာ ချဲ့လိုက်ကြတာပါ။

၁၈ ရာစု ကုန်လုနီး သုံးနှစ်အလို ၁၇၉၇ ခုနှစ်မှာတော့ ဗြိတိသျှ ထုတ်ဝေသူတစ်ယောက်က ကိုယ်တိုင်အချစ်ကဗျာမရေးတတ်ကြသူ လူငယ်အမျိုးသားများအတွက် ခံစားချက်ကဗျာတွေ အပြည့်ပါတဲ့စာအုပ် တစ်အုပ်ကို ကိုလူပျိုရဲ့ Valentine  စာရေးဆရာ (The Young Man's Valentine Writer)ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ဝေခဲ့ပါတယ်။ သည်မှာတင် တခြားထုတ်ဝေသူတွေကလည်း အချစ်ကဗျာတွေ၊ သရုပ်ဖော်ပုံတွေနဲ့ ကတ်ပြားတွေ ရိုက်နှိပ်ထုတ်ဝေကြပါတော့တယ်။
နှစ်ဆယ်ရာစုရဲ့ ဒုတိယတစ်ဝက်ကာလမှာတော့ ကတ်ပြားတွေ အပြန်အလှန် ပေးပို့ကြရာကနေ တခြားလက်ဆောင်တွေပါ ပေးပို့ကြတဲ့ အလေ့အထက အမေရိကန်နိုင်ငံမှာ တွင်ကျယ်လာပါတော့တယ်။ အဓိကကတော့ နှင်းဆီပန်းတွေ၊ အသည်းပုံအနီရောင်ဖဲသားဘူးနဲ့ ထည့်ထားတဲ့ ချောကလက်တွေ ပို့ကြ၊ ပေးကြတာပါ။ ဘယ်သူက ဘယ်လိုထွင်လိုက်တယ်ဆိုတာ အထူးပြောစရာတောင် လိုမယ်မထင်ပါဘူး။ ၁၉၈၀ ပြည့် လွန်နှစ်တွေမှာတော့ စိန်အရောင်း အ၀ယ်လုပ်ငန်းရှင်တွေကလည်း လာဘ်မြင်လာပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ချစ်သူတွေအချင်းချင်း စိန်ရွှေ ရတနာတွေပေးတဲ့ အလေ့အထလေးပါတွင် ကျယ်လာအောင် လုပ်ကြပါတော့တယ်။ ဈေးသည်ဆိုတာကတော့ သူပစ္စည်းတွေများများ အစွံထုတ်နိုင်ဖို့ နည်းလမ်းရှာရတာပေါ့ခင်ဗျာ။ သည်လောက်ဆိုရင် ချစ်သူများနေ့လို့ အတော်လေး တွင်ကျယ်နေတဲ့ ဖေဖော်ဝါရီလ ၁၄ ရက် Valentine's Day ရဲ့ ရာဇ၀င်အကျဉ်းကို မှန်းဆနိုင်ကြပြီ ထင်ပါတယ်ခင်ဗျာ။ အဲဒီ့နေ့ဟာ ခရစ်ယာန်တို့ရဲ့ ဘာသာရေး အထွတ်အမြတ် ပွဲတော်နေ့တစ်ခုမဟုတ်တာမို့ ရုံးပိတ်ရက်၊ အားရက်၊ နားရက်အဖြစ် ဘယ်ခရစ်ယာန် နိုင်ငံကမှ သတ်မှတ်ပေးမထားပါဘူး။ ခရစ်တော်ဖွားတဲ့ ခရစ္စမတ်လို၊ ခရစ်တော် ရှင်ပြန်ထမြောက်ခြင်း အထိမ်းအမှတ် အီစတာပွဲတော်လို မျိုးကျင်းပကြတာ မဟုတ်ဘဲ စီးပွားရေးသမားများရဲ့ ဈေးကွက်ချဲ့ထွင်လိုမှုကြောင့် ပေါ်ပေါက်လာတဲ့ နေ့တစ်နေ့သာ ဖြစ်ပါတယ်။
စီးပွားရေးသမားတွေရဲ့ ကျေးဇူးကြောင့် အင်္ဂလန်နဲ့ အမေရိကန်မှာ စတင်ခဲ့တဲ့ အဲဒီ့အလေ့အထဟာ စင်ကာပူနိုင်ငံသားတွေ၊ ဂျပန်တွေ၊ တရုတ်တွေ၊ တောင်ကိုးရီးယားလူမျိုးတွေကြားမှာလည်း ကျွန်တော်တို့ထက်တောင် စောပြီး တွင်ကျယ်ခဲ့ပါတယ်။ အဲဒီ့က လူငယ်လူရွယ်တွေဟာလည်း ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ လက်ဆောင်အတွက် ပိုက်ဆံတွေနင်းကန် အကုန်ခံကြပေတာပဲပေါ့။

ဆင်ခြင်တုံတရားလေးရှေ့ထားပြီးတခြားမွန်မြတ်တဲ့ နည်း တစ်နည်းနည်း၊ ကိုယ်ချစ်တဲ့ခင်တဲ့သူနဲ့ တစ်ဘ၀တာလက်တွဲကြရေးမှာ ပိုမိုတင့်တယ်သာယာစေမယ့် နည်းတစ်နည်းနည်းကို ကိုယ်ပိုင်ဥာဏ်ကလေးများနဲ့ ကြံဆဆင်နွှဲသွားမယ်ဆိုရင် ...

ကျွန်တော်တို့ဆီမှာတွင် ကျယ်လာတာကတော့ ဈေးကွက်စီးပွားရေး စတင်ခါစကာလက မြို့ပြတွေမှာ အပြိုင်းအရိုင်း ပေါ်ထွန်းလာတဲ့ ဟိုတယ်တွေနဲ့ ညဘက်ကပွဲ ခန်းမတွေက စလိုက်တာပဲလို့ ယူဆရပါတယ်။ ဟိုတယ်တွေကလည်း သူတို့ရဲ့ ချောကလက်တွေ ရောင်းကောင်းရေး၊ ညဘက်ကပွဲခန်းမတွေကလည်း သူတို့ခန်းမတွေမှာ လူစည်ရေးအတွက် သည်နေ့ကို မြန်မာတွေကြားမှာ မိတ်ဆက်လိုက်တဲ့အခါ ဇစ်မြစ်ကို ဂဃနဏ မသိသော်ငြား အများညီရင် ဤကို ကျွဲဖတ်ဖို့ ၀န်မလေးတဲ့ အထုံဝါသနာနဲ့ လူအများက အလွယ်တကူ နားယောင်သွားပြီးသည်နေ့ကို တခမ်းတနား လုပ်လာကြတော့တာပဲလို့ မြင်မိရပါတယ်။ မြန်မာရာဇ၀င်မှာလည်း နတ်ရှင်နောင်နဲ့ ရာဇဓာတုကလျာ၊ ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာ၊ သုဓနုနဲ့ ဒွေးမယ်နော် အစရှိသဖြင့် အချစ်သူရဲ ကောင်းတွေ တစ်ပုံတစ်ပင်ရှိခဲ့ပေမယ့် အမှတ်အသားကောင်းတဲ့ အနောက်တိုင်း ရာဇ၀င်လိုနေ့စွဲ၊ ရက်စွဲနဲ့ အတိအကျ မဟုတ်လေတော့ကာ မြန်မာလူငယ်တို့အတွက် ရက်သတ်ဆင်နွှဲစရာ ချစ်သူများနေ့က မယ်မယ်ရရ မရှိဘူး။ ဒါကို အခွင့်ကောင်းယူတတ်တဲ့ စီးပွားရေးသမားတွေက ရောမဒဏ္ဍာရီထဲက ယုံတမ်းစကား ပလီပလာကို တင်သွင်းလာလိုက်တဲ့အခါမှာတော့ နားယောင်လွယ်သူများကြားမှာ ရေပန်းတွေ တအားစားကုန်တော့တာပါပဲ။
အဓိကကတော့ ဆင်ခြင်တုံတရားလို့ပဲ မြင်မိပါတယ်။ ဆင်ခြင်တုံတရားရှိမယ်ဆိုရင် သည်နေ့ဟာ ဘာနေ့လဲ၊ ဘယ်လိုကြောင့် ပေါ်လာရတာလဲဆိုတာ စူးစမ်းကြဖို့ သိပ်ကောင်းလှပါတယ်။ အနောက်တိုင်းကဟာမို့ ပစ်ပယ်ရမယ်၊ အရှေ့တိုင်း ကသာ ပိုမြတ်တယ်ဆိုတဲ့ ခပ်ကြောင်ကြောင် အတွေးအခေါ်မျိုးနဲ့ ပြောတာမျိုးမဟုတ်ပါဘူး။ ကမ္ဘာကြီးဟာ ရွာတစ်ရွာလို အရှေ့နဲ့ အနောက်၊ တောင်နဲ့မြောက် လွယ်လင့်တကူ ကူးလူးဆက်ဆံလာနိုင်တဲ့ ကနေ့လို ကာလမျိုးမှာ ယဉ်ကျေးမှုတွေ အပြန် အလှန် ကူးလူးယှက်နွယ်နေတဲ့ ရေစီးကိုလည်း ဘယ်သူမှ တားဆီးလို့ မရစကောင်းပါဘူး။

ကတာ၊ ခုန်တာ၊ ဆိုတာ၊ တီးတာ၊ ၀တ်စားဆင်ယင်တာလို၊ စာပေ၊ အနုသုခုမသဘင်လိုယဉ်ကျေးမှုတွေ ကူးလူးယှက်နွယ်နေတာ အင်မတန်မှ ချစ်စရာ၊ နှစ်လိုစရာကောင်းပါတယ်။ လူသားတိုင်းရဲ့ မူလအခြေခံ အခွင့်အရေးဖြစ်တဲ့ လွတ် လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကြောင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ တခြားဘာသာဝင် အသီးသီးရဲ့ ဘာသာရေးပွဲတော်တွေဟာလည်း ပျော်စရာ၊ ကြည်နူးစရာပွဲတော် များသာဖြစ်တာမို့ တရုတ်နှစ်သစ်ကူးဆိုလည်း တရုတ်နှစ်သစ်ကူး အလျောက်၊ ခရစ္စမတ်ဆိုလည်း ခရစ္စမတ်အလျောက်၊ အစ္စလာမ်တို့ရဲ့ အစ်ပွဲတော်ဆိုလည်း အစ်ပွဲတော်အလျောက် ကျွန်တော်တို့မြန်မာတွေလည်း တစ်နည်းတစ်ဖုံ ပါဝင်ဆင်နွှဲ ပျော်ပွဲဆင်နေကြတာကို သဘောမတူစရာ အကြောင်းမရှိပါဘူး။

သည်ချစ်သူများနေ့ကတော့ဗျာ၊ ကျွန်တော့်စိတ်ထဲတယ်လည်း ဘ၀င်မကျမိဘူး။ မကြာသေးခင်ကမှ အလားတူတွင်ကျယ်လာတဲ့ အမေနေ့၊ အဖေနေ့ဆိုတာများလိုပဲ ခံစားရပါတယ်။ အမေ၊ အဖေကို တစ်နှစ်မှာ ၃၆၄ ရက်လုံးလုံး ဂရုမစိုက်၊ ပစ်ပယ်ထားပြီး အမေနေ့၊ အဖေနေ့ကျတော့မှ သတိတရနဲ့ သွားကန်တော့မယ်ဆိုရင် ဘယ်အမေ၊ ဘယ်အဖေက ကြည်နူးနိုင်ပါလိမ့် မလဲနော်လို့ ပြောရင် ကျွန်တော်က ခွကျတယ်ဖြစ်ဦးမယ်။
ဒါပေမယ့် သေချာစဉ်းစား ကြည့်တော်မူပါခင်ဗျာ။ အမေနေ့ကျမှ အမေ့ကိုကန်တော့၊ အဖေနေ့ကျမှ အဖေ့ကို ကန်တော့မယ့်အစား မိခင်၊ ဖခင်များ အသက်ရှင်နေခိုက်၊ သူတို့အတွက် လူ့လောကကြီးမှာ နေရမယ့်ရက် နည်းသထက်နည်းလာခိုက်မှာ နေ့တိုင်းမတတ်နိုင်ဘူး ဆိုရင်တောင် တစ်လတစ်ကြိမ်၊ နှစ်ကြိမ်၊သုံး၊လေးကြိမ်သတိလေးထားပြီး သူတို့ကြိုက်တတ်တဲ့ စားစရာလေးနဲ့ဖြစ်ဖြစ်၊ စားစရာမတတ်နိုင်ရင်တောင် သူတို့နားမှာနေပြီး သူတို့ပြောတဲ့ စကားလေးတွေကို အဖန်ဖန်ကြားပြီးဖြစ်သည့်တိုင် စိတ်ရှည်လက်ရှည် နားထောင်ပေးတဲ့ နည်းလေးနဲ့ဖြစ်ဖြစ် အလုပ်အကျွေးပြုဖြစ်ကြတာက ပိုမကောင်းပေဘူးလားခင်ဗျာ။ ချစ်သူများနေ့ဆိုတာလည်း အလားတူပါပဲ။ ချိန်တန်ရွယ်ရောက် လူလားမြောက်လာတဲ့အခါမှာ တခြားတစ်မိသားအပေါ် ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးတဲ့ စိတ်ဆိုတာ ပေါ်ပေါက်လာစမြဲပါပဲ။ အဲဒီ့ကမှ အိမ်ရာထူထောင်ကြရမယ်၊ ဘ၀ကို အတူယှဉ်တွဲ ရုန်းကန်ဖြတ်ကျော်ကြရပါမယ်။
ဆင်ခြင်တုံတရားလေး ရှေ့ထားပြီး မောင်တို့မယ်တို့သာ ဥာဏ်ကလေးနဲ့ ချစ်ကြမယ်ဆိုရင် ချစ်သူများနေ့က အထူးလိုအပ်စရာ ဘာအကြောင်းမှမရှိပါဘူး။ သည်နေ့ကျတော့မှ ချစ်နေပြီး ကျန်တဲ့နေ့ တွေကျရင် တစ်ယောက်ကိုတစ်ယောက် မကြည့်ချင်။ မမြင်ချင် အောင်ဖြစ်နေကြမှာမှ မဟုတ်တာပဲလေ။ အဲတော့သည်နေ့ကို ဆင်နွှဲမယ်ဆိုလည်း လူငယ်လူရွယ်တို့ ဘာသာ ဘာဝအများနဲ့ညီမှ ခေတ်မီမယ်ဆိုတဲ့အတွေးနဲ့ ဆင်နွှဲတာကို မတားချင်ပါဘူး။ ဒါပေမယ့် ဆင် ခြင်တုံတရားလေး ရှေ့ထားပြီး တခြားမွန်မြတ်တဲ့ နည်းတစ်နည်းနည်း၊ ကိုယ်ချစ်တဲ့ခင်တဲ့သူနဲ့ တစ်ဘ၀တာ လက်တွဲကြရေးမှာ ပိုမိုတင့်တယ်သာယာစေမယ့် နည်းတစ်နည်းနည်းကို ကိုယ်ပိုင်ဥာဏ်ကလေးများနဲ့ ကြံဆဆင်နွှဲသွားမယ်ဆိုရင် စီးပွားရေးသမားတွေရဲ့ သားကောင် ဘ၀က လွတ်မြောက်သွားနိုင်မှာလည်း မလွဲပါဘူးခင်ဗျား။
အဲ... သည်ကြားထဲမှာ သည်နေ့အတွက် အင်မတန်ထူးခြားတဲ့ အချက်အလက်သစ်တစ်ခုကိုလည်း သည်နှစ်မှာမှ ကြားရမြင်လိုက်ရ ပြန်ပါသေးတယ်။ ကျွန်တော့်ကို မေးသွားတဲ့ နိုင်ငံခြား အသံလွှင့်ဌာနက မေးခွန်းထဲမှာပါလာလို့ စတင်သတိထားမိခဲ့သလို အင်တာနက်ပေါ်က မြန်မာတို့ရဲ့ လူမှုရေးကွန်ရက်ပေါ်မှာလည်းပဲ သည်အချက်ကို ဖျတ်ခနဲတွေ့လိုက်မိပါတယ်။ အဲဒါကတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ မြို့ကြီးများပေါ်က တည်းခိုခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေမှာ နေရာမရလောက်အောင်တောင် ပြည့်နှက်နေတယ်ဆိုတဲ့ သတင်းမဟာပါပဲ။ စီးပွားရေးသမားတွေရဲ့ လက်ချက်ကြောင့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး ကွပ်မျက်ခံရတဲ့နေ့ကနေ ချစ်သူများနေ့ရယ်လို့ ဖြစ်လာ၊ မြန်မာပြည်ကို ရောက်လာတော့ တချို့သော ယောက်ျားပျိုလေးများရဲ့ အသွင်ပြောင်းမှုကြောင့် ချစ်သူများနေ့ကနေ သွေးသားကိစ္စနေ့ အဖြစ် ပြောင်းသွားပါပေါ့လားလို့ ရင်မောစွာတွေးလိုက်မိရပါတယ်။ အဲဒီ့နေ့မှာ အကာအကွယ်မဲ့ ချစ်တင်းနှောကြမယ့်သူက အများသားဆိုတာလည်း တွေးမိသွားရ ပြန်တာမို့ ချစ်သူများနေ့ဟာ သွေးသားကိစ္စနေ့မှသည် HIV ပိုး အပါအ၀င် လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါများ ပြန့်ပွားရေး နေ့တစ်နေ့အဖြစ် ပြောင်းလဲသွားနိုင်တာကို မြင်လာရင်း စိတ်မောသွားမိပါတယ်။
အချစ်ကို ကိုးကွယ်လိုကြတဲ့၊ နှာခေါင်းမပါရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ ခေတ်အဆက်ဆက် အပြောခံခဲ့ကြရတဲ့ သမီးငယ်လေးများ သတိထားသင့်တဲ့နေ့လို့တောင်မှ သည်နေ့ကို ပြောင်းလဲ ခေါ်ဝေါ်သင့်ကြပြီ ထင်ပါတယ်။ သည်လောက်ဆိုရင် ကျွန်တော်တို့ ကိုးကွယ်ရာ ဘာသာနဲ့ လည်း ဘယ်လိုမှမသက်ဆိုင်၊ ရိုးရာဓလေ့ထုံးတမ်းလည်း မဟုတ်သလို သက်ဆိုင်တဲ့ ခရစ်ယာန် ဘာသာဝင်တွေရဲ့ တကယ့်နေ့ထူး နေ့မြတ်အစစ်လည်း မဟုတ်ဘဲ စီးပွားရေးသမားများရဲ့ ထွင်လုံးကြောင့် ကမ္ဘာမှာ တွင်ကျယ်လာနေတဲ့ ဖေဖော်ဝါရီလ ၁၄ ရက် ချစ်သူများနေ့ဆိုတာရဲ့ သဘောသဘာဝ အစစ်အမှန်ကို မှန်းဆနိုင်ကြပြီလို့ မျှော်လင့်မိရပါတယ်ခင်ဗျား။ အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ။

Written by အတ္တကျော်   
(၀၂၀၂၁၂)စာညွှန်း
Encyclopedia Britannica, 2007http://en.wikipedia.org/wiki/Valentine's_Day





ကျုပ်အကြောင်း

"ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း.. ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ်။

ငါအခါတစ်သိန်း သေခဲ့ရင်တောင်၊ အခါတစ်သန်း မြန်မာပြည်မှာပဲ လူပြန်ဖြစ်ရပါစေလို၏။"

နယ်ချဲ့ဘုရင်ခံချုပ်ကို မြန်မာပြည်က ထွက်သွားဖို့ ပထမဆုံးရဲရဲတောက် စိမ်ခေါ်ပြောဆိုသူဟာ ဆရာတော် ဦးဥတ္တမပဲဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း
(ဦးဥတ္တမအတ္ထုပ္ပတ္တိ)

ဆရာတော်ဦးဥတ္တမသည် မြန်မာတမျိုးသားလုံး၏ ကျေးဇူးရှင်ကြီးဟုလည်းကောင်း၊ ကိုလိုနီဆန့်ကျင်ရေးတပ်ဦး၏ အကြီးအမှူး စစ်သူကြီးဟုလည်းကောင်း၊ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်ဟုလည်းကောင်း၊ မျိုးချစ်အာဇာနည် မြန်မာ့သားကောင်းသားမြတ် တဦးအဖြစ်လည်းကောင်း၊ ထည့်သွင်းအသိအမှတ်ပြု မော်ကွန်းရေးထိုးခဲ့ပါသည်။

သခင်လွင်
(ဦးဥတ္တမလက်ရွေးစင်)

မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုကို တိုက်ရည်ခိုက်ရည် သွင်းပေးလိုက်တဲ့ ပုဂ္ဂိုလ်မှာ ဆရာတော်ဦးဥတ္တမပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်
(ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး)
ဗမာ့ရေးရာ

National Coalition Government of the Union of Burma
National Council of the Union of Burma
Global Action for Burma (GAB)
Free Burma Federation
Democratic Party for a New Society
All Burma Students’ Democratic Front
All Burma Federation of Student Unions
Assistance Association for Political Prisoners (Burma)
Driving for Burma
Ethnic Nationalities Council
FORUM FOR DEMOCRACY IN BURMA
Women's League of Burma
Association of United Nationalities in Japan
Shan Human Right Group
Burma Lawyers' Council
The Best Manure
Students and Youth Congress of Burma
National League for Democracy/Liberated Area
International Burmese Monks Organization
Canadian Friends of Burma
သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ
ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီ
University Students Union
ဓနုအမျိုးသားကောင်စီ
ရှမ်းပြည်လူငယ်ဒီမိုကရက်တစ်အင်အားစုများ
See Burma
Generation-Wave
ဗမာ့ရေးရာအင်အားစု


ကိုထိုက်
ကိုဈာန်
ကိုမော်
ကိုမောင်ရင်
ကိုလူလှ
ကိုရုပ်ဆိုး
ကိုဖိုးဇေ
ကောင်းကင်ကို
ကဒေါင်းညင်သာ
ကေသွယ်
ခင်မင်းဇော်
ခွာညို
ဂျစ်တူး
ဂင်ကြီး
ငြိမ်းဝေ
ငြိမ်ချမ်းအောင်
စိုးဝှက်
စိုင်းဝဏ္ဏ
ဆောင်းယွန်းလ
ဇာဂနာ
ညိမ်းညို
ညိုကြီး
ဒေါက်တာလွဏ်းဆွေ
ဒေါင်းမာန်ဟုန်
ဒီရေ
သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ
ရွှေဝါရောင်တော်လှန်ရေး
ရှမ်းပြည်လူ့အခွင့်အရေးအဖွဲ့
ရန်အောင်
ရွက်မွန်
ရဲရင့်ငယ်
ရွှေဥသြ
ရနံ့မပြယ်မယ့် အဆုံးမဲ့ကမ္ဘာ
သစ်ခက်သံလွင်
သစ်ကောင်းအိမ်
ပြည်ထောင်စု လူ့အခွင့်အရေးကောင်စီ
ပထီးပကော်
ဖိုးတရုတ်
မာယာ
မဇ္ဈိမ
မိုးမခ
မိုးချိုသင်း
မိုးသီးဇွန်
မေငြိမ်း
မသဒ္ဒါ
မေဓာဝီ
မောင်လှ
မျိုးမြင့်အောင်
မာန်လှိုင်းငယ်
ထားဝယ်သား
နစ်နေမန်း
နှင်းခါးမိုး
ယောဟန်အောင်
လင်းလက်ကြယ်စင်
လူဆိုးစာရင်း...
သမိုင်းထဲကရက်စွဲများ
ဟင်းလင်းပြင်
ဓမ္မနဲ့ အဓမ္မ
နယ်ခြားမဲ့ မြန်မာဘလော့ဂါများ
မြန်မာစစ်အုပ်စုအား စောင့်ကြည့်သူများအဖွဲ့ 
အာဏာရှင်ကို တော်လှန်ခြင်း
အောင်သာငယ်
အောင်စေရာပြည်
အရှင်မေတ္တာစာရ
အိမ်ချမ်းမြေ့
အိပ်မက်အိမ်
အောင်မိုးဝင်း
အန်ဒါမန်ဟီးရိုး


ဘီဘီစီ
ဗွီအိုအေ
လွတ်လပ်သည့် အာရှအသံ
ဒီမိုကရက်တစ် မြန်မာ့အသံ
မိုးမခ
မြန်မာ့လူမျိုးစု မြန်မာ့အသံ
ပြည်ထောင်စုအသံ


ဟံသာဝတီ
ခေတ်ပြိုင်
ဧရာဝတီ
မဇ္ဈိမ
ဒီမိုကရက်တစ် မြန်မာ့အသံ
ဗွီအိုအေ
ရိုးမ ၃
မိုးမခ
ယနေ့မြန်မာ
နေ့သစ်
အမ်အိတ်ခ်ျကေ (NHK)
ခါကာဘိုရာဇီ (မိုးကြိုး သတင်းစာ)
ဟစ်တိုင်
နေရဉ္ဖရာ
အာဟာရစာစောင် (ဂျပန်)
မိုးသောက်ကြယ် (ဂျပန်)
သံလွင်အိပ်မက်
ငုရင်ပြင်
နိုင်ငံတကာ မြန်မာသတင်း စာမျက်နှာများ
AP
AFP
Emergency Burma Relief


www.chanmyay.org
www.prayforburma.org
www.myanmarchristian.net
www.myittawardiparahita.com
www.burmesebible.com/hymn
www.dhammadana.org
www.myanmarbible.net
www.myanmarbible.com


www.burmacampaign.org.uk
www.uscampaignforburma.org
www.cfob.org
www.burmafund.org
www.burma.no
www.gabforburma.info


www.encburma.org
www.kwekalu.net
www.knla.meabs.com
www.kachinland.org
www.kachinnews.com
www.monnews-imna.com
www.rakhapura.com
www.shanland.org
www.chinland.org
www.ndf-burma.org
www.sycb.info


www.prospectburma.org
www.soros.org
www.studentscenter.info
www.ex-rit.org/rit.asp
www.acu.edu.au
www.abfsu.net
www.nationmaster.com
www.ibiblio.org
www.ejcanadacollege.com
www.encburma.org


www.mhyawlintchin.blogspot.com
www.myanmarhealthcare.com
www.myanmarmedicine.com
www.drwinthein.co.cc www.health.ngoinmyanmar.org


www.myanmarmp3.net
www.mm-fg.net
www.pansagar.com
www.nyakabyar.com
www.myanmarmusic.homeip.net
www.shwedream.com
www.freemyanmarvcd.com
www.burmeseclassic.com
www.khayanpyareinmet.com
www.myanmarworld.com
www.apytz.com


Collections
Faxtoon
Myanmar Massacre

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
counter